ကမ္ဘာကျော် လက်ဝှေ့သမားပက်ကွီအို ဖိလစ်ပိုင်ဆင်းရဲသားများအားနေအိမ်သစ်များ လှူဒါန်း

ကမ္ဘာကျော် လက်ဝှေ့သမားပက်ကွီအို ဖိလစ်ပိုင်ဆင်းရဲသားများအားနေအိမ်သစ်များ လှူဒါန်း - Property News in Myanmar from iMyanmarHouse.com
4 Nov 2016 10:33 am တွင် တင်ခဲ့သည်
4190 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ဖိလစ်ပိုင် လက်ဝှေ့သမားမန်နီပက်ကွီအိုသည် ဆင်းရဲသားများအားနေအိမ်သစ်များ လှူဒါန်းခဲ့ကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပက်ကွီအိုသည် လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြိုင်ဘက်အပေါ် ငဲ့ညှာထောက်ထားခြင်းမရှိသော်လည်း ကြိုးဝိုင်းအပြင်ဘက်တွင် သူသည် ဖခင်တစ်ဦးဖြစ်၏။
ခင်ပွန်းတစ်ဦးဖြစ်၏။ သားတစ်ဦးဖြစ်၏။ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်၏။ ထို့အပြင် ပေးကမ်းရက်ရောသောဒါနရှင်တစ်ဦးလည်း ဖြစ်လေသည်။

သူ၏ မိသားစှုမှာဆင်းရဲလှသောကြောင့် ပက်ကွီနိုမှာအထက်တန်းပညာပင် ပြီးဆုံးအောင် မတက်ရရှာချေ။
အသက် ၁၅ နှစ်အရွယ်တွင် ပက်ကွီနိုသည် မိသားစုနှင့် မနေရတော့။
ယင်းကာလများကားသူ့အတွက် အလွန်ခက်ခဲကြမ်းတမ်းသောကာလများပင် ဖြစ်သည်။
မနီလာ၏ အန္တရာယ်ပြွမ်းသောလမ်းမများပေါ်တွင် နားခိုရန်နှင့် အစားအသောက်ရရန် ပက်ကွီနိုရဲရင့်ကြမ်းတမ်းစွာရှင်သန်ခဲ့ရသည်။

နောက်ဆုံးတွင် လက်ဝှေ့ကိုလိုက်စားရန် ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်းအပျော်တမ်းအဆင့်မှ ကမ္ဘာ့ဂန္ထ၀င်လက်ဝှေ့ကျော်တစ်ဦး ဖြစ်လာသည်အထိ သူ၏ဘ၀မှာ ပြောင်းလဲသွားခဲ့သည်။
လက်ဝှေ့ကြိုးဝိုင်းများပေါ်သို့ သူတက်ခဲ့၏။

အော်စကာဒီလာဟိုယာ၊ ဂျူအန် မန်ညူရယ် မားကွက်ဇ်၊ တင်မသီဘရက်ဒလေနှင့် ဖလွိုက် မေ၀ဲသာတို့ကဲ့သို့ လက်ဝှေ့ဘီလူးကြီးများနှင့် ရင်ဆိုင်ရသည်။
ပက်ကွီအိုသည် မေ၀ဲသာနှင့် ယှဉ်ပြိုင်ထိုးသတ်အပြီးတွင် သူ၏မဲဆန္ဒနယ်တွင် နေအိမ်သစ်ပေါင်း ၁၀၀၀ ဆောက်လုပ်လှူဒါန်းခဲ့သည်။
နေအိမ်သစ်များဆောက်လုပ်လှူဒါန်းသည့်နေရာသည် ဖိလစ်ပိုင်တွင် အဆင်းရဲဆုံးဒေသ ဖြစ်လေသည်။
ပက်ကွီအို၏ ယခုလှူဒါန်းမှုမှာပထမဆုံးအကြိမ်မဟုတ်ချေ။

ပက်ကွီအိုသည် သူတည်ထောင်ထားသောဖောင်ဒေးရှင်းအတွက် ဆေးရုံတက်စရိတ် ကုန်ကျလက်မှတ်များအတွက် တစ်နေ့လျှင် ချက်လက်မှတ် အစောင် ၅၀ ခန့် လက်မှတ်ထိုးပေးရလေ့ရှိသည်ဟုဆိုသည်။
ထို့အပြင် ပညာတော်သင်ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ပေးလျက်ရှိပြီး ငွေရေးကြေးရေးအပါအ၀င် အကူအညီအမျိုးမျိုးလိုအပ်သူများအတွက် သူ၏ နေအိမ်တံခါးကိုအမြဲဖွင့်ထားသည်ဟုလည်းဆိုသည်။

ပက်ကွီအို၏ ကစားသမားဘ၀တွင် ၅၈ ပွဲနိုင်၊ ၆ ပွဲရှုံး၊ ၂ ပွဲသရေရလဒ်များရရှိထားသည်။
သူသည် မတူညီသည့် ၀ိတ်တန်း ၈ ခုတွင် ဆုတံဆိပ်များဆွတ်ခူးခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော လက်ဝှေ့သမား ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service