ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးဆွေးနွေးလျက်ရှိရာမရေရာသည့် အနာဂတ်အလားအလာများကြောင့် ဗြိတိန်အိမ်ခြံမြေဈေးနှုန်းများ ၂၀၁၉ ခုနှစ်အထိဈေးကွက်ငြိမ်နေမည်

ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးဆွေးနွေးလျက်ရှိရာမရေရာသည့် အနာဂတ်အလားအလာများကြောင့် ဗြိတိန်အိမ်ခြံမြေဈေးနှုန်းများ ၂၀၁၉ ခုနှစ်အထိဈေးကွက်ငြိမ်နေမည် - Property News in Myanmar from iMyanmarHouse.com
3 Nov 2016 10:36 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ နှုတ်ထွက်ရေးဆွေးနွေးလျက်ရှိရာမရေရာသည့် အနာဂတ်အလားအလာများကြောင့် အိမ်ခြံမြေဈေးနှုန်းများ ၂၀၁၉ ခုနှစ်အထိဈေးကွက်ငြိမ်နေဦးမည်ဖြစ်သည်ဟုလန်ဒန်အခြေစိုက် အိမ်ခြံမြေသတင်းတစ်ရပ်တွင် ဖော်ပြသည်။

လာမည့် ၂၀၁၉ ခုနှစ်တိုင်အောင် အိမ်ခြံမြေဈေးနှုန်းများ ငြိမ်သက်လျက်ရှိဦးမည့်အပြင် အသစ်ဆောက်လုပ်သောနေအိမ်ပမာဏမှာလည်းနည်းပါးလျက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတကာအိမ်ခြံမြေကုမ္ပဏီJLL က ဟောကိန်းထုတ်လိုက်ခြင်း ဖြစ်သည်။
ဗြိတိန်အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈ တွင် ၁ ရာခိုင်နှုန်း၊ ၂၀၁၉ တွင် ၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ သို့အရောက်တွင် ၄ ရာခိုင်နှုန်းခန့်သာ မြင့်တက်ဖွယ်ရှိသည်ဟုJLL ကခန့်မှန်းထားသည်။

လန်ဒန်ရှိတန်ဖိုးကြီးလူနေအိမ်များမှာမူ ၂၀၁၉ ခုနှစ်တွင် ၃ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိသည်။
ဝေလပြည်နယ်၊ အင်္ဂလန် အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင်မူဈေးနှုန်းမြင့်တက်မှု အနည်းဆုံးဖြစ်ဖွယ်ရှိသည်။
ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်သည့်ဖြစ်စဉ်အတွင်းမရေရာမှုများကြောင့် လာမည့် ၂၀၁၇ ခုနှစ်တွင် အိမ်ခြံမြေအရောင်းအ၀ယ် ၁၇ ရာခိုင်နှုန်းခန့်အထိကျဆင်းသွားဖွယ်ရှိကြောင်းလည်းခန့်မှန်းထားသည်။

လာမည့်နှစ်အတွင်းအိမ်ခြံမြေအရောင်းအ၀ယ်ပေါင်း ၁၃၄၀၀၀ ခန့် ဖြစ်ပေါ်ဖွယ်ရှိမည်ဟုခန့်မှန်းထားရာ ၂၀၁၅ ခုနှစ်အတွင်းက ၁၄၆၀၀၀ အရောင်းအ၀ယ်ဖြစ်ပေါ်ခဲ့မှုနှင့် နှိုင်းယှဉ်လျှင် များစွာကျဆင်းသွားခြင်းလည်း ဖြစ်သည်။
ထို့အပြင် ဥရောပသမဂ္ဂမှ နှုတ်ထွက်မှုဖြစ်စဉ်ကြောင့် လာမည့်နှစ် နောက်ဆုံး ၃ လပတ်ကာလ ၂ ခုအတွင်းနေအိမ်ဆောက်လုပ်မှုများများစွာကျဆင်းသွားဖွယ်ရှိကြောင်းလည်းJLLမှ အကြီးအကဲဖြစ်သူနီးလ် ချက်ဂ်ဝစ်ဒန်က ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service