တရုတ်​-ဖိလစ်​ပိုင်​ချစ်​ကြည်​မှု​နောက်​ကွယ်​မှ တရုတ်​အိမ်​ခြံ​မြေလုပ်​ငန်းရှင်

တရုတ်​-ဖိလစ်​ပိုင်​ချစ်​ကြည်​မှု​နောက်​ကွယ်​မှ တရုတ်​အိမ်​ခြံ​မြေလုပ်​ငန်းရှင် - Property News in Myanmar from iMyanmarHouse.com
2 Nov 2016 10:01 am တွင် တင်ခဲ့သည်
1445 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အရှေ့တောင်ပိုင်းကမ်းရိုးတန်းပြည်နယ် ဖူကျန့်မှာ ဆင်းရဲနွမ်းပါးတဲ့ မိသားစု ၁ ခုကနေ မွေးဖွားလာတဲ့ တရုတ်ဘီလျံနာ ဟွမ်ရူလွိန်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အသေးစားစီးပွားရေးလုပ်ငန်းရှင် ၁ ဦးပါ။ ဖိလစ်​ပိုင်​ မြို့တော်မနီလာရှိ တရုတ်တန်း Binondo မှာ ၅ နှစ်လောက် နေခဲ့ပြီးတဲ့နောက် သူ့ရဲ့ အမိနိုင်ငံကို ပြန်ကာ ဆောက်လုပ်ရေးကုမ္ပဏီ ၁ ခုကို တည်ထောင်ပါတော့တယ်။

အခုအခါမှာ ၀န်ထမ်း ၂၀,၀၀၀ ကျော်နဲ့ အောင်မြင်နေတဲ့ တရုတ်ပုဂ္ဂလိကအိမ်ခြံမြေ development (မြေယာဝယ်ယူအိမ်ခန်းဆောက်လုပ်ရောင်းချ)ကုမ္ပဏီ Century Golden Resources Group ဖြစ်လို့နေပါပြီ။ သူ့ကုမ္ပဏီဟာ အခုဆို ပေကျင်းရှိ အဓိက Century City ဥယျာဉ်မြို့တော်အပါအ၀င် ကြယ်ငါးပွင့်အဆင့်ဟိုတယ် အလုံး ၂၀ နဲ့ ရှော့ပင်းမော ၁၀ ခုကို ပိုင်ဆိုင်ပါတယ်။ ၀င်ငွေအားဖြင့် နောက်ဆုံးရရှိထားတဲ့ အချက်အလက်အရ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၅ ဘီလျံနီးပါး ၀င်ငွေရှိခဲ့ပါတယ်။

ဟွမ်ဟာ မွေးရပ်မြေ ဖူကျန့်ပြည်နယ်မှာ နိုင်ငံရေးအဆက်အသွယ် ကျယ်ကျယ်ပြန့်ပြန့်ရှိပေမဲ့လည်း ပေကျင်းမှာတော့ မကျယ်ပြန့်သေးဘူးလို့ သူ့ကို ကောင်းကောင်းသိတဲ့ စီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ် ၁ ဦးက ပြောပါတယ်။

သူက ဒီအချက်ကို ဖိလစ်ပိုင်ကိစ္စနဲ့ ပြောင်းလဲလိုပုံရပါတယ်။ ဖိလစ်ပိုင်မှာ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေး ဗဟိုဌာနကြီး ၂ ခုကို ငွေကြေး ပံ့ပိုးပေးပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ တမုဟုတ်ချင်းကို ရင်းနှီးပစ်လိုက်ပါတော့တယ်။ ဖိလစ်ပိုင်မှာကလည်း မူးယစ်ဆေးစွဲသူဦးရေဟာ ၇၀၀,၀၀၀ ခန့် ရှိပေမဲ့ ဆေးဖြတ်တဲ့ဌာနတွေကတော့ အရမ်းကို နည်းနေပါတယ်။

ပြီးခဲ့တဲ့လက ဒူတာတေးရဲ့ တရုတ်ခရီးစဉ်အဆုံးမှာ ပေကျင်းရှိ Grand Hyattt ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒူတာတေးနဲ့ ဟွမ်တို့ဟာ ဒူတာတေးက အမေရိကန်နဲ့ လမ်းခွဲလိုကြောင်း၊ သူ့နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒလမ်းကြောင်းကို အမေရိကန်ဘက်ကနေ တရုတ်ဘက်
ကို ပြောင်းလဲလိုကြောင်း တရုတ်ခရီးစဉ်အတွင်းမှာပဲ ကြေညာပြီးနောက်တစ်နေ့မှာ ​တွေ့ဆုံခဲ့ကြတာလည်းဖြစ်​ပါတယ်​။ ဒူတာတေးကလည်း အဲ့ဒီအချိန်ကစပြီး တရုတ်နဲ့ ဆက်ဆံရေးခိုင်မာစေမှုနဲ့ ပိုပြီးလွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ဖို့ ကြိုးပမ်းလာပါတော့တယ်။

ဒူတာ​တေးဘက်​က ကြည့်​ရင်​ ဟွမ်​ဟာ ၂ နိုင်ငံဆက်ဆံရေး တိုးမြင့်စေဖို့ အဓိကကျတဲ့ အခန်းကဏ္ဌက စီးပွားရေးလုပ်ငန်းရှင် ၁ ဦးဖြစ်နိုင်ပါတယ်။

ဟွမ်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဒူတာတေးက သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ ဟွမ်နဲ့ တွေ့ဆုံဆွေးနွေးလိုက်ရတာကြောင့် ပိုပြီးပြည့်စုံသွားတယ်လို့ ပြောခဲ့တယ်လို့ Century Golden ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်ဟာ ဟွမ်လိုမျိုး မိတ်ဆွေတွေ လိုအပ်တယ်လို့ ဒူတာတေးက ပြောခဲ့သေးတယ်လို့လည်း ပါရှိပါတယ်။

ဒူတာတေးအတွက် ဟွမ်ရဲ့ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးဗဟိုဌာနတွေကို ပံ့ပိုးပေးမှုဟာ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ယှဉ်ရင် ဆီနဲ့ရေ၊ နံသာဆီနဲ့အီးလို ဖြစ်နေပါတယ်။ သေဆုံးသူ ၂,၃၀၀ ကျော်နေပြီဖြစ်တဲ့ ဒူတာတေးရဲ့ မူးယစ်အကြမ်းဖက်တိုက်ဖျက်မှုစစ်ပွဲကို အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေ၊ အနောက်အဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။

ဒူတာတေးက "တရုတ်ဟာ ကြွားဝါခြင်းမရှိဘဲ အကူအညီပေးပါတယ်။ ဒါဟာ သင့်မိတ်ဆွေကို သင်ဘယ်လို ဆက်ဆံတယ်ဆိုတာပြတာပါပဲ။ အပြစ်ဖော်ဆုံးမ မနေဘူးလေ" လို့လည်း မိန့်ခွန်း ၁ ခုမှာ ပြောကြားခဲ့ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service