အိမ်ခြံမြေဈေးကွက်ထဲ ဝယ်သူရော စုံစမ်းသူပါ ပြုံဆင်းလာ

အိမ်ခြံမြေဈေးကွက်ထဲ ဝယ်သူရော စုံစမ်းသူပါ ပြုံဆင်းလာ - Property News in Myanmar from iMyanmarHouse.com
31 Oct 2016 10:10 am တွင် တင်ခဲ့သည်
4332 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်ထဲမှာ သည်လပိုင်းအတွင်းဝယ်သူရော၊ ဈေးစုံစမ်းသူတွေပါ မြို့နေရာစုံနီးပါးဈေးကွက်ထဲပြုံဆင်းလာကြတယ်လို့ အကျိုးဆောင် တချို့ဆီကသိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် အေးနေခဲ့တာကြာပေမဲ့ သည်ရက်ပိုင်းအတွင်း ဈေးကွက်ထဲ လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာတယ်။ အခုလိုဈေးကွက်ပြန်စိတ်ဝင်စားလာတာက ရင်းနှီးမြှုပ်နှံပြီး ဈေးကစားနေတဲ့ ရွှေ၊ ဒေါ်လာ၊ ကားဈေးကွက်တွေက သည်ရက် ပိုင်းတွေမှာဈေးကွက် အပြောင်းအလဲများတာကြောင့် အိမ်ခြံမြေဘက်ကိုပြန်လှည့်လာတဲ့ သဘောရှိတယ်လို့ အကျိုးဆောင်တချို့က ဆိုပါတယ်။

ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က စတော့ခ်အိတ်ချိန်းတို့ ရွှေ၊ ဒေါ်လာ၊ ကားဈေးကွက် တွေကလဲ ထင်သလောက်မဖြစ်တော့ ဒီဘက်ကိုပြန်လှည့်လာတဲ့သဘောပါ၊ ဝယ်သူတွေ လဲရှိလာသလို ဈေးကွက်စုံစမ်းသူတွေက နေရာစုံမှာများလာတယ်၊ အရင်ကတည်းက အိမ်ခြံမြေဈေးကွက် က ဈေးကွက်ငြိမ်နေတာပဲရှိတာ၊ ဈေးကျတာမျိုးမရှိဘဲရပ်တည် နေခဲ့တာ၊ အခုလဲ ဈေးကွက်ကပြန်လှုပ်လာမယ့် အခြေအနေတွေရှိတယ်လို့ ပြောပါတယ်။

ဈေးကွက်ပြန်ပြီး အသက်ဝင်လာတယ်ဆိုပေမဲ့ ဈေးနှုန်းတက်တာမျိုး၊ဈေးကစားကြတာမျိုး တော့မရှိပါဘူး။ ပုံမှန်အတိုင်းလေးပဲ   ဈေးကွက်ပြန်လှုပ်လာတာ။ အရင်ကလိုဈေးတွေ တက်ပြီး ဈေးကစားကြတဲ့ဈေးကွက် အမျိုးအစား က နောက်ပိုင်းမှာဖြစ်နိုင်ခြေနည်းသွားပြီလို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးအောင်ကျော်က ‘ဈေးကွက်ကအရင်တုန်းကနဲ့ ယှဉ်ပြောရင်အေးနေဆဲပဲပြောရမှာပေါ့၊ အေးနေခဲ့တဲ့ဈေးကွက် ချင်းယဉ်ပြောမှပဲအခု ရက်ပိုင်း ဈေးကွက်ပြန်ဖြစ်လာတယ်ပြောလို့ရမယ်၊အရင်ကတည်းက အရောင်းအဝယ်မရှိ လို့ ဈေးကျလာတဲ့ ဈေးကွက်မှမဟုတ်ဘဲ ပုံစံပြောင်ပြီးအငှားဘက်လှည့်သွားတာပဲရှိတာ၊ အရင်လို မြို့သစ်တွေချည်းမဟုတ်ဘဲ မြို့တွင်းပိုင်းတွေမှာပါ နေရာလေးတွေအရောင်း အဝယ်ရှိပြီး စုံစမ်းမှုလေးတွေ ရှိလာတာကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်လို့ ဈေးကွက်အခြေအနေကို ပြောပါတယ်။

လက်ရှိမှာ ဝါတွင်းကာလဖြစ်နေပေမဲ့ ပွင့်လင်းရာသီက အိမ်ခြံမြေဈေးကွက်ရာသီဖြစ်တာ ကြောင့် ဈေးကွက်ပြန်လည်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အေးနေသေး တယ်ဆိုတာက ဈေးနှုန်းအဆမတန်မြင့်ခဲ့ တာကြောင့်ရယ်၊ အစိုးရအပြောင်းအလဲ၊ မူဝါဒ  အပြောင်းအလဲနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့စတဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာတွေကြောင့်ဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်ထဲမှာ အရောင်းကသာအေးနေ တာဖြစ်ပြီး အငှားဈေးကွက်ဦးဆောင်နေခဲ့တာကာလကြာပြီဖြစ်တယ် လို့လည်း သိရပါတယ်။

ဈေးကွက်ထဲမှာအမေးများလာတာက တိုက်ခန်းတွေထက်မြေကွက်တွေများတယ်။ တိုက်ခန်းတွေက မြို့တွင်းပိုင်းတွေလောက်သာ အမေးများတာလို့ ပြောပါတယ်။ ဝယ်ရောင်းနဲ့ အထွေထွေအကျိုးဆောင်ဦးတင်ဝင်းကတိုက်ခန်း တွေကို  အမေးနည်းသွား တာကဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ပေါ်လစီအပြောင်းအလဲတွေကြောင့်လဲပါတယ်၊ မြေကို ပိုပြီး စိတ်ဝင်တစားမေးကြတာများလာတယ်၊ အရင်ကအမေးမရှိတဲ့ သိန်း ၃၀ဝ၊ သိန်း ၅၀ဝ အထက်အကွက် တွေတောင်ပြန်ပြီး လှုပ်လာတာတွေရှိတယ်၊ အခုချိန်က ဈေးသင့် နေတော့ဝယ်တဲ့အတွေအတွက် တန်တယ်ပြောလို့ရတယ်လို့ ပြောပါတယ်။ အိမ်ခြံမြေဈေးနှုန်းတွေက မကျဘူးဆိုပေမဲ့ နေရာတချို့မှာတော့  အရင်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်းအထိ လျော့ကျသွားတဲ့နေရာတွေရှိတယ်လို့ အကျိုးဆောင်အချို့ ဆီကသိရတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service