အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ပိုင် ဟိုတယ်များ ထရမ့်ဟူသော အမည်မှ အခြားအမည်သို့ ပြောင်းလဲပေးလိုက်ရ

အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ပိုင် ဟိုတယ်များ ထရမ့်ဟူသော အမည်မှ အခြားအမည်သို့ ပြောင်းလဲပေးလိုက်ရ - Property News in Myanmar from iMyanmarHouse.com
28 Oct 2016 11:23 am တွင် တင်ခဲ့သည်
2719 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ပိုင် ဟိုတယ်များ ထရမ့်ဟူသော အမည်ကို ပြောင်းလဲလိုက်ရသည့်အပြင် ဟိုတယ်ရှေ့တွင် ထရမ့်အမည်ဖြင့် စာလုံးရေးရန်လည်း နယူးယောက်မြို့အုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပိုင် Trump International Hotel & Tower ရှေ့တွင် ကမ္ဘာလုံးပုံပေါ်၌ Trump International ဟူသော စာလုံးကို သုံးပေခန့်ကြီးမားသော စာလုံးများဖြင့် ရေးသားရန် ကြိုးပမ်းခဲ့သော်လည်း အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြုခဲ့ဟု ဆိုသည်။

ယင်းသို့စာလုံးရေးသားခြင်းသည် လမ်းမြင်ကွင်းကို ထိခိုက်စေနိုင်ပြီး တရားမ၀င်ကြောင်း နယူးယောက်မြို့တော် စီမံကိန်းဌာနက သုံးသပ်ခဲ့သည်။
“ကမ္ဘာလုံးရဲ့ အရွယ်အစားက ကြီးမားလွန်းနေပြီး ကျွန်တော်တို့ ဒီဇိုင်းရေးဆွဲနေတဲ့ လမ်းရဲ့ ရှုခင်းမြင်ကွင်းကို ထိခိုက်စေနိုင်ပါတယ်” ဟု နယူးယောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ထို့အပြင် နယူးယောက်မြို့ ဟတ်ဆန်မြစ်ကမ်းနံဘေးတွင် တည်ရှိသော Trump Place အမည်ရှိ လူနေရပ်ကွက်တွင် နေထိုင်သူတို့ကလည်း ၎င်းတို့၏ အဆောက်အအုံမှ ထရမ့်အမည်ဖယ်ရှားပေးရန် အင်တာနက်၌ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်လျက်ရှိသည်။

Trump Place သည် ဟတ်ဆန်မြစ်ကမ်းဘေးတွင် တည်ရှိပြီး အနောက် ၅၉ လမ်းမှ အနောက် ၇၂ လမ်းအထိ ကျယ်ပြန့်ကာ ကွန်ဒိုမီနီယံ လေးလုံးဖြင့် ဖွဲ့စည်းတည်ရှိသည်။
ထရမ့်အမည်ပါဝင်သည့် ဟိုတယ်များမှာလည်း “Scion” ဟု အမည်ပြောင်းလဲခဲ့ရသည်။

ထရမ့်ဟိုတယ်များအတွက် အမှုဆောင်အရာရှိချုပ်ဖြစ်သူ အဲရစ် ဒန်ဇီဂျာက ပြောကြားရာတွင် ဟိုတယ်အမည်ပြောင်းလဲခြင်းမှာသမ္မတရွေးကောက်ပွဲ
အပေါ်တစုံတရာအကျိုးသက်ရောက်နိုင်မည်မဟုတ်ကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service