ပြည်ပဈေးရော ဗဟိုဘဏ်သတ်မှတ်ဈေးပါ မြင့်တက်နေတဲ့ ဒေါ်လာဈေးအတက်ဘက် ဆက်နိုင်

ပြည်ပဈေးရော ဗဟိုဘဏ်သတ်မှတ်ဈေးပါ မြင့်တက်နေတဲ့ ဒေါ်လာဈေးအတက်ဘက် ဆက်နိုင် - Property News in Myanmar from iMyanmarHouse.com
28 Oct 2016 10:52 am တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်လောဈေးက သည်ရက်ပိုင်းတွေမှာ ပြင်ပဈေးကွက်ရော ၊ ဗဟိုဘဏ်သတ်မှတ်ဈေးပါ မြင့်တက်နေပြီး လက်ရှိအနေအထားအတိုင်းဆက်သွားရင် ဈေးဆက်တက်နိုင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ဈေးကွက်အတွင်းက သိရပါတယ် ။

သည်ရက်ပိုင်းတွေမှာ ဒေါ်လာဈေးဆက်တိုက် ဈေးမြင့်တက်လာတာကိုတချို့ကတော့ ဒေါ်လာဈေးကစားသူတွေကြောင့်လို့ ပြောကြသလို ဈေးကွက်ထဲမှာ ဒေါ်လာအဝယ်များပြီး ဒေါ်လာရှားနေတာကြောင့်လို့လည်း သုံးသပ်ထားကြပါတယ် ။

တချို့ကတော့ ဗဟိုဘဏ်သတ်မှတ်ဈေးက မြင့်လာတဲ့အပြင် ပုဂ္ဂလိကဘဏ်တွေကို ရောင်းပေးတဲ့ ပမာဏကလည်း နည်းနေတာကြောင့်လို့ သုံးသပ်တာလည်း တွေ့ရပါတယ် ။
ဗဟိုဘဏ်သတ်မှတ်ဈေးက သည်နေ့မှာ ၁၂၈၅ ကျပ်ဖြစ်ပြီး မနေ့က (အောက်တိုဘာ ၂၆ ရက်) ထက် သုံးကျပ်ဈေးပိုမြင့်နေတာပါ။

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးက ၁၂၉၅ ကျပ်အထိ ရှိခဲ့တယ် ။ သည်နေ့မှာ ၁၂၉၂ ကျပ်အဖြစ် မနေ့ကထက် ဈေးကျနေပေမဲ့ ဗဟိုဘဏ်သတ်မှတ်ဈေးက ဈေးတက်နေတယ်လို့ သိရပါတယ် ။

အောက်တိုဘာ ၂၄ ရက်နေ့အထိကို ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၁၂၈၆ အထိ ရှိနေခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့က စပြီး ၁၂၉၆ ကျပ်အထိ ဈေးတက်လာတာပါ ။ အောက်တိုဘာ ၂၀ ရက်မှာ ကျပ် ၁၃၀၀ အထိ ဈေးတက်ခဲ့တာကြောင့် သည်ရက်ပိုင်းတွေမှာ ပြင်ပဒေါ်လာဈေးက ကျပ် ၁၃၀၀ ကျော်ကို ရောက်လာနိုင်ခြေများနေတယ်လို့ ဈေးကွက်အတွင်းက သိရတယ် ။သည်နေ့မှာတော့ ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ၁၂၉၂ ကျပ်ရှိပါတယ် ။

ဂယက်ထ

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်လင်းက ‘ဒီရက်ပိုင်းတွေမှာ ဒေါ်လာဈေးမတည်ငြိမ်တာက ကုန်ပစ္စည်းစာရင်းတွေရှင်းရတဲ့အခါမှာ တော်တော်လေးအဆင်မပြေဘူး ၊ ဒေါ်လာနဲ့လာဆက်နွယ်နေတဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးအခက်အခဲတွေ ကြုံတွေ့ကြရတယ် ၊ ဒီရက်တွေမှာ ဒေါ်လာဈေးက အတက်ပဲ ဖြစ်နေတယ် ၊ သွင်းကုန်ရော ၊ ပို့ကုန်သမားတွေပါထိနေတာ ၊ အဓိက လိုအပ်နေတာက ငွေလဲလှယ်နှုန်းထားတွေ တည်ငြိမ်နေဖို့ပါ’ လို့ပြောပါတယ် ။

ဒေါ်လာဈေးဂယက်က ဆေးဝါးနဲ့ တခြားပြည်ကနေ တင်သွင်းပြီး ရောင်းချနေတဲ့ ကုန်ပစ္စည်းတိုင်း ဈေးတက်ပြီး စီးပွားရေးသမားတိုင်း အခက်အခဲဖြစ်နေစေတယ်လို့ သိရတယ်။တချို့ကျတော့ ဒေါ်လာဈေးအတက်အကျ
မတည်ငြိမ်တာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမှုတွေ နည်းနေပြီး သွင်းကုန်က ထုတ်ကုန်ထက် များနေတာက ဒေါ်လာဈေးမြင့်တက်ဖို့ အဖြေအနေတွေထဲမှာ ပါဝင်နေတယ်လို့ ပြောကြပါတယ် ။

နိုင်ငံခြား ငွေကြေးရောင်းဝယ်သူတစ်ဦးက ‘ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို နေ့စဉ်ရောင်းချပေးနေတဲ့ ပမာဏက နည်းတယ် ၊ ပြင်ပဈေးကွက်မှာ ဒေါ်လာသိမ်းထားသူတွေလဲ ရှိတာကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာရှားနေတဲ့ အနေအထားဖြစ်နေတယ် ၊ ဒေါ်လာဈေးကို ဗဟိုဘဏ်သတ်မှတ်ဈေးဆက်တက်နေမယ်ဆို ပြင်
ပဈေးကွက်မှာ ၁၃၀၀ ကို ကျော်သွားနိုင်တယ်’
လို့ပြောတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service