နယူးယောက်မိုးမျှော်တိုက် ၆၂ ထပ်ရှိ အခန်းကို ပုံမှန်ပေါက်ဈေးအောက် ကန်ဒေါ်လာ ၈ သန်းကျော်နည်းပါးသောဈေးဖြင့် တရုတ်သူဌေးကြီးတစ်ဦးဝယ်ယူရာ ရောင်းချသူမှများစွာအရှုံးပေါ်

နယူးယောက်မိုးမျှော်တိုက် ၆၂ ထပ်ရှိ အခန်းကို ပုံမှန်ပေါက်ဈေးအောက် ကန်ဒေါ်လာ ၈ သန်းကျော်နည်းပါးသောဈေးဖြင့် တရုတ်သူဌေးကြီးတစ်ဦးဝယ်ယူရာ ရောင်းချသူမှများစွာအရှုံးပေါ် - Property News in Myanmar from iMyanmarHouse.com
27 Oct 2016 11:35 am တွင် တင်ခဲ့သည်
3822 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်တွင် One57 အမည်ရှိ မိုးမျှော်တိုက်ကြီး၏ ၆၂ ထပ်ရှိအခန်းကို ပုံမှန်ပေါက်ဈေး အောက်ကန်ဒေါ်လာ ၈ သန်းကျော် နည်းပါးသောဈေးဖြင့် တရုတ်သူဌေးကြီးတစ်ဦးဝယ်ယူရာ ရောင်းချသူမှ များစွာ အရှုံးပေါ်သွားကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခု အရောင်းအ၀ယ်ဖြစ်သွားသော ဈေးနှုန်းမှာ ၂၀၁၄ ခုနှစ်က ပေါက်ဈေးအောက် ၂၅ ရာခိုင်နှုန်း နည်းပါးလျက်ရှိသည်ဟု ဆိုသည်။
ဝယ်ယူလိုက်သည့် တရုတ်သူဌေးကြီးမှာ လျူယီကျန်းဖြစ်သည်။

၆၂ ထပ်ရှိ အဆိုပါအခန်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး အကျယ်အ၀န်းအားဖြင့် စတုရန်းပေ ၄၅၀၀ ကျယ်ဝန်းကာ လျူယီကျန်းက ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် ၀ယ်ယူရရှိလိုက်ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က ပေါက်ဈေးမှာ ကန်ဒေါ်လာ ၃၁ ဒသမ ၇ သန်း ဖြစ်သည်။

လျူယီကျန်းသည် ရှန်ဟိုင်းအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Sunline Group ၏ ပိုင်ရှင်ဖြစ်သည်။
လွန်ခဲ့သောနှစ်အတွင်း လျူယီကျန်းသည် ကမ္ဘာကျော်ပန်းချီပညာရှင် မိုဒီဂလီယာနီ၏ နာမည်ကျော်ပန်းချီကား “Reclining Nude”
ကို ကန်ဒေါ်လာ ၁၇၀ ဒသမ ၄ သန်းဖြင့် ၀ယ်ယူလိုက်ခြင်းဖြင့် ကမ္ဘာကိုကိုင်လှုပ်ခဲ့ဖူးသူ ဖြစ်သည်။

လျူယီကျန်းသည် ယခုဝယ်ယူလိုက်သောအခန်းတွင် သူကိုယ်တိုင်နှင့် မိသားစု အပန်းဖြေနေထိုင်ရန်အတွက် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ယင်းအခန်းသည်နယူးယောက်ဗဟိုပန်းခြံနှင့် လေဘာတီရုပ်တုကြီးတို့ကို အပေါ်စီးမှ ရှုမြင်နိုင်သည့်နေရာတွင် တည်ရှိသည်။

ယခုအရောင်းအ၀ယ်တွင် ဈေးနှုန်းများစွာ ကျဆင်းမှုမှာ နယူးယောက် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ခန်းဈေးကွက် ကျဆင်းမှုကို ပြသလျက်ရှိသည်ဟု နယူးယောက်အိမ်ခြံမြေလောကသားတို့က ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မိုးမျှော်တိုက် ၆၂ ထပ်ရှိ အခန်းကို ပုံမှန်ပေါက်ဈေးအောက် ကန်ဒေါ်လာ ၈ သန်းကျော်နည်းပါးသောဈေးဖြင့် တရုတ်သူဌေးကြီးတစ်ဦးဝယ်ယူရာ ရောင်းချသူမှများစွာအရှုံးပေါ် - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မိုးမျှော်တိုက် ၆၂ ထပ်ရှိ အခန်းကို ပုံမှန်ပေါက်ဈေးအောက် ကန်ဒေါ်လာ ၈ သန်းကျော်နည်းပါးသောဈေးဖြင့် တရုတ်သူဌေးကြီးတစ်ဦးဝယ်ယူရာ ရောင်းချသူမှများစွာအရှုံးပေါ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service