နယူးယောက်တစ်မြို့လုံး စိတ်ဝင်စားလျက်ရှိသည့် အိမ်ခြံမြေအငြင်းပွားမှု

နယူးယောက်တစ်မြို့လုံး စိတ်ဝင်စားလျက်ရှိသည့် အိမ်ခြံမြေအငြင်းပွားမှု - Property News in Myanmar from iMyanmarHouse.com
26 Oct 2016 11:19 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့၊ အနောက်ရွာ၊ဟိုရေးရှိုးလမ်း၊ အိမ်အမှတ် ၆၉ တွင် ဖြစ်ပွားသော အိမ်ခြံမြေအငြင်းပွားမှုသည် နယူးယောက်ပြည်နယ်တစ်ခုလုံးစိတ်ဝင်စားသည့် အမှုဖြစ်လာလျက်ရှိကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အငြင်းပွားမှုဖြစ်ပွားသည်မှာ နေအိမ်ပိုင်ရှင်၏ ဆွေမျိုး
သားချင်းများနှင့် ပိုင်ရှင်နှင့်အတူနှစ်ပေါင်း ၅၀ ကျော် နေထိုင်ခဲ့သူတို့အကြားတွင် ဖြစ်သည်။
ဘီလ်ကွန်းဝဲလ်နှင့် တွမ်ဒွိုင်းတို့သည် ဟိုရေးရှိုးလမ်း၊ အမှတ် ၆၉ တွင် ဆယ်စုနှစ် ငါးခုကျော် အတူတကွ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။

အဘိုးအိုကွန်းဝဲလ်သည် လေးထပ်၊ သုံးဆောင်တွဲအဆောက်အအုံ၏ အမည်ပေါက် ပိုင်ရှင်ဖြစ်ပြီး အသက် ၈၈ နှစ်အရွယ် ၂၀၁၄ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့သည်။ကွန်းဝဲလ်က သေတမ်းစာရေးသားခဲ့ရာတွင် အဆိုပါအဆောက်အအုံအပါအ၀င် ပိုင်ဆိုင်သမျှအားလုံးကို အတူနေထိုင်သူ အသက် ၈၅ နှစ်အရွယ်ရှိအဘိုးအိုဒွိုင်းအား ပေးအပ်ခဲ့ကြောင်း ရေးသားထားသည်။

သို့ရာတွင် ယင်းသေတမ်းစာ၌ နှစ်ယောက်လုံး လက်မှတ်ထိုးထားသည်မဟုတ်ဘဲ တစ်ယောက်သာ လက်မှတ်ထိုးထားခြင်းကြောင့် ဥပဒေအရ တရားမ၀င်ချေ။
ထို့ကြောင့် ပိုင်ဆိုင်မှုများမှာ ဥပဒေအရ ဆွေမျိုးနီးစပ်များမှ လက်ခံရရှိမည် ဖြစ်လေသည်။

ယခုအခါအမည်ပေါက်ပိုင်ရှင် ကွန်းဝဲလ်၏ တူ၊ တူမများက ယင်းအဆောက်အအုံကို ပိုင်ဆိုင်ခွင့်လျှောက်ထားခဲ့ပြီး ကန်ဒေါ်လာ ၇ သန်းဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြသည်။
၎င်းတို့က ဦးလေးဖြစ်သူသည် ဒွိုင်းအား အမွေပေးခဲ့သည်ဟူခြင်းကို လက်မခံကြချေ။
ဒွိုင်းက ပြောကြားရာတွင်မူ အဆောက်အအုံကို မည်သူပိုင်သည်ဆိုခြင်းမှာ မေးစရာပင်မလိုဟု
ပြောကြားသည်။

သူက ကွန်းဝဲလ်၏ တူ၊ တူမများကို နယူးယောက်အိမ်ခြံမြေနှင့်သေတမ်းစာတရားရုံးတွင် တရားစွဲဆိုထားပြီး မိမိမှာ ကွန်းဝဲလ်၏ အိမ်ထောင်ဖက်ဖြစ်ကြောင်း၊ သေတမ်းစာမရှိလျှင်ပင် ပစ္စည်းဥစ္စာများကိုမိမိသာပိုင်ဆိုင်သင့်ကြောင်း
လျှောက်ထားထားသည်။

၎င်းတို့နှစ်ဦးသည် common law marriage အရ လက်ထပ်ထိမ်းမြားထားကြကြောင်း ရှေ့နေများငှားရမ်းကာ လျှောက်လှဲလျက်ရှိသည်။
နယူးယောက်ပြည်နယ်တွင် ယင်းသို့ထိမ်းမြားမှုများမှာ ဥပဒေအရ တရားမ၀င်ချေ။သို့ရာတွင် ဒွိုင်းက တင်ပြသည်မှာ ၎င်းတို့နှစ်ဦးသည် ၁၉၉၁ ခုနှစ်အတွင်း ပန်ဆယ်လ်ဗေးနီးယားပြည်နယ်သို့ ခွေးဝယ်ရန် သွားရောက်ခဲ့ကြစဉ်က လက်ထပ်ခဲ့ကြခြင်းဖြစ်သည်ဟု တင်ပြသည်။

ပန်ဆယ်ဗေးနီးယားတွင် ယင်းသို့ထိမ်းမြားမှုကို ၂၀၀၅ ခုနှစ်အထိ အသိအမှတ်ပြုထားသည်။
ကွန်းဝဲလ်၏ တူ၊ တူမများက ဒွိုင်းအားနှစ်သိမ့်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုနေအိမ်ရောင်းချမှုတွင် ဒွိုင်းကို ဆက်လက်နေထိုင်ခွင့်ရရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဒွိုင်းအား ယင်းအဆောက်အအုံရှိ အခန်းတစ်ခန်းတွင် ငါးနှစ်ဆက်လက်နေထိုင်ခွင့်ရရန်နှင့် တစ်လလျှင် ငှားရမ်းခ ၁၀ ဒေါ်လာသာ ပေးစေရန် ၀ယ်လက်နှင့် သဘောတူထားသည်ဟု ဆိုသည်။

ထို့အပြင် ဒွိုင်းကို နေအိမ်ရောင်းချရငွေမှ ကန်ဒေါ်လာ ၂၅၀၀၀၀ လည်း ပေးအပ်မည်ဟု ဆိုသည်။
ဒွိုင်းကမူ ယင်းကမ်းလှမ်းချက်မှာ မျှတမှုမရှိကြောင်း ပြောကြားသည်။
“ကျွန်တော်က ငွေကြေးကို အလေးအနက်မထားပါဘူး။ ကျန်တဲ့ဘ၀သက်တမ်းမှာ နေထိုင်စရာနေရာနဲ့ ပတ်သက်ပြီးပဲ ရတက်မအေးဖြစ်ပါတယ်။ ဒီမှာ အခြေကျနေတာ ကာလကြာရှည်ပြီဖြစ်ပြီး ဒီပတ်ဝန်းကျင်နဲ့ အကျွမ်းတ၀င် ရှိနေပါတယ်။ ဘီလ်ဟာ အခုထိရှိနေဆဲပဲလို့ ကျွန်တော်ထင်နေတယ်” ဟု ဒွိုင်းက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်တစ်မြို့လုံး စိတ်ဝင်စားလျက်ရှိသည့် အိမ်ခြံမြေအငြင်းပွားမှု - Property News in Myanmar from iMyanmarHouse.com
နယူးယောက်တစ်မြို့လုံး စိတ်ဝင်စားလျက်ရှိသည့် အိမ်ခြံမြေအငြင်းပွားမှု - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service