သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချမှု လေးရက်ကြာရပ်ဆိုင်းမည်

သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ ရှယ်ယာရောင်းချမှု လေးရက်ကြာရပ်ဆိုင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Oct 2016 9:39 am တွင် တင်ခဲ့သည်
1039 ကြိမ် ကြည့်ရှု့ပြီး
သီလဝါအထူးစီးပွားရေး ဇုန် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာ များ ခွဲခြမ်းရန် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိလေးရက်ကြာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာရောင်းချမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမှု ရပ်ဆိုင်း ရုံသာမကဘဲ ရှယ်ယာမှတ်ပုံတင် ခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း ပြင်ပရောင်းချမှုကိုပါ ရပ်ဆိုင်း မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ရှယ်ယာ များကို စတင်ရောင်းချချိန်တွင် ရှယ်ယာပေါင်း လေး သန်းခန့်ရှိပြီး ရှယ်ယာတန်ဖိုး တစ်ခုလျှင် ကျပ် တစ်သောင်း သတ်မှတ်ခဲ့သည်။ ယခု ခွဲခြမ်းစိတ်ဖြာမှုအရ ရှယ် ယာအစုပေါင်း သန်း ၄၀ ခန့်နှင့် ရှယ်ယာတစ်စုလျှင် ကျပ်တစ် ထောင် တန်ဖိုးရှိလာမည်ဟု ကုမ္ပဏီက ဆိုသည်။

ရှယ်ယာခွဲခြမ်းစိတ်ဖြာပြီး နောက် ရှယ်ယာရောင်းချမှု ထုတ်ပြန်ကြေညာမည်ဟု ကုမ္ပဏီက ဆိုထားသည်။

‘‘ရှယ်ယာခွဲမယ်ဆိုတော့ ခွဲမယ့်ရက်ကို ကုမ္ပဏီဥပဒေနဲ့ ရန်ကုန်စတော့အိတ်ချိန်း ဥပဒေ အရ ခဏရပ်ပေးရတယ်။ ဒါ ကြောင့် ရပ်တာပါ’’ဟု သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။

ရှယ်ယာခွဲခြမ်းစိတ်ဖြာခြင်း ကြောင့် ကုမ္ပဏီရှယ်ယာများကို ဈေးသက်သာစွာဖြင့် ဝယ်နိုင်မည် ဖြစ်ပြီး ဈေးကွက်ပမာဏလည်း မြင့်တက်လာရန် ရည်ရွယ် ကြောင်း၊ရှယ်ယာများ ခွဲခြမ်းသော်လည်း ရှယ်ယာဈေး မြင့်တက် လာခြင်းရှိ၊ မရှိသည် ဈေးကွက် ဝယ်လိုအား၊ ရောင်းလိုအားပေါ် သာ မူတည်ကြောင်း ၎င်းကဆက် လက်ပြောသည်။

အထက်ပါကုမ္ပဏီသည် ပြီး ခဲ့သည့်မေလ ၂၀ ရက်က ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချခဲ့ပြီး ပထမဦးဆုံး နေ့၌ ရှယ်ယာတစ်စုလျှင် ကျပ် ငါးသောင်း ဈေးပေါက်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည် ပြီးခဲ့သည့်မတ်လက စတင်လည် ပတ်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီသုံး ခုဖြင့် လည်ပတ်နေသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service