ကျောတစ်ခင်းစာ ပျောက်မှာစိုးကြောက်လှပါတယ်

ကျောတစ်ခင်းစာ ပျောက်မှာစိုးကြောက်လှပါတယ် - Property News in Myanmar from iMyanmarHouse.com
24 Oct 2016 10:26 am တွင် တင်ခဲ့သည်
4972 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်လို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံအနှံ့အပြားက လူငယ်လူရွယ်တွေ အတွက် အိမ်မက်တွေကို ဖန်တီးနိုင်တဲ့နေရာ ၊ ငွေတွေရှာနိုင်တဲ့နေရာ ၊ ဘ၀တက်လက်တွေ အဆက်အသွယ်ကောင်းတွေကို ဖန်တီးနိုင်တဲ့ အောင်မြေအဖြစ် စိတ်ကူးယဉ်ပြီး အရောက်လှမ်းလာကြပါတယ်။

ရန်ကုန်မြို့ပေါ်မှာ နယ်က လူငယ်တစ်ယောက် အစိမ်းသက်သက်ခြေချ အလုပ်လုပ်ကိုင်နိုင်ဖို့ဆိုတ မလွယ်လှပါဘူး ၊ ဆွေးမျိုးရင်ချာတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ကောင်းကောင်း ရှိဖို့လိုသလို ကျောတစ်နေ၇ာစာချဖို့ အတွက်လည်း ခေါင်းပူနေရတဲ့ အိမ်မက်ကိုယ်စီနဲ့ လူငယ်တွေ အများကြီးရှိပါတယ်။

နယ်ကတက်လာတဲ့ သာမာန်လူငယ်တစ်ယောက် မဆိုထားနဲ့ ရန်ကုန်မှာမွေးရန်ကုန်မှာ ကြီးပြင်းတဲ့ ရန်ကုန်သား စစ်စစ်တစ်ယောက်တောင် အခုနောက်ပိုင်းအိမ်လခ ၊ တိုက်ခန်းဌားခ တွေက မြင့်လာလို့ နေဖို့ထိုင်ဖို့ အခက်အခဲတွေဖြစ်ပြီး အဆင်မပြေမှု တွေရှိကြပါတယ် ။ ချမ်းသာတဲ့ သူဌေးသား တွေ ငွေသုံးဖြုန်းနိုင်တဲ့ တောသူဌေးသားလေးတွေကို မဆိုလိုပေမယ့် သူလိုကိုယ်လို လာအလုပ်လုပ်ကြရတဲ့ လူတွေ အတွက်ကတော့ တစ်ဖြည်းဖြည်း ကျောတစ်နေရာစာရဖို့ ခက်ခဲလာပါတယ်။

ဒီတော့ စိတ်တူကိုယ်တူ ဖြစ်နိုင်တဲ့ သူငယ်ချင်းတွေ စုပြီး တိုက်ခန်းတွေကို ဌားပြီး ကျသင့်သလောက်မျှခံတဲ့ စနစ်နဲ့ စုစည်းဌား၇မ်းနေထိုင်ကြလာရတဲ့ အပြင် အခုနောက်ပိုင်း ခေတ်စားလာတာကတော့ တိုက်ခန်းဌားပြီး တိုးတိုးတိတ်တိတ် အဆောင်ဖွင့်စားတာက သာမာန်အိမ်ဌားတာထက် ပိုပြီးတွက်ချေကိုက်ကြလို့ ရန်ကုန်မြို့ နေရာအနှံ့က လမ်းမီးတိုင်တွေမှာ အဆောင်နေချင်တဲံ သူတွေ အတွက် ကြေညာထားတဲ့ စာရွက်လေးတွေ ဟိုတစ်စ ဒီတစ်စ တွေ့မြင်ကြရမှာဖြစ်ပါတယ် ။

တိုးတိုးတိတ်တိတ်ဖွင့်ထားတဲ့ အမျိုးသား အဆောင်အမျိုးသမီး ဆောင်လို့ ခေါ်တဲ့ ရန်ကုန်မြို့ထဲက တိုက်ခန်းတွေ အထဲမှာ ဖွင့်ထားတဲ့ အဆောင်တွေမှာလည်း လစဉ် အဆောင်လခပေးပြီး ကျောတစ်နေရာအတွက် တိုးကြိတ် နေကြတဲ့ အလွှာစုံ ၊ လုပ်ငန်းခွင်မျိုးစုံ ၊ အိမ်မက်မျိုးစုံကို အကောင်အထည် ဖော်ချင်တဲ့ လူငယ်လူရွယ်တွေ အတွက် ခေတ္တကွန်းခိုရာ နေရာလေးတွေြုဖစ်လို့လာနေပါပြီ ။

နယ်ကနေ ရန်ကုန်မြို့ပေါ်မှာတက်ပြီး လာအလုပ်လုပ်နေရတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အဆောင်ဆိုရင် တစ်ယောက်အိပ် ကုတင်တစ်လုံးနဲ့ သေတ္တာတစ်လုံးတောင် ထားဖို့ အဆင်မပြေတဲ့ ကျောတစ်နေရာစာ အတွက် လစဉ်ကြေး တစ်လကို ၃၅၀၀၀ ပေးရပါတယ်၊ ၁၂ပေခွဲ ပေ၅၀ အရှည်ရှိတဲ့ အခန်းလေးမှာ လူ ၂၀ လောက်စုပြီးနေရတဲ့အတွက် မနက်မိုးလင်းတာနဲ့ အိမ်သာတက်ဖို့ ၊ ရေချိုးမျက်နှာသစ်ဖို့ အတွက် တန်းစီစောင့်ဆိုင်းရသလို ၊ ထမင်းဟင်းချက်စားပြန်မယ်ဆိုရင်လည်း သူ့အလှည့်ကိုယ့်အလှည့် စောင့်ရတာကြောင့် တော်ရုံချက်မစားတော့ဘဲ အပြင်မှာဘဲ ၀ယ်စားလိုက်ရတဲ့ အဆောင်သူ ၊ အဆောင်သားတွေ အများကြီးရှိပါတယ်။

ဒေသပေါင်းစုံ နေရာပေါင်းစုံ လူတန်းစား အလွှာပေါင်းစုံကနေ စုစည်းနေထိုင်ကြရတာ ဖြစ်တဲ့ အတွက် အခန့်မသင့်လို့ နေတဲ့သူတွေ အချင်းချင်းမှာကို ကန့်လန့်တိုက်တဲ့သူတွေ ၊ အပျင်းကြီးတဲ့သူတွေ ၊ ရေချိုးအိမ်သာတက် အချိန်ကြာတဲ့ သူတွေ အပြင် စာရိတ္တပျက်ပြားသူတွေနဲ့ တစ်ဆောင်တည်း အတူနေရပြီဆိုရင်တော့ ကျန်တဲ့လူတွေပါ စိတ်ညစ်ရပါတယ်။ဒါ့အပြင် အဆောင်မှုး လို့ခေါ်တဲ့ ကိုကိုမမတွေရဲ့ ရွှေမျက်နှာတော် ကြည်သာလား စူပုတ်နေသလား ဆိုတာကလည်း အဆောင်နေသူတွေ အားလုံး နေ့စဉ်အကဲခတ် ဆက်ဆံနေရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ် ။

သူတို့တွေနဲ့အဆင်မပြေလို့ ကိုယ့်ကိုထပ်မထားတော့ဘူးဆိုရင် နောက်အဆောင်တစ်ခုကို အလွယ်တကူ ပြောင်းဖို့ ခက်ခဲတဲ့အတွက် မချစ်သော်လည်း အောင့်ကာနမ်း အခြေအနေ အရ ရေလိုက်ငါးလိုက်နေနေကြရတဲ့အပြင် သူတို့ထုတ်ပြန်ထားတဲ့ သံမဏိစည်းမျဉ်းတွေကိုလည်း ကျောချစရာ နေရာလေး ပျောက်မှာစိုးတဲ့အတွက် မဖြစ်မနေ လိုက်နာကြရပါတယ် ။

ဘ၀တိုးတက်စေဖို့ အတွက် သင်တန်းတွေတက်မလား ၊ နိုင်ငံတကာအဆင့်မီကျောင်းတွေ တက်မလား ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းစုံရှိတဲ့ မြို့ဖြစ်တာကြောင့် အိမ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ သွေးချင်းညီအစ်ကိုတွေကို ရန်ကုန်က လက်ခံထမ်းပိုးပေးနေတာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေကလည်း ကိုယ်စီကိုယ်ငှ ရှိနေကြတာဖြစ်ပါတယ် ။

မတူညီတဲ့ လုပ်ငန်းခွင်တွေကလူတွေ စုစည်းနေထိုင်ကြတဲ့အတွက် တစ်ခါတစ်ရံမှာ လူအများကြီးအိပ်မောကျနေချိန်ဖြစ်ပေမယ့်လည်း ညနက်တဲံအထိ အလုပ်ဆင်းရတဲ့လူတွေ ၊ မနက်အစောကြီးထပြီး သွားလာလှုပ်ရှားရတဲ့လူတွေ ကြောင့် အနှောက်အယှက်တွေကတော့ အဆောင်နေသူတွေ အတွက် အနည်းနဲ့ အများဆိုသလို ရှိကြပါတယ် ၊ အဓိက အရေးအကြီးဆုံးကတော့ ကိုယ့်ပစ္စည်းကိုယ် လုံလုံခြုံခြုံနဲ့ သော့ခတ်ပြီး အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်တက်ဖို့လည် အရေးကြီးကြောင်း အဆောင်နေမိတ်ဆွေသူငယ်ချင်းက ပြောပြပါတယ်။

နန်းကျ မြို့တော်ကြီးဖြစ်ပေမယ်လည်း တစ်နိုင်ငံလုံးရဲ့ အဓိကစီးပွားရေးအင်ဂျင်ကြီး ဖြစ်တဲ့ အတွက် သာမန်ပြည်သူမဆိုထားနဲ့ အုပ်ချုပ်သူ လူတန်းစား အချို့တောင် စနေတနင်္ဂနွေ လို နေ့မျိုးမှာ ကွန်ကရစ် မြို့တော် နေပူတော်က နေ မြို့တော်ရန်ကုန်ကို အပြင်းချီတက် မပျက်မကွက် အရောက်လှမ်းလို့ လာကြရတာ အားလုံးအသိဘဲဖြစ်ပါတယ်။

တက္ကသိုလ်နောက်ခံ မြန်မာဇတ်ကားတွေမှာ အမြဲတမ်းတွေ့မြင်နေရတဲ့ အဆောင်တွေကတော့ အဲကွန်းတပ်ထားပြီး ကျယ်ဝန်းလှတဲ့ အခန်းကျယ်ကြီးထဲမှာ ထုတစ်တောင်လောက်ရှိတဲ့ မွေ့၇ာကြီးပေါ်မှာ မင်းသားမင်းသမီး ထိုင်ပြီး အချစ်အကြောင်းပြောနေတဲ့ အဆောင်ဇတ်လမ်းတွေနဲ့ အပြင်လက်တွေ့လောကက အဆောင်တွေကတော့ မိုးနဲ့ မြေကွာဟချက်ကြီးလှပါတယ်။

သာမန်သင်ဖြူးဖျာတစ်ချပ် ( လူတစ်ကိုယ်စာ နေရာ ) ရဖို့တောင် ဟိုဘက်နည်းနည်းတိုးပါဦး ဒီဘက်နည်းနည်းတိုးပါအုံးဆိုပြီး ဖြစ်နေတဲ့ ရန်ကန်ုမြို့ပေါ်က အဆောင်တွေအများစုဖြစ်ပါတယ်။
အဓိကပြသနာကတော့ စီးပွားရေးလုပ်ငန်းတွေ တစ်နေ၇ာတည်းမှာစုစည်းနေတာကြောင့် အနောက်ကလိုက်ရတဲ့ လူ့စွမ်းအား အရင်းအမြစ် နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အရင်းအမြစ်တွေပါ ကျစ်လစ်သိပ်သည်းသွားရတာဖြစ်ပြီး လူတိုင်းလူတိုင်းအလုပ်တွေနဲ့ နီးတဲ့ နေရာမှာဘဲ ရတဲ့နည်းနဲ့ ကပ်ရပ်ခိုကပ်နေကြတာဖြစ်ပါတယ်။

အိမ်ဌားခ သက်သာတဲ့ မြို့ပြင်မှာနေပြီး အလုပ်ရှိတဲ့ မြို့ထဲကို နေ့စဉ်လာဖို့ဆိုတာ ယာဉ်ကြောပိတ်ဆို့မှု ပြသနာကြောင့် လမ်းပေါ်မှာကုန်ဆုံးရမယ့် အချိန်နာရီတွေ ၊ ပင်ပန်းနွမ်းနယ်မှု တွေ ကြောင့် တစ်ကိုယ်ရေတစ်ကာယ သမားတွေ အနေနဲ့ အခုလို အလုပ်နဲ့ နီးစပ်တဲ့ နေရာတွေမှာဘဲ ဖြစ်သလို ကြုံသလို နေနေကြရတာဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေကို အခုလို မြို့တွင်းခြောက်မြိှု့နယ်မှာ ဘဲတစ်စုတစ်စည်းတည်း ဖြစ်နေတဲ့ ပြသနာကို မြို့ပြင်တွေ အရောက် ခွဲထုတ်နိုင်ဖို့ လိုအပ်သလို ၊ ဒုတိယ စီးပွားရေးအချက်အခြာအဆောက်အအုံတွေ ကိုလည်း အမြန်ဆုံးခွဲထုတ် ဆောက်လုပ်နေရာချထားပေးဖို့လိုလာပါပြီ။

စီးပွားရေး အဆောက်အအုံတွေကို နေရာအစုံ ဖြန့်ကျဲ လိုက်ခြင်းအားဖြင့် လူနေပြွတ်သိပ်ကျပ်တည်းမှု ၊ ယာဉ်ကြောပိတ်ဆိုမှု အပါအ၀င် အခြားသော စီးပွားရေးနှင့် လူမှုေ၇းဆိုင်ရာ နောက်ဆက်တွဲ ပြသနာတွေကိုပါ တစ်ပါတည်း ဖြေရှင်းပြီးဖြစ်ရာ ရောက်မှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service