တံတားဦး နှင့် ကင်ပွန်းစခန်း ဟိုတယ်ဇုန် စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံသွားမည်

တံတားဦး နှင့် ကင်ပွန်းစခန်း ဟိုတယ်ဇုန် စီမံကိန်းများတွင် ရင်းနှီးမြုပ်နှံသွားမည် - Property News in Myanmar from iMyanmarHouse.com
24 Oct 2016 10:22 am တွင် တင်ခဲ့သည်
3387 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လာခြင်း နှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလားအလာ ကောင်းများကြောင့် တံတားဦးနှင့် ကင်ပွန်းစခန်း ဟိုတယ်ဇုန်စီမံကိန်းများကို ရင်းနှီးမြုပ်နှံ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီအုပ်စုလီမိတက်မှ
ဒုတိယဥက္ကဌ ဒေါက်တာစိန်မြင့်က ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ၊ မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စု လီမိတက်၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ ညီလာခံ အစည်းအဝေး တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

'' အရင်ဆုံး ကင်ပွန်းစခန်းက ဟိုတယ်ဇုန်စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပါမယ့် ၊ အခုဆို ကေဘယ်ကားတွေလည်း လုပ်နေတယ့် အပြင် ကျိုက်ထီးရိုးကို တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားနေကြတယ် ၊ ဒါကြောင့် ဒီနေရာက အလားအလာ ကောင်းမယ်လို့ ယုံတယ် ၊ တံတားဦးကျတော့ လောလော ဆယ် တိုင်းဒေသကြီး အစိုးရနဲ့ ဒေသခံ ပုဂ္ဂိုလ်တွနဲ့ ညှိနှိုင်းစရာလေးတွေက မပြတ်သေးဘူး ၊ ဒါကြောင့် နည်းနည်းလေးတော့ကြာသွားနိုင်မယ် ၊ ဒါပေမယ့် တစ်ဖြည်းဖြည်းတော့ လုပ်သွားမှာဖြစ်ပါတယ် "ဟု ၄င်းကပြောသည်။

၂၀၁၀ ခုနှစ် မှစတင်ကာ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မင်္ဂလာဒုံလေဆိပ်အပါအ၀င် နယ်စပ်ဝင်ပေါက်များမှ တဆင့် ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၄ ဒသမ ၆၈ သန်းဝင်ရောက်လာခဲ့ ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ၅ ဒသမ ၅ သန်းအထိ ၀င်ရောက်လာနိုင်ကြောင်းခန့်မှန်းထားသည်။

ပြည်တွင်းပြည်ပ ခရီးသည်များ လာရောက်လေ့လာဖူးမျှော် လည်ပတ်မှု များပြားနေသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် သို့ အဓိက အတက်အဆင်းလမ်းကြီးဖြစ်သည့် ကင်းပွန်းစခန်း ဟိုတယ်ဇုန် စီမံကိန်းမှာ ဧက ၂၅၀ ခန့် အကျယ်အ၀န်းရှိပြီး အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စုမှ ဧက ၂၀ ကိုဝယ်ယူရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်။
နိုင်ငံတော်မှ ခရီးသွားဒေသ သစ်များဖော်ထုတ်လာခြင်း ၊ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများ တိုးတက်များပြားလာနိုင်သည့် အတွက် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ၇ ဒသမ ၅၀ သန်းထိ ၀င်ရောက်နိုင်မည် ဖြစ်ကြောင်း နိုင်ငံတကာ ခရီးသွားစစ်တမ်းများတွင် ဖော်ပြထားသည်။

'' ကင်ပွန်းစခန်း ဟိုတယ်ဇုန်စီမံကိန်းကတော့ လာမည့်နှစ်ထဲမှာကို စတော့မှာဖြစ်ပါတယ် ၊ တံတားဦးက စီမံကိန်းက စုစုပေါင်း ဧက ၅၀၀၀ လောက်ရှိပြီး ဟိုတယ်ဇုန်က ဧက ၅၀၀ လောက်ရှိနိုင်တယ် ၊ ပေါ်လစီနဲ့ ညှိနှိုင်းတဲ့ အပေါ်မူတည်ပြီး မှ ပြောလို့ရမယ်၊ အစ်ကိုတို့ အနေနဲ့ကတော့ အမြန်ဆုံး စချင်ပါတယ် '' ဟု ၄င်းကဆက်လက်ပြောသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီအုပ်စု မှာ အများပိုင်ကုမ္မဏီတစ်ခုဖြစ်ပြီး ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဒေါက်တာခင်ရွှေ ၊ ဦးတိုးနိုင်မန်း အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးများ ၊စက်မှုလုပ်ငန်းရှင်များ နိုင်ငံဝန်ထမ်းများ ပြည်သူများ စုစုပေါင်း ၂၁၃၇ ဦးမှ အစုရှယ်ယာများထည့်ဝင်ထားသည်။

နှစ်စဉ်ရှယ်ယာရှင်များသို့ အမြတ်ဝေစုများ ပုံမှန်ခွဲဝေပေးလျက်ရှိပြီး ၁၉၉၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့၊ ကုမ္မဏီ မှတ်ပုံတင်အမှတ် ၅၆၇ / ၁၉၉၈ - ၁၉၉၉ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့်
အများပိုင်ကုမ္မဏီ ကြီးတစ်ခုဖြစ်ကြောင်း ယင်းကုမ္မဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ
တွင်ဖော်ပြထားသည်။

အသေးစားနှင့်အလတ်စား စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် ၊ သီလ၀ါ အထူးစီးပွားရေးဇုန် ၊ စိုက်ပျိုးရေး လုပ်ငန်းများ ၊ ဟိုတယ်ဇုန် စီမံကိန်းများနှင့် ကုန်သွယ်ရေး လုပ်ငန်းများတွင် ထည့်ဝင်ရင်းနှီးမြုပ်နှံထားသည့် အများပိုင်ကုမ္မဏီ တစ်ခုဖြစ်သည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service