မန္တလေးမြို့ ယာယီ မင်္ဂလာဈေး ပြုပြင်မှု ပြီးစီး၊ အောက်တိုဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည်

မန္တလေးမြို့ ယာယီ မင်္ဂလာဈေး ပြုပြင်မှု ပြီးစီး၊ အောက်တိုဘာ ၂၁ ရက်တွင် ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
21 Oct 2016 10:49 am တွင် တင်ခဲ့သည်
1324 ကြိမ် ကြည့်ရှု့ပြီး
မန္တ လေးမြို့ရှိ မင်္ဂလာဈေး ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနိုင်ရန်အတွက် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် (၃၅)လမ်း၊ (၇၁)လမ်း ထောင့်ရှိ မဟာနွယ်စဉ် အားကစားကွင်းအတွင်း၌ ယာယီဈေး အဆောက်အအုံအား လိုအပ်သည်များ ပြန်လည် ပြုပြင်မှုပြီးစီးသဖြင့် အောက်တိုဘာ ၂၁ရက်တွင်စတင်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါ ယာယီဈေးအဆောက်အအုံအား ကျပ်သိန်း ၂ဝဝဝ ကျော် အကုန်ကျခံကာ ပြုပြင်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည်များ ပြုပြင်မှုပြီးစီးသဖြင့် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ''လမ်းစနစ်၊ မြောင်းစနစ်၊ ဈေးဆိုင်ခန်းတွေကို နေဒဏ်မိုး
ဒဏ်ကာ ကွယ်နိုင်တဲ့ ပုံစံတွေပြုလုပ်ပြီးပါပြီ။ လိုအပ်တဲ့ဆိုင်ခန်းတံခါးမတွေကို ပြန်လည်တပ်ဆင်ခြင်းတို့ကို ပြုပြင်ထားပြီးဖြစ်ပါတယ်''ဟု မန္တလေး စည်ပင်သာယာရေးကော် မတီဈေး နှင့် သားသတ်ဌာနမှ ဌာနမှူးဦးသိန်း အောင်က ပြောသည်။

အဆိုပါ ဈေးဆိုင်အဆောက်အအုံနှင့်ပတ်သက်ပြီး ဇွန် ၁ ရက် ကစတင်၍ နှစ်လအတွင်း အပြီးသတ် ဖွင့်လှစ်ရောင်းချပေးမည်ဟု မန္တလေး စည် ပင်သာယာရေးကော်မတီက ကြေညာခဲ့သော်လည်း အဆောက်အအုံစနစ်များ ပြည့်စုံမှုမရှိသည့်အတွက် ဖွင့်လှစ်ပေးနိုင်ခြင်းမရှိခဲ့ဘဲ အောက်တိုဘာ၂၁ ရက်မှသာ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။

''လက်ရှိ ဒီဆိုင်ခန်းတွေကိုတော့ သတ်မှတ်ထားတဲ့အတိုင်း ဆောက်ပြီးပါပြီ။ ကျွန်တော်တို့ကလည်း ဆိုင်လုံခြုံရေးအတွက် ဆိုင်ခန်းတွေကို ပြန်လည်ပြုပြင်နေလို့ မဖွင့်နိုင်သေးတာပါ'' ဟုဆိုင်ရှင်တစ်ဦးက ပြော သည်။ အဆိုပါ ယာယီမင်္ဂလာဈေးတွင် ဆိုင်ခန်းပေါင်း ၅ဝဝ ကျော်ပါဝင်မည် ဖြစ်ပြီး အထည်ဆိုင်ခန်း ၃၃၆ ခန်းကို အကျယ်ခြောက်ပေ၊ အမြင့်ရှစ် ပေနှင့် ပျံကျဈေးဆိုင်ခန်း ၂၆ဝ ခန်းကို အကျယ်ခြောက်ပေ ပတ်လည်ဈေး ဆိုင်ခုံအမြင့်တစ်ပေတို့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးမှာ မီးလောင်ပျက်စီးသွားသည့်အတွက် လတ်တလောတွင် ဈေးသူ၊ ဈေးသားများ ဈေးရောင်း ချ နိုင်ရန်အတွက် မဟာအောင်မြေမြို့ နယ် မဟာနွယ်စဉ်ရပ်ကွက်အတွင်းရှိ အားကစားကွင်းတွင် ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service