အိမ်ရာအရေအတွက် များလာမှုနှင့်အတူ ကွန်ဒိုအငှားဈေးကွက်ကျဆင်းလာ

အိမ်ရာအရေအတွက် များလာမှုနှင့်အတူ ကွန်ဒိုအငှားဈေးကွက်ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
21 Oct 2016 10:37 am တွင် တင်ခဲ့သည်
1579 ကြိမ် ကြည့်ရှု့ပြီး
အသစ်ဆောက်လုပ်သော အဆင့်မြင့်အိမ်ရာများနှင့် လစဉ်ငှားရမ်းနိုင်သော နိုင်ငံတကာ
အဆင့်မီ တိုက်ခန်းများအပါအ၀င် အိမ်ရာအရေအတွက် များပြားလာသည့်အတွက် ကွန်ဒို
အငှားဈေးကွက်မှာ ကျဆင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန်နှင့် နိုင်ငံခြား သားများ
နေထိုင်ရန် အဓိကထား ငှားရမ်းလေ့ရှိသော
မြို့ထဲဧရိယာအတွင်းရှိ ကွန်ဒိုတိုက်ခန်းများမှာ အငှားဈေးကွက် အေးစက်နေသော်လည်း
ဈေးနှုန်းများ မကျဆင်းသေးကြောင်း သစ္စာမြေ
အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက
ဒေါ်သူဇာမေက ပြောသည်။

"ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်က အေးစက်နေပါတယ်။ အသစ်ဆောက်လုပ် ခဲ့တဲ့ရုံးခန်းတွေ၊ အဆင့်မြင့်အိမ်ရာတွေကြောင့်လည်း
ကွန်ဒိုဈေးကွက် demand
ထက်supplyများပြားသလိုဖြစ်နေပြီး ဈေးကွက်
အေးစက်သွားတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ဈေးကွက်ကောင်းမွန်
ခဲ့သော ကွန်ဒိုအငှား ဈေးကွက်မှာ
ဈေးနှုန်းများ အမြင့်ပိုင်းဖြင့်သာ ရပ်တည်ခဲ့ပြီး ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗဟန်း၊
လှည်းတန်း၊ ကမာရွတ်နှင့် ရန်ကင်းမြို့နယ်များရှိ ကွန်ဒိုတိုက်ခန်းများကို ငှားရမ်း
နေထိုင်မှုများပြားခဲ့ကြကြောင်းအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ကွန်ဒိုတိုက်ခန်း အငှားခနှုန်းထားများကို တိုက်ခန်းပိုင်ရှင်များက အမေရိကန်ဒေါ်လာဖြင့်
သတ်မှတ်လေ့ရှိကြသော်လည်း ယခုကဲ့သို့
ဒေါ်လာဈေး မငြိမ်မသက်ဖြစ်ကာ ဈေး
အတက်ဘက်သို့ ဦးတည်နေသည့်အချိန် တွင် ငှားရမ်းမှုလျော့နည်းပြီး ဈေးကွက်ကျဆင်း
ရခြင်းလည်းဖြစ်နိုင်ကြောင်း တော်ဝင် အိမ်ခြံမြေအကျိုးဆောင်က ဦးထွန်းထွန်းဦးက
ပြောသည်။

"ကွန်ဒိုတိုက်ခန်းတွေက နိုင်ငံခြားသားတွေ အငှားများပြီး ဒေါ်လာဈေးကွက်ကလည်း
မြန်မာငွေကြေးဈေးကွက်ထက် ပိုခိုင်မာတော့ ကွန်ဒိုအငှားဈေးကွက်တွေကို
ဒေါ်လာတွေနဲ့ သတ်မှတ်တာများကြတယ်။ ဒီလို ဒေါ်လာ ဈေးမငြိမ်ဘဲ အတက်
ဘက်ကို ဦးတည်နေ ချိန်ဆို ကွန်ဒိုတိုက်ခန်း အငှားဈေးကွက်ပါ အေးတတ်တယ်"ဟု
၎င်းက ပြောသည်။

ကွန်ဒိုတိုက်ခန်း အငှားဈေးနှုန်းများ ယခုအချိန်ထိ သိသာစွာ မကျဆင်းသေးသော်လည်း တစ်လငှားရမ်းခ ကျပ်သိန်း ၁၀၀ ကျော်ရှိသော တန်ဖိုးမြင့် လုံးချင်းအိမ် အငှားဈေးကွက်မှာ ကျဆင်းလျက်ရှိပြီး အငှားဈေးနှုန်းများလည်း သိသာစွာ ကျဆင်းလျက်
ရှိကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

"ကွန်ဒိုတိုက်ခန်းတွေနဲ့ တစ်လငှားရမ်းခ ကျပ်သိန်း
၃၀ အောက်လောက်ရှိတဲ့ လုံးချင်း အိမ်အငှားဈေးတွေသာ မကျပေမဲ့ တစ်လငှားရမ်းခ သိန်း ၁၀၀ နဲ့ သူ့အထက်ဈေးပေးရ တဲ့ လုံးချင်းအိမ်အငှားဈေးတွေက
လက်ရှိအချိန်မှာ ၁၅ ရာခိုင်နှုန်းလောက်ကျပြီး ဈေးကွက်လည်း အေးနေပါတယ်"ဟု ၎င်းက ပြောသည်။ ကွန်ဒိုတိုက်ခန်းများ၊ လုံးချင်းအိမ်များ၏ အငှားဈေးနှုန်းများ သိသာစွာ
မကျဆင်းသေးသော်လည်း အဆိုပါအိမ်ရာများ၏ အရောင်းဈေးနှုန်းများမှ ၃၀ ရာခိုင်နှုန်းခန့်
အထိ သိသာစွာ ကျဆင်းနေပြီး ဈေးကွက် လည်း အေးနေကြောင်း ဦးထွန်းထွန်းဦးက
ပြောသည်။

"အသစ်ဆောက်လုပ်ထားတဲ့ အဆင့်မြင့်အိမ်ရာတွေမှာ အရစ်ကျစနစ်နဲ့ ၀ယ်ယူနိုင်လို့
ကွန်ဒိုတိုက်ခန်းဝယ်ယူလိုသူတွေ အိမ်ရာသစ်တွေမှာပဲ ၀ယ်ယူတာများလာပြီး အရင်
ကွန်ဒိုတိုက်ခန်းတွေကို ၀ယ်ယူတာ ရှားလာလို့ အရောင်းဈေးနှုန်းတွေ ကျနေတာတောင်
အရောင်းဈေးကွက်တွေ အေးနေတယ်။ အိမ်ခြံမြေဈေးတွေက အကျဘက်မှာ ရှိနေဆဲဖြစ်လို့
တန်ဖိုးမြင့်လုံးချင်းအိမ်အရောင်းဈေးတွေလည်း
ဈေးကျနေပါတယ်"ဟု ၎င်းက ပြောသည်။

မြို့ထဲဧရိယာအတွင်းရှိ ကွန်ဒိုတစ်ခန်း၏ အငှားဈေးမှာ လမ်းနှင့် အခန်းအကျယ်အ၀န်းပေါ်
မူတည်ပြီး တစ်လလျှင် ကျပ်၁၀ သိန်းမှ ကျပ်သိန်း ၃၀ အထိ ရှိပြီး ရိုးရိုးတိုက်ခန်း တစ်ခန်း၏ အငှားဈေးမှာအထပ်အမြင့် အပေါ် မူတည်ပြီး တစ်လလျှင် ကျပ် နှစ်သိန်းမှ
ကျပ်ရှစ်သိန်းအထိ ရှိသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service