ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင်

ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
21 Oct 2016 10:07 am တွင် တင်ခဲ့သည်
3191 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြောက်ပိုင်းတွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်း အိမ်ကြီးတစ်လုံးကိုအိမ်လခ ပေါင် ၁၀၈၀၀၀ (မြန်မာငွေ ၁၆၈၆၄၄၃၂၅ -မှတ်ချက်။ အောက်တိုဘာ ၁၉ ရက်ငွေလဲနှုန်းအရ ) ပေးကာ ငှားရမ်းလိုက်ကြောင်း နယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအိမ်ငှားခအရဆိုလျှင် တစ်နှစ်လျှင် ပေါင် ၁ ဒသမ ၃ သန်းခန့် ကျသင့်မည်ဖြစ်သည်။

နေအိမ်တည်ရှိရာလမ်းမှာ လန်ဒန်တွင် သန်းကြွယ်သူဌေးများနေထိုင်သည့်လမ်းဖြစ်ပြီး Billionaire’s Row ဟုလည်း နာမည်ကျော်သည်။

မကြာမီကာလအတွင်း အဆိုပါသူကြွယ်များနေထိုင်ရာလမ်းတွင် ဆယ်ကျော်သက်မိန်းကလေးများဖြင့် ပြည့်နှက်ကာ သန်းကြွယ်သူဌေးတို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ဖြစ်လာတော့မည်ဖြစ်လေသည်။

ဂျပ်စတင်ဘီဘာသည် လန်ဒန်နှင့် ကယ်လီဖိုးနီးယားတို့တွင် တလှည့်စီနေထိုင်သွားမည့်ဟန်ရှိသည်။

နေအိမ်မှာ ရှေးဟောင်းအိမ်ကြီးဖြစ်သော်လည်း အိမ်တွင်းပိုင်းအပြင်အဆင်တို့မှာ ခေတ်ရှေ့ပြေးလှသည်ကိုလည်း တွေ့ရသည်။

ခြံဝန်းမှာ ၂ ဒသမ ၅ ဧကအထိကျယ်ဝန်းရာ ဂျပ်စတင်ဘီဘာအနေဖြင့် သူ၏ကမ္ဘာကျော်သူငယ်ချင်း၊ မိတ်ဆွေများကို ကောင်းစွာဧည့်ခံနိုင်မည် ဖြစ်သည်။

ဧည့်ခန်းမ ၆ ခုအထိပါဝင်ပြီး၊ တင်းနစ်ကွင်း၊ အိမ်တွင်း/အိမ်ပြင် ရေကူးကန်များ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ၀ိုင်သိုလှောင်ခန်းများပါဝင်ပြီး ကားအစင်းရေ ၅၀ ခန့်အထိ ခြံဝန်းအတွင်းရပ်နားနိုင်သည်။

နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ကျယ်ဝန်းပြီး အိပ်ခန်း ၁၅ ခန်းပါဝင်သည်။

သကြားစက်သူဌေးကြီးတစ်ဦးက ၁၉၁၀ ပြည့်နှစ်ခန့်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်ပေါင်းများစွာပြောင်းလဲခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်အတွင်းတွင်မူ အမည်မသိဝယ်လက်တစ်ဦးက ယင်းနေအိမ်ကြီးကို ပေါင် ၂၅ သန်း (ကန်ဒေါ်လာ ၃၀ ဒသမ ၈ သန်း) ဖြင့် ၀ယ်ယူလိုက်ပြီး ပြန်လည်အငှားချရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေအိမ်ကြီး၏ ၂ လ အိမ်ငှားခသည် ဗြိတိန်တွင် နေအိမ်တစ်လုံးဝယ်ယူနိုင်သည့် ငွေပမာဏပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
ဂျပ်စတင်ဘီဘာ လန်ဒန်တွင် အိပ်ခန်း ၁၅ ခန်းပါ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို အိမ်လခ ပေါင်တစ်သိန်းကျော် (မြန်မာငွေ ကျပ်သိန်း ၁၆၀၀ ကျော်) ပေးကာ ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service