အငှားအိမ်ရာ ဥပဒေကြမ်း ရေးဆွဲနေ

အငှားအိမ်ရာ ဥပဒေကြမ်း ရေးဆွဲနေ - Property News in Myanmar from iMyanmarHouse.com
19 Oct 2016 10:05 am တွင် တင်ခဲ့သည်
1065 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံပိုင် အငှားအိမ်ရာစီမံကိန်းတွေကို စနစ်တကျ ပြန်လည်ကွပ်ကဲ ထိန်းသိမ်းနိုင်ဖို့အတွက် အငှားအိမ်ရာ ဥပဒေမူကြမ်းကို ရေးဆွဲနေတယ်လို့ သိရပါတယ်။

အငှားအိမ်ရာအမိန့်ကြော်ငြာစာတွေ အရင်ထွက်အောင်လုပ်နေပြီး အငှားအိမ်ရာမူကြမ်း ရေးဆွဲပြီးမှ ဥပဒေ အဖြစ် ပြဋ္ဌာန်းနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။

လက်ရှိမှာတော့ အိမ်ရာဥပဒေအဖြစ် မရှိသလို ထိန်းသိမ်းရမယ့် နည်းစနစ်တွေ၊ စည်းကမ်းတွေလည်း မရှိ သေးဘူးလို့ သိရပါတယ်။ ငှားရမ်းခ တစ်လကို ကျပ် ၁၀,၀၀၀ ဝန်းကျင် ကျသင့်မယ့် အငှားအိမ်ရာ ဥပဒေ မူကြမ်းကို ရေးဆွဲနေပါတယ်။ နိုင်ငံပိုင်အငှားအိမ်ရာ စီမံကိန်းတွေကို ငါးနှစ်သက်တမ်းပဲ ခွင့်ပြုမှာပါ။

“အငှားအိမ်ရာကို ငါးနှစ်ခွင့်ပြုပြီး ငါးနှစ်ပြည့်ရင် ထပ်လျှောက်ပြီး ပြန်ပြီး ဆက်ထားပေးတယ်၊ လုပ်ထုံးလုပ် နည်းအသစ် ပြဋ္ဌာန်းဖို့အတွက် ဆွေးနွေးပြီး သုံးသပ်နေတဲ့ အဆင့်ပါ” လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က အငှားအိမ်ရာတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားချက်တွေကို ရှင်းပြပါတယ်။

၁၉၅၃ ခုနှစ် ပြည်တော်သာအိမ်ရာ စီမံကိန်းကနေစပြီး လုပ်ဆောင်ခဲ့တာပါ။ ရန်ကုန်မှာအိမ်ရာစခန်း ၁၁ ခု ရှိပြီး အိမ်ခန်းပေါင်း ၁၆,၀၀၀ ရှိခဲ့တယ်။ ပြည်သူအငှား အိမ်ရာ ခေါ်တယ်။ ဒါတွေက ဝင်ငွေအလွန်နည်း ပြည်သူတွေ နေထိုင်ရေး အဆင်ပြေဖို့အတွက် ဆောင်ရွက်ကြတာပါ။ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က ငှား ရမ်းခနည်းအောင်ဆိုပြီး တစ်လ ၅၀ သတ်မှတ်ခဲ့ပါတယ်။ တွက်ချက်မှုအရ ၇၅ နှစ်ကြာမှ အရင်းကျေမယ်။ သည်တိုက်တွေက ၇၅ နှစ်မပြည့်သေးပေမဲ့ တိုက်တွေရဲ့ သဘာဝအရ နှစ် ၅၀ ဆို ယိုယွင်းတော့ အသစ် ပြန်ဆောက်ရမယ့် အနေအထားရောက်လာပြီ၊ အဲသည်တော့ သားစဉ်မြေးဆက် ပိုင်ဆိုင်ထားကြပြီး နေ လာတော့ တခြားဝင်ငွေနည်းသူတွေ မရတော့ဘူးလို့ ပြောပါတယ်။

“ဝင်ငွေများလာသည့်တိုင်အောင် ဆက်နေတယ်၊ တခြားနိုင်ငံတွေမှာ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်း တွေ လေ့လာပြီး နိုင်ငံတော်တော်များများမှာ အိမ်ငှားခသက်သာတဲ့ public housing တွေ ရှိကြတယ်၊ နေ ခွင့်ကို ရာသက်ပန်နေခွင့်မပေးဘူး၊ နိုင်ငံတော်တော်များများမှာ တခြားမှာ ငါးနှစ်ပေးတယ်၊ တချို့မှာက ငါး နှစ်တော့ မဟုတ်ဘူး၊ ဝင်ငွေနည်းနေသ၍ နေခွင့်ပေးတယ်၊ ဝင်ငွေများလာတာနဲ့ ဒီထက်တန်ဖိုးမြင့်တဲ့ အ ခန်းပြောင်းပေးတယ်၊ ဝင်ငွေများလာရင် တန်ဖိုးနည်းဝယ်ပေါ့၊ တန်ဖိုးသင့်၊ ဒီထက်ပိုလာရင် ပိုကောင်းတဲ့ အိမ်ရာမှာ နေပေါ့၊ အဲ့ဒီလို ဖြစ်စေချင်တာ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service