အငှားအိမ်ရာတွေအတွက် လိုအပ်တဲ့လုပ်ထုံးလုပ်နည်းနဲ့ ညွန်ကြားချက်တွေ ပေးသွားမည်

အငှားအိမ်ရာတွေအတွက် လိုအပ်တဲ့လုပ်ထုံးလုပ်နည်းနဲ့ ညွန်ကြားချက်တွေ ပေးသွားမည် - Property News in Myanmar from iMyanmarHouse.com
14 Oct 2016 11:19 am တွင် တင်ခဲ့သည်
1055 ကြိမ် ကြည့်ရှု့ပြီး
အငှားအိမ်ရာ ငှားရမ်းနေထိုင်သူတွေ လိုအပ်တဲ့အငှားအိမ်ရာနဲ့ သက်ဆိုင်တဲ့ ကန့်သတ်ချက် စီမံခန့်ခွဲမှုလုပ်ထုံး လုပ်နည်းညွန်ကြားချက်တွေကို သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုကို ညွန်ကြားချက်ပေးသွားမှာ ဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ် ။

‘အခုဆောင်ရွက်နေတာတွေက ဥပဒေရေးဆွဲတာမျိုးမဟုတ်ပါဘူး ၊ ဌာနဘက်က လိုအပ်တဲ့ လုပ်ထုံး လုပ်နည်းကို ရေးဆွဲပြီး အငှားအိမ်ရာ ဆောက်လုပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်အားလုံး အသုံးပြုနိုင်အောင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရပိုင်းတွေ တိုင်းဒေသကြီးအစိုးရတို့ကို တင်ပြသွားမှာ’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။

လက်ရှိဆောက်လုပ်အကောင်အထည်ဖော်ထားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အငှားအိမ်ရာတွေကို သတ်မှတ်ချက်တွေထားမှာဖြစ်ပြီး ယခုလကစပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။ ပါဝင်တဲ့ ကန့်သတ်ချက်တွေကတော့ အငှားအိမ်ရာနေထိုင်ခွင့်ရရှိသူတွေကို အများဆုံး သက်တမ်းငါးနှစ်သာထားရှိမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ဝင်ငွေဘောင်အတွင်း ရရှိသူတွေကိုသာ ငှားရမ်းနေထိုင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ် ။

သည်ညွန်ကြားချက်ကတော့ ယခင်အစိုးရဟောင်းလက်ထက်က ဆောက်လုပ်ခဲ့တဲ့ အငှားအိမ်ရာတွေမှာ အကျုံးဝင်မှာမဟုတ်ဘဲ ပြီးခဲ့တဲ့ ဘတ်ဂျက်က ဆောက်လုပ်အကောင်အထည်ဖော်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အငှားအိမ်ရာတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ် ။ သည်အငှားအိမ်ရာတွေ ဆောက်လုပ်အကောင်အထည်ဖော်ဖို့အတွက် ၄၆ ဘီလျံချထားပေးတာဖြစ်ပြီး ဝန်ကြီးဌာနဘက်က ဆောက်လုပ်ဖို့ လိုအပ်တဲ့ မြေနေရာတွေကို ရှင်းလင်းပြီး ဆောက်လုပ်အကောင်အထည်ဖော်တာဖြစ်ပါတယ် ။

အငှားအိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်ဆောင်ရွက်မှုကို ယခု ဖဆပလ ခေတ်က ဝန်ထမ်းအိမ်ရာတွေကို အငှားအိမ်ရာစနစ်နဲ့ ဆောက်လုပ်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အငှားနေထိုင်သူတွေအတွက် လုံလောက်တဲ့ ဥပဒေမရှိခဲ့တာကြောင့် လက်ရှိမှာ အသစ်ပြုပြင်မွမ်းမံဖို့ မှုလနေထိုင်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရတာလည်း ဖြစ်ပါတယ် ။

အငှားအိမ်ရာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီးမှာ ကျပ် ၃၀,၀၀၀ နဲ့ အငှားအိမ်ရာအခန်းပေါင်း ၁၂၀၀ ကျော် ဆောက်လုပ်အကောင်အထည်ဖော် မဲနှိုက်ခဲ့ပြီး လက်ရှိမှာတော့ နေထိုင်ခွင့်မပြုသေးဘဲ စစ်ဆေးမှုနဲ့ စိစစ်မှုတွေဆောင်ရွက်နေတာဖြစ်ပါတယ် ။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service