ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သုံးနှစ်အတွင်း ကျပ် ၉၇ ဘီလီယံထုတ်ချေးထားဟုဆို

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သုံးနှစ်အတွင်း ကျပ် ၉၇ ဘီလီယံထုတ်ချေးထားဟုဆို - Property News in Myanmar from iMyanmarHouse.com
14 Oct 2016 10:22 am တွင် တင်ခဲ့သည်
1148 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အိမ်ရာ ဝယ်ယူလိုသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား သုံးနှစ် အတွင်း ချေးငွေကျပ် ၉၇ ဘီလီယံ
ထုတ်ချေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အရစ်ကျစနစ်ဖြင့် အိမ်ရာ ဝယ်ယူလိုသူ ၅၀၀ ကျော်အတွက် ခုနစ်ဘီလီယံ ထုတ်ချေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ၂၀၀ ကျော်အား ဘီလီယံ ၉၀ ထုတ်ချေးထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းအောင် အေးက ပြောသည်။

အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ နည်းတူ ချေးပေးနေသည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်သည် အိမ်ဝယ်လိုသူများအ တွက် အစိုးရက လက်ရှိ တည် ဆောက်နေသော အိမ်ရာများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ငွေထုတ်ချေးနေသည်။

‘‘လွန်ခဲ့တဲ့ နှစ်တွေက အိမ် ဝယ်ဖို့ လေးနှစ်နဲ့ ချေးပေးတော့ လူတွေဘက်က ငွေဆပ်နိုင်ဖို့ အ ခက်အခဲတွေရှိတော့ အခု ရှစ်နှစ် ဆိုပြီး တိုးပေးလိုက်တယ်။ ချေးငွေသက်တမ်းကို ဒီထက်မက နှစ် ရှည်ချေးနိုင်အောင် လုပ်ပေးချင် တယ်။ ဒါပေမဲ့ အခက်အခဲတချို့ ရှိနေသေးလို့ပါ’’ဟု အဆိုပါဘဏ် မှ ဒါရိုက်တာ ဦးဝင်းဇော်က ဆို သည်။ တစ်ဆက်တည်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အား ငွေချေးရာ၌ ကန်ထရိုက်တာ များကို တိုက်ရိုက်ချေးခြင်းမဟုတ် ဘဲ မြေပိုင်တွင် ကိုယ်တိုင်တည် ဆောက်သည့်လုပ်ငန်းရှင်များကို သာ အဓိကငွေချေးခြင်း ဖြစ်သည်ဟုဆိုသည်။

ရန်ကုန်ရှိ လူဦးရေအပေါ် စစ်တမ်းကောက်ယူထားမှုများအ ရ အိမ်ထောင်စုတစ်စုလျှင် ဝင်ငွေ ကျပ် နှစ်သိန်းခန့်ရှိ၍ အဆိုပါ ဝင် ငွေနှင့် ကိုက်ညီသည့် ဘဏ်ချေးငွေကို ထုတ်ချေးနိုင်ရန် ရည်ရွယ် သည်ဟုဆိုသည်။

အိမ်တစ်ခန်း၏ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ က စတင်မည်ဖြစ် ရာ ကနဦးပေးချေငွေ ၃၀ ရာခိုင် နှုန်းပေးပြီးပါက တစ်လလျှင် တစ် သိန်းခွဲမှ နှစ်သိန်းခွဲကြားပေးသွင်း ရမည့် အနေအထား ရှိကြောင်း CHDB ဘဏ်က ခန့်မှန်းထား သည်။

ယခုနှစ်အတွင်း ရန်ကုန်တွင် တည်ဆောက်ပြီးစီးသည့် ရွှေလင် ဗန်းအပိုင်း ၂၊ ယုဇနတန်ဖိုးနည်း အိမ်ရာ စီမံကိန်းတို့မှ အခန်းပေါင်း ၂,၀၀၀ ကျော်ကို ရောင်းချပေးရန် စီစဉ်နေပြီး ရှစ်နှစ်အရစ်ကျဘဏ် ချေးငွေဖြင့် ရောင်းချမည် ဖြစ် သည်။

ဆောက်လုပ်ရေး လုပ်ငန်း များ အားနည်းနေချိန်တွင် ငွေ ကြေး အရင်းအနှီး နည်းပါးနေ သော ဆောက်လုပ်ရေးလောက သားများအား ယင်းဘဏ်က ကူညီနိုင်မှုနည်းပါးနေသေးကြောင်း ဓန မြေဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဝင်းလှိုင်က ပြောသည်။

ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များစုပေါင်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service