ရန်ကုန်ဆောက်လုပ်ရေးနှင့်အိမ်ရာဖွ့ဖြိုးရေးဘဏ်မှ အိမ်ရာဝယ်ယူခွင့်ငွေစုစာအုပ် Housing saving အား ပြုလုပ်ပေးထားမှု အရေအတွက် ၅၀၀၀ကျော်သွားပြီဖြစ်ကြောင်းသိရသည်။
ဩဂုတ် ၁ရက်နေ့မှစတင် ပြုလုပ်ပေးခဲ့သည့် ငွေစုစာအုပ် အရေအတွက်မှာ ၂လကျော်အတွင်း အရေအတွက် ၅၀၀၀ ကျော်သွားခြင်းဖြစ်သည်။ အဆိုပါစာအုပ်ဖြင့် ငွေစုဆောင်းထားသူများသည် ရန်ကုန်မြို့မှတန်ဖိုးနည်းအိမ်ရာများအား အစိုးရမှရောင်းချ ပါက ဦးစားပေးဝယ်ယူခွင့် ရှိမည်ဖြစ်ပြီး တိုက်ခန်း တန်ဖိုး၏ ၃၀ရာခိုင်နှုန်းမှာငွေစုစာအုပ်ထဲတွင်ရှိနေပါက ၀ယ်ယူခွင့် ရရှိမည်ဖြစ်သည်။
ငွေစုစာအုပ်ကို အခြား ဘဏ်စာအုပ်များကဲ့သို့ တတ်နိုင် သော ငွေပမာဏဖြင့် ငွေစာရင်း စတင်ဖွင့်လှစ်နိုင်ပြီး အိမ်ရာဝယ် ယူမည်ဆိုပါက ဘဏ်စာအုပ်တွင် အိမ်ဝယ်ယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။
ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်က ချေးပေးမယ်။ ရှစ်နှစ် တော့ အရစ်ကျငွေပြန်ဆပ်ရမှာ ပေါ့’’ ဟု ဦးဝင်းဇော်က ပြော သည်။
ဘဏ်ချေးငွေအတိုးနှုန်းမှာ အခြားဘဏ်များကဲ့သို့ ၁၂ ရာခိုင် နှုန်းသာဖြစ်ပြီး ပထမဆုံးစာအုပ် ပြုလုပ်သည့်လတွင် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းရယူထားကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တစ်နိုင်ငံလုံးတွင် တန်ဖိုး နည်းအိမ်ရာတိုက်ခန်း တစ်သိန်း ရှစ်သောင်းကျော် တည်ဆောက် ရန် စီစဉ်ထားပြီး ရန်ကုန်မြို့၌ အခန်းရှစ်ထောင် စတင်တည် ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထား သည်။
အဆိုပါ အိမ်ရာများတည် ဆောက်ပြီးစီးပါက ဘဏ်ချေးငွေ ဖြင့် အကောင့်ဖွင့်လှစ်ထားသူများ ကို ဦးစားပေးရောင်းချမည်ဟု ဆိုသည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က လက်ရှိတွင် ထုတ်ချေးထားသော ငွေစုစုပေါင်းကျပ် ၁၃၀ ဘီလီယံကျော် ရှိ ကြောင်း သတင်းထုတ်ပြန်ထား သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခြင်းဖြစ်သည်။ ၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်၏ဘဏ်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံမှအိမ်ရာများအားဝယ်ယူနိုင်ရန် ငွေချေးခွင့်ရရှိထားသည့် ဘဏ်တစ်ခုဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com