နေပြည်တော်မှာ မြေဈေးကျပြီ

နေပြည်တော်မှာ မြေဈေးကျပြီ - Property News in Myanmar from iMyanmarHouse.com
13 Oct 2016 11:35 am တွင် တင်ခဲ့သည်
4933 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ရှိ မြေကွက်တွေ အခုရက်ပိုင်းအတွင်း လျှော့ဈးနဲ့ အရောင်းအဝယ်ပိုသွက်နေတယ်လို့ သိရပါတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရောင်းလိုသူတွေများနေတဲ့ အခုရက်ပိုင်းဝယ်လက်များနေပေမဲ့လည်း ၂၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

‘ နေပြည်တော်မှာ ခုရက်ပိုင်းအငှါးထက် မြေကွက်အရောင်းအဝယ်တွေ ပိုအလုပ်ဖြစ်တယ်၊ အရင်လထက်တောင် သွက်တယ်၊ ဒါပေမဲ့ လျှော့ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတာ ၊ ရောင်းတဲ့သူတွေအော်သလောက် မရဘူး၊ မြေကွက်ရွေးချယ်စရာတွေများနေတော့ ရောင်းတဲ့သူတွေအနေနဲ့လျှော့ဈေးနဲ့ပဲ ပေးရတာများတယ် ‘ လို့ နေပြည်တော်မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းမှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြောပါတယ်။

နေပြည်တော်မှာက မြေကွက်အများစုကို ရင်းနှီးမြှုပ်နှံသုတွေအနေနဲ့ တခြားရင်းနှီးမြှုပ်နှံမှုအတွက် ငွေလိုတဲ့အခါ ပြန်လည်ရောင်းချမှုတွေ များလာသလို ဝန်ထမ်းတွေအနေနဲ့ အမှန်တကယ်နေထိုင်ခြင်မရှိတာကြောင့် ပြန်လည်ရောင်းချလိုမှုမြင့်တက်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝယ်ယူသူတွေအနေနဲ့ ရွေးချယ်စရာနေရာရော ဈေးနှုန်းပါအားသာချက်ရှိနေတာကြောင့် လျှော့ဈေးတွေနဲ့ ဝယ်ယူခွင့်ရကြတာလည်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးပိုင်း ၊ ဆက်သွယ်ရေးပိုင်းနဲ့ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် လုပ်ငန်းတွေက လာဝယ်တာများတဲ့အတွက် ပေ ၆၀x၈၀ အကျယ်မြေကွက်တွေ အဝယ်များတယ်လို့ သိရပါတယ်။

‘ မြေကွက်ကျယ်တာပဲ ကြိုက်ကြတာ များတယ်၊ အဆောက်အအုံကို မမက်ကြဘူး ကုမ္ပဏီတွေ ဆောက်ကြမှာဆိုတော့လေ အငှါးအနေနဲ့ကတော့ ပုံမှန်ပါပဲ ‘ လို့ အတွင်းရေးမှူး ဦးကျော်စွာမြင့် က ပြောပါတယ်။

အရောင်းအဝယ်အဖြစ်များတဲ့ နေရာတွေကတော့ ဥတ္တရသီရိမြို့နယ် ၊ ပျဉ်းမနားမြို့နယ် ပေါင်းလောင်းဘက်နဲ့ ပုဗ္ဗသီရိမြို့နယ်တို့ ဖြစ်ပြီး သိန်း ၃၀၀ကျော် တန်ကနေ သိန်း ၁၀၀၀ ကျော်တန်းမြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရတယ်။

‘ ရွှေကြာပင်ရပ်ကွက်အနေနဲ့ကတော့ အငှါးလေးတွေသွက်တယ်။ ကျန်တဲ့ဘက်တွေကတော့ အရောင်းအဝယ်ဖြစ်တာများတယ် ၊ မြေကွက်တွေအကြိုက်များတော့ မြေကွက်ပေါတဲ့ ဘက်တွေအရောင်းအဝယ်အဖြစ်များတော့ ဈေးကတော့လျှော့ဈေးပေါ့၊ တော်တော်များများကညှိပြီး လျှော့ရောင်းလိုက်
ရတာများတယ် ‘ လို့ ရွှေကြာပင်ရပ်ကွက်အောင်ဆုပန် အိမ်ခြံမြေအကျိုးဆောင် မှ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေအနေနဲ့မှတ်ပုံတင်စာချုပ်ချုပ်
ဆိုသူ မနှစ်ကထက်နည်းပါးပြီး ခုနောက်ပိုင်းမြေကွက်အရောင်းအဝယ် လုပ်နေတဲ့သူတွေလည်း အထူးကိုယ်စာလှယ်လွှဲစာနဲ့ပဲ အရောင်းအဝယ်စာချုပ်ချုပ်ဆိုကြတာများတယ်လို့ သိရပါတယ်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုရင် အခွန်ဆောင်ခများတဲ့အတွက် အရောင်းအဝယ်လုပ်ကြတဲ့သူတွေအနေနဲ့ အခွန်နှုန်းထားပြောင်းလဲမယ်အချိန်ကို စောင့်နေဆဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service