ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသွားဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကို နေအိမ်ခန်းငှားရမ်းသော အိမ်ရှင်များကို အရေးယူမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသွားဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကို နေအိမ်ခန်းငှားရမ်းသော အိမ်ရှင်များကို အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
12 Oct 2016 10:54 am တွင် တင်ခဲ့သည်
1658 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသွားဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကို နေအိမ်ခန်းငှားရမ်းသော အိမ်ရှင်များကို အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု မြင့်တက်လာလျက်ရှိသည့်နည်းတူ ဟိုတယ်များလည်း များပြားလာလျက်ရှိသည်။

သို့ရာတွင် ယင်းသို့ ဖွံ့ဖြိုးလာသည်မှာ ဟိုတယ်လုပ်ငန်းသာလျှင် မဟုတ်ဘဲ အမျှော်အမြင်ရှိသည့် နေအိမ်ပိုင်ရှင်များကလည်း Airbnb ကဲ့သို့ ၀က်ဘ်ဆိုက်များတွင် တင်ကာ ကြော်ငြာလာလျက်ရှိကြသည်။

ထို့ကြောင့် ယခုအခါတွင် ရန်ကုန်မြို့ရှိ နေအိမ်များ၊ နေအိမ်ခန်းပိုင်ရှင်များအနေဖြင့် ကမ္ဘာလှည့်ခရီးသွားဗီဇာသာ ကိုင်ဆောင်ထားသော နိုင်ငံခြားသားများကို နေအိမ်ခန်းငှားရမ်းခြင်းများ ပြုလုပ်ပါက အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သူ ဦးဇော်အေးမောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

အမြဲတမ်းနေထိုင်ခွင့် ရရှိသူများနှင့် စီးပွားရေးလုပ်ငန်းဗီဇာကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများကိုသာ နေအိမ်ခန်းငှားရမ်းခွင့် ပြုထားကြောင်းလည်း ဦးဇော်အေးမောင်က ပြောကြားသည်။

ယင်းစည်းမျဉ်းမှာ အသစ်အဆန်းမဟုတ်ဘဲ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဗီဇာ ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများသည် ဟိုတယ်များတွင်သာ တည်းခိုနေထိုင်ရမည်ဟု ပြဌာန်းထားသည်။

သို့ရာတွင် ယင်းစည်းမျဉ်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ခြင်းမရှိခြင်းမှာ အိမ်နီးချင်းနိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ အလွန်နည်းပါးခြင်းကြောင့်လည်း ဖြစ်သည်။

ယခုအခါတွင်မူ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု များပြားလာပြီဖြစ်ခြင်းကြောင့် ယင်းစည်းမျဉ်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရန် စီစဉ်လျက်ရှိခြင်းလည်း ဖြစ်သည်။

“ဒါက ဥပဒေသစ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြဌာန်းထားခဲ့တာပါ။ အခုဒါဆို ပြန်ထောက်ပြနေရတဲ့အကြောင်းရင်းက အခုဆိုရင် နိုင်ငံခြားသားတွေဟာ လုံးချင်းအိမ်တွေ၊ တိုက်ခန်းတွေမှာ နေကြတာ ပိုများလာနေတာတွေ့ရလို့ပါပဲ။ ဟိုတယ်မှာ မနေဘူးဆိုရင်တော့ သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တာဝန်မခံနိုင်ပါဘူး” ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ရန်ကုန်တွင် ဟိုတယ်ခန်းများစွာ ရနိုင်နေပြီဖြစ်သော်လည်း နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်များမှာ ကုန်ကျစရိတ်သက်သာရန် ရည်ရွယ်၍ တိုက်ခန်းများသာ ငှားရမ်းနေထိုင်လာလျက်ရှိကြသည်။

အဆိုပါပြဿနာမှာ အာဆီယံနိုင်ငံတိုင်းတွင် ကြုံတွေ့ရလျက်ရှိသော ပြဿနာတစ်ရပ်လည်း ဖြစ်သည်။

“အိမ်ငှားဖို့လာတဲ့ နိုင်ငံခြားသားဟာ ဘယ်လိုဗီဇာကိုင်ထားတယ်ဆိုတာ အိမ်ခြံမြေအကျိုးဆောင်တွေ၊ အိမ်ရှင်တွေက စိတ်ဝင်တစား မရှိကြပါဘူး။ နိုင်ငံခြားသားတွေကို ငှားချင်တာက ဈေးပိုရလို့ပါပဲ” ဟု အိမ်ခြံမြေအတိုင်ပင်ခံပုဂ္ဂိုလ် ဦးအောင်မင်းက ပြောကြားသည်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service