ရန်ကုန်တိုင်း ကျူးကျော်စာရင်း ကနဦးကောက်ယူမှု ပြန်လည် သုံးသပ်နေ

ရန်ကုန်တိုင်း ကျူးကျော်စာရင်း ကနဦးကောက်ယူမှု ပြန်လည် သုံးသပ်နေ - Property News in Myanmar from iMyanmarHouse.com
12 Oct 2016 10:38 am တွင် တင်ခဲ့သည်
1359 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော် နေထိုင်သူများစာရင်း ကနဦးကောက်ယူမှုကို အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ယခုအခါ ပြန်လည် သုံးသပ်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ယင်းသို့ ကောက်ယူခဲ့ပြီးနောက် ကွန်ပျူတာပိုင်း ဆိုင်ရာ ပရိုဂရမ် ရေးဆွဲထားမှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ စီမံခန့်ခွဲမှု အခြေအနေ၊ လိုအပ်သည့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အချက်အလက်များကို ပြန်လည် သုံးသပ်နေပြီး ကျန်ရှိမြို့နယ်များတွင် မည်သို့ ဆက်လက် ကောက်ယူမည်ကို အသေးစိတ် အစီအမံများ ရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးနေ၀င်းအောင် ဧရာဝတီကို ပြောသည်။

ဦးနေ၀င်းအောင်က “ကနဦးကောက်တဲ့ ကိစ္စရပ်ကို ကျနော်တို့က ပြန်လည် သုံးသပ်နေတယ်။ အဲဒီလိုပြန်လည် သုံးသပ်ပြီး မှ ရရှိလာတဲ့ အတွေ့ အကြုံပေါ်မှာ ပြင်ရဆင်ရမယ်။ အားနည်းချက် အားသာချက်တွေကို ပြန်သုံးသပ်ပြီးရင်တော့ ကျန်တဲ့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ကျူးကျော်စာရင်း ကောက်ယူရေးကိစ္စကို ဘယ်လိုဆက်လုပ်မလဲ ဆိုတဲ့ အစီအမံအသေးစိတ် လေးရေးဆွဲဖို့ ဆောင်ရွက်နေတယ်”ဟုလည်း ရှင်းပြသည်။

ကနဦးစာရင်း ကောက်ယူမှု အစီရင်ခံစာ ထွက်ရှိလာရန် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံးပြီးသွားပါက တိုင်း ဒေသကြီး အစိုးရအဖွဲ့က တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ ကျူးကျော် နေထိုင်သူများစာရင်း ကောက်ယူမှုကို စက်တင်ဘာ ၂ ရက်မှ ၂၀ ရက် အထိ ၃ ပတ်ကြာ ပြုလုပ်ခဲ့ပြီးနောက် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၅၉၁ စု၊ လူဦးရေ စုစုပေါင်း ၂၂၀၀၀ ကျော် ရှိကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီကလည်း ပြောပြ သည်။

ဆက်လက်၍ ၎င်းက စာရင်းကောက်ယူရာတွင် အစပိုင်း၌ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ကြောင်း၊ စီးပွားဖြစ် ကျူးကျော်များနှင့် အမှန်တကယ် အိမ်ရာမဲ့ မဟုတ်သူများ၏ ညတွင်းချင်း ကျူးကျော်မှုများကြောင့် စာရင်း ကောက်ယူ ရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း၊ ယင်း အတွေ့အကြုံများပေါ် မူတည်ပြီး ပြန်လည် သုံးသပ်မှုများ ပြုလုပ်သင့်ကြောင်း လည်း ပြောဆိုသည်။

ဦးညီညီက“နောက်လာမယ့် မြို့နယ်တွေမှာ ကျူးစာရင်း ကောက်တဲ့အခါ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ လို တယ်။ နောက် စိတ်စေတနာ ကောင်းမွန်ပြီး မျှတတဲ့ မြို့မိမြို့ဖတွေရဲ့ ပူးပေါင်း ပါဝင်မှုတွေ လိုအပ်တယ်။ ရပ်ကျေး အုပ်ချုပ်ရေးတွေ ကလည်း ဒီစာရင်းတွေကို စိတ်ခံစားမှုနဲ့ ကောက်တာမျိုး မဟုတ်ဘဲ တကယ်ကို ရသင့်တဲ့သူတွေကိုပဲ ကောက်ယူစေချင်တယ်။ ဒါဆိုရင် အခွင့်အရေးသမားတွေ လျော့နည်းသွားမယ် ထင်တယ်”ဟုလည်း ပြောသည်။

စာရင်း ကောက်ယူရာတွင် အိမ်ထောင်ဦးစီးအမည်၊ မှတ်ပုံတင်၊ ဇနီး၊ သားသမီး အပါအ၀င် စုစုပေါင်း မိသားစုဝင် ဦးရေ၊ နေထိုင်သည့် အချိန်ကာလကြာမြင့်မှု စသည်ဖြင့် မှတ်တမ်းတင်ထားပြီး မိသားစုဝင်လိုက် ဓာတ်ပုံရိုက်ပေးကြောင်း၊ စာရင်းသွင်းမှု အားလုံးပြီးလျှင် အိမ်ထောင်စုတစုကို Smart Card တကတ် ထုတ်ပေးကြောင်း ဦးညီညီက ရှင်းပြသည်။

စာရင်း ကောက်ယူရာတွင် ကွန်ပျူတာပညာရှင် ၁၈ ဦး၊ စာရင်း ကောက်ယူမည့်သူ ၃၀ ၊ ၀န်းရံ စာရင်း ကောက်ယူမည့်သူ ၃၀ ၊ စုစုပေါင်း ၇၈ ဦး ပါဝင်သည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများ၊ တိုင်း အစိုးရအဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကောက်ယူခဲ့ကြကြောင်း သိရသည်။


Credit: The Irrawaty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service