အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဒေါ်လာ ၄ နီးပါးတန်ကြေးရှိ ရွက်လှေ မီးလောင်ပျက်စီး၊ ဒူဘိုင်းရှိ ဆီလီကွန်အိုအေစစ်တာဝါတွင် လေအေးပေးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဒေါ်လာ ၄ နီးပါးတန်ကြေးရှိ ရွက်လှေ မီးလောင်ပျက်စီး၊ ဒူဘိုင်းရှိ ဆီလီကွန်အိုအေစစ်တာဝါတွင် လေအေးပေးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
11 Oct 2016 11:22 am တွင် တင်ခဲ့သည်
1617 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းတန်ကြေးရှိ ရွက်လှေတစ်စင်းသည် လျှပ်စစ်စနစ် ချို့ယွင်းမှုကြောင့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မီးသတ်သမားများက ငြိမ်းသတ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။

ယင်းရွက်လှေ၏ အမည်မှာ moon ဖြစ်ပြီး ရွက်လှေပေါ်တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ရွက်လှေမှာမူ ပင်လယ်အောက်သို့ ပျက်စီးနစ်မြုပ်သွားခဲ့သည်။

ဒူဘိုင်းတွင်လည်း ဆီလီကွန်အိုအေစစ်အမည်ရှိ တာဝါတွင် လေအေးပေးစက်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာများရရှိခဲ့ကာ နေထိုင်သူများကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအဆောက်အအုံမှာ ၂၇ ထပ်အဆောက်အအုံဖြစ်ပြီး မီးခိုးများရှုရှိုက်မိခြင်းကြောင့် မေ့မြောသူပေါင်း ၃၇ ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ကို လာတီဖာဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ယင်းအဆောက်အအုံတွင် နေထိုင်သူ ၂၅၀ ဦးကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။
အမျိုးသမီးတစ်ဦးမှာမူ ခြေထောက်ကျိုးသွားခဲ့သည်။

မီးသတ်သမားများနှင့် ဆေးတပ်ဖွဲ့ဝင်များသည် မီးလောင်မှု ညနေ ၅း ၄၃ အချိန်တွင် ဖြစ်ပွားပြီးနောက် အချိန်အနည်းငယ်အတွင်း ရောက်ရှိလာပြီး ၃၅ မိနစ်ခန့် ငြိမ်းသတ်ခဲ့ရသည်။

မီးမှာ ဖြစ်ပွားသည့်အခန်းပြင်ပသို့ ကူးစက်ခြင်းမရှိခဲ့သော်လည်း လေအေးပေးစနစ်အတွင်းတွင် မီးခိုးများ အလုံးအရင်း ပျံ့နှံ့ဝင်ရောက်သွားခဲ့သည်။

အရေးပေါ်သူနာပြုဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦး၏ တွေ့ရှိချက်အရ ယင်းတာဝါတွင် နေထိုင်သူတို့သည် မီးသတိပေးချက်ကို အပူတပြင်းလိုက်နာခြင်းမရှိဘဲ နေအိမ်ခန်းများအတွင်းတွင်သာ ဆက်လက်ရှိနေခဲ့ခြင်းကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းမှု နှောင့်နှေးခဲ့သည်ဟု ဆိုသည်။

“ဒူဘိုင်း ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဒီမတော်တဆမှုကို အပူတပြင်းကြိုးစားထိန်းသိမ်းခဲ့ပါတယ်။
အချိန်တိုအတွင်းမှာ အရာရာကို ထိန်းသိမ်းနိုင်ခဲ့တယ်။ အဓိကပြောချင်တဲ့တစ်ချက်ကတော့ နေထိုင်သူအများစုဟာ မီးသတိပေးချက်ကို အလေးအနက် လိုက်နာမှုမရှိကြတာပါ” ဟု ဒူဘိုင်းအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုမှ အကြီးအကဲဖြစ်သူ အာမက် အယ်လ်အေဂျီက ပြောကြားသည်။

မီးသတိပေးသံပေါ်ပေါက်သည်နှင့်တပြိုင်နက် နေအိမ်များမှ ထွက်ခွာကြရန်လည်း အာမက်က သတိပေးတောင်းဆိုခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service