အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ

အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
7 Oct 2016 11:22 am တွင် တင်ခဲ့သည်
2856 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန်သည် အိမ်ဖြူတော်သို့ရောက်ရန် အလားအလာရှိနေသော်လည်း နယူးယောက်ပြည်နယ် တွင် နေအိမ်တစ်လုံးဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝယ်ယူလိုက်သော နေအိမ်မှာ ယခင်ပိုင်ဆိုင်ထားသောနေအိမ်ဘေးတွင်ကပ်လျက်တည်ရှိသည့်နေအိမ် ဖြစ်သည်။

ယခင်နေအိမ်မှာ နယူးယောက်ပြည်နယ် ၊ ၀က်ချက်စတာခရိုင်မြောက်ပိုင်း၊ နယူးကာဆယ်မြို့ တွင်တည်ရှိသည်။

အဆိုပါနေအိမ်ဟောင်းတွင် အိပ်ခန်း ၁၁ ခန်းပါဝင်ပြီး ကိုလိုနီရီဗိုက်ဗယ်ဟန်ဖြင့် ဆောက်လုပ်ထားကာ ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းပေးခဲ့ရသည်။

ယခုနေအိမ်ကိုမူ ကန်ဒေါ်လာ ၁ ဒသမ ၁၆ သန်းဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်သည်။

ခြံဝန်းအကျယ်အ၀န်းမှာ တစ်ဧကခွဲခန့်ရှိပြီး နေအိမ်အကျယ်အ၀န်းမှာ ၃၆၃၁ စတုရန်းပေ ရှိသည်။

ယင်းနေအိမ်၏ ခြံဝန်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိသောကြောင့် ဟီလာရီကလင်တန်၏ သမီးဖြစ်သူ ချယ်လ်ဆီးနှင့် ခင်ပွန်း မာ့ခ်တို့အနေဖြင့် ဟီလာရီကလင်တန်၏ မြေးများဖြစ်သော ချားလော့တီနှင့် အီဒန်တို့ကို ခေါ်ယူကာ လွတ်လွတ်လပ်လပ် နေထိုင်အလည်အပတ်လာရန် ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။

ခြံဝန်းအတွင်းတွင် မြက်ခင်းကျယ်နှင့် သစ်ကြီးဝါးကြီးများ အုံ့ဆိုင်းနေကာ ရေကူးကန်ဘေးတွင် ကျောက်တုံးနံရံများဖြင့် ၀န်းရံထားရာ မိသားစုမွေးနေ့ပွဲ၊ ပါတီပွဲများ ကျင်းပရန် အလွန်ကောင်းမွန်သည်။

ဟီလာရီကလင်တန်သည် ၂၀၁၁ ခုနှစ်အတွင်းတွင် နယူးယောက်ပြည်နယ်၊ အရှေ့ဟမ့်တန်မြို့တွင် အိမ်ငှားနေထိုင်ခဲ့ဖူးသည်။

အဆိုပါနေအိမ်မှာ စတုရန်းပေ ၁၂၀၀၀ ခန့် ကျယ်ဝန်းရာ ယခုဝယ်လိုက်သော နေအိမ်ထက်များစွာပိုမို ကျယ်ဝန်းသည်ဟု ဆိုရမည် ဖြစ်သည်။

အရှေ့ဟမ့်တန်နေအိမ်ကြီးမှာလည်း ယခုအခါအရောင်းဈေးကွက်သို့ ရောက်ရှိနေပြီး ကန်ဒေါ်လာ ၂၅ သန်း ဈေးခေါ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတလောင်း ဟီလာရီကလင်တန် နယူးယောက်တွင် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service