ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာရောင်းချရန် စာရင်းကောက်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုသူများကို တန်ဖိုးနည်းအိမ်ရာရောင်းချရန် စာရင်းကောက် - Property News in Myanmar from iMyanmarHouse.com
6 Oct 2016 10:52 am တွင် တင်ခဲ့သည်
1782 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများ ရောင်းချရန်
အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်သို့ အိမ်ရာငွေကြေး စုဆောင်းသူများ
အတွင်းမှ ငွေကျပ်သိန်း ၃၀ ပြည့်သူများ ၏စာရင်းကို စတင်ကောက်ခံနေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခုဆို ကျွန်တော်တို့ဘဏ်မှာ အိမ်ရာငွေကြေးစုတဲ့ လူဦးရေပေါင်း တစ်လအတွင်းမှာ
၃၃၅ ဦးရှိနေပါပြီ။ အဲဒီထဲက တန်ဖိုးနည်း အိမ်ရာဝယ်တဲ့နေရာမှာ အရင်ဆုံး ငွေချေရတဲ့
အခန်းရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀ ပြည့် တဲ့သူတွေကို စာရင်းကောက်ပြီး
ဆောက်လုပ် ရေးဝန်ကြီးဌာနကို ပေးသွားပါမယ်။ ဆောက် လုပ်ရေးဝန်ကြီးဌာနက
တန်ဖိုးနည်း အိမ်ခန်း တွေရောင်းတဲ့အခါ ဒီလူတွေကို ဦးစားပေး မဲနှိုက်ရောင်းချသွားမှာပါ" ဟု
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏အမှုဆောင် ဒါရိုက်တာ ဦးဝင်းဇော်က
ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လာမည့်နှစ်နှစ်အတွင်း တန်ဖိုးနည်း အိမ်ခန်းပေါင်း
၈,၀၀၀ ကျော်ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်မြို့တွင်လည်း
တန်ဖိုး နည်းအိမ်ခန်း ၁,၀၀၀ ကျော်ကို ဆောက်လုပ် သွားမည်ဖြစ်ဟု ထုတ်ပြန်ကြေညာ
ခဲ့သည်။

ယင်းကဲ့သို့ ဆောက်လုပ်ရေးဝန်ကြီးဌနမှ ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ်ရာ
တစ်ခုဖြစ်သော ရွှေလင်ပန်းအိမ်ရာမှ အခန်း များကို ပိုင်းလော့ ပရောဂျက်အနေဖြင့်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် နှင့် ချိတ်ဆက်ကာ အရစ်ကျနှစ်ရှည်ချေးငွေ ဖြင့်
ရောင်းချခဲ့သော်လည်း အောင်မြင်သည့် အဆင့်သို့ မရောက်ခဲ့သည့်အတွက် ယခုကဲ့သို့
ငွေစုကဏ္ဍကို ဖော်ဆောင်ကာ လုပ်ဆောင် ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က ပြောသည်။

"ရွှေလင်ပန်းအိမ်ရာကို ပိုင်းလော့ပရော ဂျက်နဲ့ ရောင်းခဲ့ပေမဲ့ အောင်မြင်တဲ့ အနေ အထားကို
မရောက်ခဲ့ဘူး။ တကယ်ရောင်း နိုင်မယ့် အားကို မ၀ယ်နိုင်ခဲ့ကြဘူး။ ၀ယ်လိုအားများပေမဲ့
ဝယ်မယ့်သူက ငွေမရှိကြတော့ မ၀ယ်နိုင်ကြဘူး။ အဲ့ဒါ စုဆောင်းငွေမရှိကြလို့။ ဒါ့ကြောင့်
ကျွန်တော်တို့က အိမ်ရာ ငွေကြေးစုတဲ့ကဏ္ဍကို လုပ်ပြီးတော့ ပြည်သူ တွေ ငွေစုတတ်ပြီး
ဝယ်နိုင်တဲ့ အင်အားများလာအောင် လုပ်ပေးနေတာပါ"ဟု ၎င်းက ပြောသည်။

ယခင်ရောင်းချခဲ့သည့် သိန်း ၁၀၀ ကျော် တန်ဖိုးနည်း အခန်းများကို ၀င်ငွေနည်းပြည်သူများ
ဝယ်ယူနိုင်ရေးကို ဦးစားပေးရောင်းချခဲ့ သော်လည်း အများစုမှာ ပထမဦးဆုံး လက်ငင်း
ချေရသည့် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ကျပ်သိန်း ၃၀ ခန့်ကို မပေးချေနိုင်၍ လက်တွေ့ တွင်
အမှန်တကယ် ၀င်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်မှုနည်းခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်က
ပြောသည်။

"၃၀ ရာခိုင်နှုန်းအတွက် ငွေတန်းချေဖို့မရှိ ဘူး။ ၃၀ ရာခိုင်နှုန်းပေးဖို့ ငွေစုရမယ်။ ဒါပေမဲ့
လူတွေက ငွေစုဆောင်းတဲ့ အကျင့်မရှိဘူးဖြစ် နေတယ်။ အဲဒါကြောင့် အခုကျွန်တော်တို့
ဘဏ်ကလုပ်ပေးတဲ့ စုငွေကနေ ဆက်လက် စုသွားဖို့ပဲ။ သူတို့တတ်နိုင်သလောက် စုရင်း
သိန်း ၃၀ ပြည့်လို့ ၀ယ်နိုင်တဲ့အချိန်ကျရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း သူတို့ကို
ဦးစားပေးပြီး ရောင်းသွားမယ်"ဟု ၎င်းက ပြောသည်။

ဝင်ငွေနည်းပြည်သူများအတွက် အိမ်ပိုင်၊ အခန်းပိုင်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေး
ဝန်ကြီးဌနက ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်
မတည်ရင်းနှီးငွေ ကျပ် ဘီလျံ ၁၀၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆောက်လုပ်ရေးနှင့် အိမ်ရာ
ဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် နိုင်ငံတကာဘဏ်များထံမှ အတိုးနှုန်းနည်းချေးငွေဖြင့် ချေးငွေရရှိကာ
မြန်မာနိုင်ငံတွင်လည်း အတိုးနှုန်းနည်းဖြင့် ပြန်ချေးရန် ကြိုးပမ်းလျက်ရှိသော်လည်း
ဘဏ်တည်ထောင်ပြီးသည်မှာ နှစ်နှစ်ခန့်သာရှိသေး သည့်အတွက် နိုင်ငံတကာချေးငွေများ
လက်ရှိ အချိန်ထိ မရရှိသေးပေ။



Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service