ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည်

ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
5 Oct 2016 10:31 am တွင် တင်ခဲ့သည်
1097 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ကမ္ဘာလှည့်ခရီးသည်များအပန်းဖြေရန်ရည်ရွယ်ကာ ၁ ဒသမ ၈ မိုင်ရှည်လျားသော အပန်းဖြေတူးမြောင်းဖောက် လုပ်လျက်ရှိရာ ယခုအခါ အပြီးသတ်ပြီးဆုံးခဲ့ပြီဖြစ်သောကြောင့် လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တူးမြောင်းမှာအလျား ၁ ဒသမ ၈ မိုင်၊ အကျယ်အ၀န်း ၈၀ မီတာ (၂၆၂ ပေ) မှ ၁၂၀ မီတာ (၃၉၃ ပေ)၊ အနက် ၆ မီတာ (၁၉ ပေ) ခန့် ရှိသည်။

တူးမြောင်းဖြတ် တံတားတို့မှာ ၈ မီတာ (၂၆ ပေကျော်) မြင့်မား စွာဆောက်လုပ်ထားသောကြောင့် တူးမြောင်းအတွင်း ၂၄ နာရီပတ်လုံး အန္တရာယ်ကင်းရှင်းစွာ လွတ်လွတ်လပ်လပ် သွားလာနိုင်မည် ဖြစ်သည်။

ဒူဘိုင်းလမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (RTA) က ကမကထပြု ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းအတွက် စုစုပေါင်း ကန်ဒေါ်လာ ၅၄၄ သန်း ကုန်ကျခဲ့သည်။

ဒူဘိုင်းမြို့လယ်တွင် ဖြတ်ဖောက်ထားခဲ့သော ဒူဘိုင်းချောင်း Dubai Creek ကို အာရေးဗီးယန်းပင်လယ်ကွေ့နှင့် ဆက်သွယ်ပေးခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတူးမြောင်းဝန်းကျင်တွင် ဈေးဝယ်စင်တာသစ်တစ်ခု၊ ဟိုတယ် ၄ ခု၊ စားသောက်ဆိုင်ပေါင်း ၄၅၀ နှင့် ဇိမ်ခံလူနေအိမ်ရာများလည်း ပါဝင်သည်ဟု ဆိုသည်။

တူးမြောင်းတစ်လျှောက် တံတား ၃ စင်းတည်ဆောက်ပါဝင်ပြီး ရှိတ်ခ်ဇာယက်လမ်း၊ အယ်လ်ဝါဆာလမ်းနှင့် ဂျူမေရာလမ်းမကြီးများပေါ်တွင် ဖြစ်သည်။

ရှိတ်ခ်ဇာယက်လမ်းရှိ တံတားတွင် ၀ဲယာလမ်းများတစ်ဘက်စီတွင် ၈ လမ်းသွားစီ ဖောက်လုပ်ထားသည်ဟု ဆိုသည်။

ယင်းတံတား ၃ စင်းလုံးတွင် လူသွားလမ်းများလည်း ထည့်သွင်းဆောက်လုပ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဒူဘိုင်းတွင် ကန်ဒေါ်လာ သန်း ၅၀၀ ကျော်အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် အပန်းဖြေတူးမြောင်းကြီးကို လာမည့် နိုဝင်ဘာတွင် ဖွင့်လှစ်တော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service