အိမ်ဈေးကွက်တည်ငြိမ်စေရန် တရုတ် ကြိုးပမ်း

အိမ်ဈေးကွက်တည်ငြိမ်စေရန် တရုတ် ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
5 Oct 2016 10:01 am တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတစ်ဝန်း မြို့ကြီးများက မြင့်တက်လာသော အိမ်ဈေးများကို တည်ငြိမ်စေရန် ကြိုးပမ်းနေ
ကြသည်ဖြစ်ရာ ပေကျင်း၊ ဟယ်ဖေ၊ ကျီနန်၊ ၀ူရှီ၊ ကျန်ကျိုး၊ ချိန်တူနှင့် ထျန်ကျင် စသည့်
တရုတ်မြို့ကြီး ၇ မြို့က အိမ်ဝယ်ယူမှုနှင့်ပတ်သက်၍ စည်းမျဉ်းတင်းကျပ်မှုအသစ်များကို
ကြေညာလိုက်သည်။

စက်တင်ဘာလ ၃၀ ရက်က ပေကျင်းသည် ပထမအကြိမ်အိမ်ဝယ်ယူသူများ အရစ်ကျပေး
မသွင်းမီ လက်ငင်းပေးသွင်းရမည့် ငွေပမာဏကို အနည်းဆုံး အိမ်၏ ၃၅ ရာခိုင်နှုန်းသို့ တိုး
မြှင့်ခဲ့သည်။ ယင်းတိုးမြှင့်မှုသည် တရုတ်မြို့ကြီးများအနက် အမြင့်ဆုံးနှုန်း ၁ ခုဖြစ်သည်။

တရုတ်အရှေ့ပိုင်း အန်ဟွေပြည်နယ် မြို့တော် ဟယ်ဖေတွင် အစိုးရက မြို့၏ အိမ်ခြံမြေ
ဈေးကွက်တည်ငြိမ်နေစေရေး ယခုနောက်ဆုံးကြိုးပမ်းမှုအဖြစ် အောက်တိုဘာလ ၂ ရက်
က သတင်းစာရှင်းလင်းပွဲ ၁ ခုတွင် ထပ်မံတင်းကျပ်လိုက်သော စည်းမျဉ်း ၁၀ ချက်ကို ကြေ
ညာခဲ့သည်။

ကြေညာပြီးသည်နှင့်တစ်ပြိုင်နက် စတင်အာဏာသက်ရောက်ခဲ့သော ထိုမူဝါဒသစ်များအ
နက် ထိုမြို့၌ နေအိမ် ၂ လုံးထက်မနည်း ပိုင်ဆိုင်ပြီးသော မြို့ခံမိသားစုများထံ အိမ်သစ်
ရောင်းချမှုများရပ်ဆိုင်းခြင်းလည်း ပါဝင်သည်ဟု အန်ဟွေသတင်းဝက်ဘ်ဆိုက်ဒ် www.
ahwang.cn တွင် ဖော်ပြထားသည်။

မြို့လယ်ကောင်နေရာများတွင် ပထမအကြိမ်အိမ်ဝယ်ယူသူများအနေဖြင့် အိမ်တန်ဖိုး၏
၃၀ ရာခိုင်နှုန်းထက်မနည်းကို လက်ငင်းပေးသွင်းရမည့်အချက်လည်း ပါဝင်သည်။

ရှန်သုန်ပြည်နယ်အရှေ့ပိုင်း ကျီနန်မြို့တွင် အိမ် ၃ အိမ်ပိုင်ဆိုင်ပြီးသော ဒေသခံများ
အား ထပ်မံဝယ်ယူခွင့်ပိတ်ပင်ခဲ့ပြီး ပထမအကြိမ်ဝယ်ယူသူများ လက်ငင်းပေးသွင်းရမည့်
ငွေပမာဏကိုလည်း ယခင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ အသေး
စိတ်အား မြို့အစိုးရ၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားသည်။

နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ၀ူရှီမြို့တွင်လည်း ဒုတိယအကြိမ်အိမ်ဝယ်ယူသူများ
လက်ငင်းပေးသွင်းရမည့် ငွေပမာဏကို ယခင် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ တိုး
မြှင့်သတ်မှတ်ခဲ့သည်။

နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်ကျိုးမြို့၏ အိမ် ၂ အိမ် ပိုင်ဆိုင်ပြီးသော ဒေသခံ
များနှင့် အိမ် ၁ အိမ်ပိုင်ဆိုင်ပြီးသော ဒေသခံမဟုတ်သူများသည် ၁၈၀ စတုရန်းမီတာ
ထက် ကြီးသော အိမ်များကိုသာ ၀ယ်ယူခွင့်ရှိတော့မည်ဖြစ်သည်။ ကျန်ကျိုးမြို့အစိုးရ
က အောက်တိုဘာလ ၁ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချိန်တူမြို့တွင် အချို့ခရိုင်များ၌သာ အိမ်
ဝယ်ယူခွင့်ရှိတော့မည်ဖြစ်ပြီး ဒုတိယအကြိမ်ဝယ်ယူသူများသည် အိမ်တန်ဖိုး၏ ၄၀
ရာခိုင်နှုန်းထက်မနည်းကို လက်ငင်းပေးသွင်းရမည်ဖြစ်ကြောင်း ဒေသခံအစိုးရက
ကြေညာခဲ့သည်။

ကတိပေးထားသည့် အချိန်တွင် ဆောက်လုပ်ရေးမစသေးသည့် developer များကို
အရေးယူမည်ဖြစ်ကြောင်းလည်း ချိန်တူအစိုးရက ထုတ်ပြန်ခဲ့သည်။

နိုင်ငံမြောက်ပိုင်း ထျန်ကျင်မြို့က ၎င်း၏ ထပ်မံတင်းကျပ်လိုက်သော မူဝါဒများကို
စက်တင်ဘာလ ၃၀ ရက်က ကြေညာခဲ့သည်။ ဒေသခံမဟုတ်သူများအား မြို့လယ်
ကောင်နေရာများတွင် ဒုတိယအကြိမ်အိမ်ဝယ်ခွင့်အား တားမြစ်ကြောင်း မြို့အစိုး
ရ၀က်ဘ်ဆိုက်ဒ်တွင် ဖော်ပြခဲ့သည်။ ဒေသခံမဟုတ်သူများသည် ထိုနေရာများတွင်
ပထမအကြိမ်ဝယ်ယူခြင်းဖြစ်ပါကလည်း အိမ်၏ ၄၀ ရာခိုင်နှုန်းထက်မနည်းကို
လက်ငင်းပေးသွင်းရမည်ဖြစ်သည်။

တရုတ်သည် ယခုနှစ်မကုန်မီ မြို့အားလုံးတွင် အိမ်မှတ်ပုံတင်များအားလုံးကို
တစ်ပြေးညီဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်နေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service