မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်းဆောင်ရွက်ရန်ပျက်ကွက်လျှင် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်းဆောင်ရွက်ရန်ပျက်ကွက်လျှင် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည် - Property News in Myanmar from iMyanmarHouse.com
4 Oct 2016 10:23 am တွင် တင်ခဲ့သည်
1834 ကြိမ် ကြည့်ရှု့ပြီး
အသုံးပြုခြင်းမရှိ သေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင် ရွက်ရန် ပျက်ကွက်ပါက အာမခံကြေး ကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရ မည့်အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခံရမည်ဟု စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ နည်းဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိထားသူသည် မူလခွင့်ပြုကာလ အတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်လျှင် တင်သွင်းထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာ ငွေအဖြစ် သိမ်းဆည်းခြင်းခံရမည့် အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။

ခွင့်ပြုဧရိယာအတွင်း ဆောင်ရွက် နိုင်ခြင်းမရှိသေးသည့် ဧရိယာများနှင့် ပတ်သက်၍ ၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီအသစ်ပြင်ဆင်ဖွဲ့စည်းမည့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ကြီးကြပ် ကွပ်ကဲမှုဖြင့် ကွင်းဆင်းစစ်ဆေး၍ ခွင့်ပြုဧရိယာအတွင်းမှ ပယ်ဖျက် နိုင်ရန် ဗဟိုကော်မတီသို့ တင်ပြ ဆောင်ရွက်စေမည်ဖြစ်ပြီး ဗဟို ကော်မတီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းခွင့်ပြုမိန့်အား တရားဝင် ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၄၁) ရက်မြောက်နေ့ တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၏ ''၂ဝ၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အသင်းအဖွဲ့များနှင့် ထိုအသင်းအဖွဲ့ များ ရယူပိုင်ဆိုင်ထားသည့် မြေယာ များအပေါ် ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက ထိုသို့ဖြေကြားခဲ့ခြင်းဖြစ် သည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်း၏ ''မြစ်ဝှမ်း ဒေသရှိ ပုံစံ (၇) ရှိသော ကိုင်းကျွန်း မြေများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ'' မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရေနံမြေများ တွင် တည်ရှိသော မြေများသည် လယ်ယာမြေဥပဒေတွင် အဓိပ္ပာယ်ဖွင့် ဆိုထားသော လယ်ယာမြေဆိုသည့် စကားရပ်တွင် အကျုံးဝင်ခြင်းမရှိ ပါသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးနိုင်ခြင်း မရှိပါ ကြောင်း။

ယင်းဧရိယာများကို ရေနံမြေ ဧရိယာအဖြစ်မှ ပယ်ဖျက်၍ နိုင်ငံ တော်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်အပ်နှံပြီးမှသာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့် ဆင့်၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူ များ တရားဝင်လုပ်ကိုင်ခွင့်ရရှိနိုင် ရေးကို စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ ပုံစံ (၇) မရရှိသေးသော မြေများနှင့်ပတ်သက်၍ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်းမရှိပါ ကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ ''စိုက်ပျိုးစရိတ် ချေးငွေအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် တောင်သူ လယ်သမားတစ်ဦးချင်းစီ၏ တာဝန်ယူ မှု၊ တာဝန်ခံမှုဖြင့် ထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်သော အကျိုးပြုစိုက်ပျိုး နည်းပညာ သင်တန်းများအား ကျေးရွာအုပ်စုအထိ သွားရောက် သင်တန်းပေးရန် အစီအစဉ်ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က စိုက်ပျိုးစရိတ်ချေးငွေများကို လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် တောင်သူလယ်သမားများ၏ အဖွဲ့အလိုက် တာဝန်ခံမှုစနစ်ဖြင့်သာ ဆက်လက်ထုတ်ချေးသွားရန် အစီ အစဉ်ရှိပါကြောင်း။

မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးသန့်မျိုးပွားစေ့ ထုတ်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာပြန့်ပွားရေးသင်တန်းများနှင့် ဆွေးနွေးပွဲများဆောင်ရွက်ခြင်း၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြည်ပစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ရာသီဥတု နှင့် လိုက်လျောညီထွေသော စိုက်ပျိုး ရေးဆိုင်ရာ သင်တန်းများ၊ ဆွေးနွေး ပွဲများ၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာ အသိပညာများ၊ မြေဆီလွှာဆိုင်ရာ အသိပညာများ၊ မျိုးပြောင်းလဲမှုဆိုင်ရာ အသိပညာများ၊ ပိုးမွှားနှင့် ရောဂါ ဆိုင်ရာ အသိပညာများ၊ မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိ ပညာများပါဝင်သည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးသင်တန်း နှင့် ဆွေးနွေးပွဲများကို ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဝန်ထမ်းများက ကျေးရွာများ အရောက် သွားရောက်သင်တန်းပို့ချ ခြင်းများကို ဆောင်ရွက်လျက်ရှိပါ
ကြောင်း ဖြေကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ''ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးအဖွဲ့ဥပဒေ ကို ရုပ်သိမ်းသည့်ဥပဒေကြမ်း''ကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့ပြီး ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service