Johnson & Johnsonကုမ္ပဏီပိုင်ရှင်၏ စတုတ္ထမြောက်သမီးဖြစ်သူအဲလစ်ဇဘက်ဂျွန်ဆင်ကနယူးယောက်ရှိဧက ၆၀၀ ကျော် ကျယ်ဝန်းသော မြင်းခြံကြီးကိုကန်ဒေါ်လာ ၂၈ သန်းကျော်ဖြင့် ရောင်းချမည်

Johnson & Johnsonကုမ္ပဏီပိုင်ရှင်၏ စတုတ္ထမြောက်သမီးဖြစ်သူအဲလစ်ဇဘက်ဂျွန်ဆင်ကနယူးယောက်ရှိဧက ၆၀၀ ကျော် ကျယ်ဝန်းသော မြင်းခြံကြီးကိုကန်ဒေါ်လာ ၂၈ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
3 Oct 2016 10:53 am တွင် တင်ခဲ့သည်
1734 ကြိမ် ကြည့်ရှု့ပြီး
Johnson & Johnsonကုမ္ပဏီကိုတည်ထောင်ခဲ့သူ ရောဘတ်ဝုဒ်ဂျွန်ဆင် I ၏ သားဖြစ်သူရောဘတ်ဝုဒ်ဂျွန်ဆင် III တွင် ရောဘတ်ဝုဒ်ဂျွန်ဆင် IV ၊ ကိတ်ဂျွန်ဆင်၊ ဘီလီဂျွန်ဆင်၊ အဲလစ်ဇဘက်ဂျွန်ဆင်နှင့် ခရစ္စတိုဖာ ဂျွန်ဆင်ဟူသောသားသမီး ၅ ဦးထွန်းကားသည်။
အဆိုပါ ၅ ဦးအနက် စတုတ္ထမြောက်သမီးဖြစ်သူအဲလစ်ဇဘက်ဂျွန်ဆင်သည် ယခုအခါ နယူးယောက်မြို့၊ မေးလ်ဘရွတ်ခ်ကျေးရွာရှိ မြင်းခြံကြီးကိုကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အကယ်၍ အဆိုပါခေါ်ဈေးဖြင့်သာရောင်းထွက်ခဲ့မည်ဆိုပါကမေးလ်ဘရွတ်ကျေးရွာတွင် တန်ဖိုးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်မည် ဖြစ်သည်။
မေးလ်ဘရွတ်ခ်ကျေးရွာသည် နယူးယောက်မြို့မှ မိုင် ၉၀ ခန့် ကွာဝေးသောအရပ်တွင်တည်ရှိသည်။
“လျှပ်စီးသစ်ပင်ယာတော”ဟုလူသိများသောအဆိုပါမြင်းခြံကြီးတွင် အိပ်ခန်း ၉ ခန်းပါ နေအိမ်တစ်လုံးပါဝင်သည်။

ယင်းနေအိမ်ကိုဂရိရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၈၅၀ ပြည့်နှစ်ဝန်းကျင်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ဧည့်ဂေဟာဆောင် ၄ ခု ၊ မြင်းဇောင်း ၁၈ ခု၊ မြင်းစီးကွင်းနှင့် စားကျက်များ ပါဝင်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ဧက ၆၀၀ ကျော် ကျယ်ဝန်းပြီး ကိုယ်ပိုင် ရဟတ်ယာဉ်ကွင်းတစ်ခုပင် ပါဝင်သည်။
ပင်ပနေအိမ်၏ အကျယ်အ၀န်းမှာ စတုရန်းပေ ၁၈၀၀၀ ခန့်ကျယ်ဝန်းပြီး ဓာတ်လှေကားတစ်ခုပါဝင်သည်။
နေအိမ်အတွင်းတွင် ရုပ်ရှင်ရုံတစ်ခုပါဝင်ပြီး ခြံဝန်းအတွင်း၌ ရေကူးကန်နှင့် ကလေးကစားကွင်းတို့ ပါဝင်သည်။

မစ္စဂျွန်ဆင်သည် ယင်းနေအိမ်ကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင် အနီးတွင်ကပ်လျက်ရှိသော ခြံဝန်းများကို ဆက်လက်ဝယ်ယူခဲ့ရာမှ ယခုအကျယ်အ၀န်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုမြင်းခြံကျယ်ကြီးကိုရောင်းချရခြင်း၏ အကြောင်းရင်းမှာမစ္စဂျွန်ဆင်၏ သားသမီးများမှာနေအိမ်အသီးသီးဖြင့် ကိုယ်စီနေထိုင်လျက် ရှိကြပြီဖြစ်ပြီးအဆိုပါခြံသို့ လာရောက်ကြခြင်းမရှိကြတော့သည့်အတွက် ရောင်းချခြင်းဖြစ်သည်ဟု ဂျွန်ဆင်မိသားစု၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service