အစိုးရသစ်လက်ထက် ဟိုတယ် ၁၇ လုံး တည်ဆောက်ခွင့်ပေးထား

အစိုးရသစ်လက်ထက် ဟိုတယ် ၁၇ လုံး တည်ဆောက်ခွင့်ပေးထား - Property News in Myanmar from iMyanmarHouse.com
3 Oct 2016 10:30 am တွင် တင်ခဲ့သည်
1446 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိ အစိုးရသစ်လက် ထက်တွင် ချင်းပြည်နယ် ကန် ပက်လက်မြို့၌ ပထမဆုံးတည် ဆောက်မည့် ဟိုတယ်တစ်လုံးအပါအ၀င် ဟိုတယ် ၁၇လုံးဆောက် လုပ်ရန် ခွင့်ပြုချက်ချထားပေး ကြောင်းဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

အစိုးရသစ် စတင်တာဝန်ယူ သည့် ဧပြီမှ စက်တင်ဘာအတွင်း ၀န်ကြီးဌာနထံ ဆောက်လုပ်ခွင့် တင်ပြလာသည့် ဟိုတယ် ၁၇ လုံး၊ အခန်း ၁,၀၈၅ ခန်းကို ဆောက်လုပ်ခွင့်ပါမစ်ချထားပေး ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယအ မြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းက ပြောသည်။

‘‘ကျွန်တော်တို့ဘက်က ပါမစ်ချထားပေးပြီးပြီဆိုရင် ဒီပါမစ် မှာပါတဲ့ ဆိုက်ပလန် အပါအ၀င် သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ညီ အောင်ဆောက်လုပ်ရပါတယ်။ ဒါပြီးရင် လိုင်စင်ဆက်ပေးမှာဖြစ် ပါတယ်။ လက်ရှိ အချိန်အထိ ဆောက်လုပ်ဖို့ တင်ထားတာတွေ လည်းရှိပါတယ်။ သူက သိပ်တော့မများပါဘူး။ အလွန်ဆုံးရှိ လေးလုံးပေါ့။ ဒီလောက်ပဲရှိပါတယ်’’ဟု ဦးလှိုင်ဝင်းက ပြောသည်။

ဆောက်လုပ်ခွင့်ချထားပေး သောဟိုတယ်များမှာ ရန်ကုန် တိုင်းဒေသကြီးတွင် ခုနစ်လုံး၊ ငွေ ဆောင်ကမ်းခြေတွင် တစ်လုံး၊ ချင်းပြည်နယ် ကန်ပက်လက်တွင် တစ်လုံး၊ ကျိုက်ထိုနှင့် မော်လမြိုင် တွင် နှစ်လုံး၊ ကရင်ပြည်နယ် ဘားအံမြို့တွင် လေးလုံး၊ ရခိုင် ပြည်နယ် ဂွမြို့တွင် တစ်လုံး၊ ရှမ်း ပြည်နယ် ကလောမြို့တွင် တစ်လုံးတို့ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် ယခုနှစ် သြဂုတ် လကုန်အထိ ဟိုတယ်နှင့် တည်းခို ခန်း ၁,၃၇၀ ကျော်အတွက် ဟို တယ်၊ တည်းခိုခန်းဖွင့်လှစ်ခွင့် လုပ်ငန်းလိုင်စင်များ ချထားပေး ပြီးဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မ တိုင်မီက ခရီးသွားလုပ်ငန်းဖွံ့ဖြိုး မှုနည်းပါးခြင်းကြောင့် ၂၀၁၁ ၌ ဟိုတယ်နှင့် စီးပွားရေးအဆောက် အအုံစီမံကိန်း ၃၆ ခု နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၄၄ ဒသမ ၄၁၉ သန်းသာ ရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးရေး နှင့် ဟိုတယ်လုပ်ငန်းများ ပြန် လည်ဖွံ့ဖြိုးလာစေရန် စီမံချက် များ ထားရှိလုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်မှု ရှေ့အလားအလာစာ တမ်း၌ ဖော်ပြထားသည်။

ထိုသို့ ဆောင်ရွက်မှုကြောင့် ၂၀၁၁ မှ ပြီးခဲ့သည့် ဇူလိုင်အထိ ဟိုတယ်၊ ခရီးသွားကဏ္ဍများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခု ရှိလာကာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂,၉၁၈ ဒသမ ၅,၂၅၄ သန်းထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စာတမ်းကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service