စစ်တွေမြို့အနီးက မြေကိစ္စ စုံစမ်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်း

စစ်တွေမြို့အနီးက မြေကိစ္စ စုံစမ်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
30 Sep 2016 11:27 am တွင် တင်ခဲ့သည်
1392 ကြိမ် ကြည့်ရှု့ပြီး
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရင်အစိုးရလက်ထက်က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေတွေ ကို ပြည်နယ်အဆင့် အစိုးရအရာရှိတွေက အသီးသီးခွဲဝေယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကိုယ်စားလှယ် ၇ ဦးပါဝင်တဲ့ စိစစ်ရေးအဖွဲ့တစ်ခုကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါတယ်။

ဒီအဖွဲ့အနေနဲ့ စိစစ်ရေးလုပ်ငန်းတွေကို ဒီနေ့စတင်ဆောင်ရွက်နေပြီ ဖြစ်သလို မြေကွက်နဲ့ သက်ဆိုင်သူတွေ အားလုံးကို စိစစ်သွားမှာဖြစ်တယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စစ်တွေမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးကပြောပါတယ်။

"စစ်ဆေးရမှာက မြေယာစီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေပါမယ်၊ မြေကွက်တွေကို ခွဲခြမ်းပေးရာမှာပါတဲ့ စက်မှုဝန်ကြီးချုပ်ကော်မတီ ဆိုတာမျိုးတွေပါမယ်၊ မူလပိုင်ရှင်တွေဖြစ်ကြောင်း ပြောဆိုတဲ့တောင်သူတွေပါမယ်"

ဒီစိစစ်ရေးအဖွဲ့အနေနဲ့ မြေကွက်တွေ ချထားပေးတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ မရှိ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ မိမိလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး ဆောင်ရွက်ခဲ့ခြင်းရှိ မရှိ၊ အဲဒီမြေကွက်တွေကို ဂရန်ထုတ်ပေးရာမှာ ထွေ/အုပ် ရုံးချုပ်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီခြင်း ရှိ မရှိ စတဲ့ အချက် ၁ဝ ချက် ကျော်ကိုအခြေခံ စိစစ်ရမှာဖြစ်ပြီး ၂ လအတွင်း ရခိုင်ပြည်နယ် လွှတ်တော်ကို အစီရင်ခံစာ တင်ပြရမှာဖြစ်ပါတယ်။

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေဧက ၅ဝဝ ကျော်ကို အစိုးရသစ်ကို အာဏာမလွှဲပြောင်းမီကာလအတွင်းမှာ အရင်အစိုးရက ဌာနဆိုင်ရာအရာရှိတွေအပြင် နီးစပ်ရာပုဂ္ဂိုလ်တွေကို ခွဲဝေချထားပေးခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေရှိလာခဲ့တဲ့နောက် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌက စက်တင်ဘာ ၂၆ ရက်နေ့ကကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ စိစစ်ရေးအဖွဲ့ကို အတည်ပြု တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Credit: RFA Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service