လန်ဒန်ရှိ မလေးရှားပိုင် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးရုံဟောင်းကြီးကို ပြန်လည်ပြုပြင်ကာ Apple က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိရာ မလေးရှား developer တို့အတွက် အခွင့်အလမ်းကောင်းဖြစ်

လန်ဒန်ရှိ မလေးရှားပိုင် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးရုံဟောင်းကြီးကို ပြန်လည်ပြုပြင်ကာ Apple က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိရာ မလေးရှား developer တို့အတွက် အခွင့်အလမ်းကောင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
30 Sep 2016 11:19 am တွင် တင်ခဲ့သည်
1671 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ မလေးရှားပိုင် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးရုံဟောင်းကြီးကို ပြန်လည်ပြုပြင်ကာ Apple က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိရာ မလေးရှား developer တို့အတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘက်တာဆီးအမည်ရှိ ဓာတ်အားပေးစက်ရုံကြီးကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါစက်ရုံဟောင်းကြီးကို ပြန်လည်မွမ်းမံကာ လက်လီအရောင်းဆိုင်နှင့် လူနေဘက်စုံသုံးအဖြစ် အသုံးပြုရန် ပြင်ဆင်လျက်ရှိရာ Apple က ယင်းစက်ရုံနေရာ ထက်ဝက်နီးပါး (စတုရန်းပေ ၅၀၀၀၀ ခန့်)အသုံးပြုကာ ရုံးစိုက်မည် ဖြစ်သည်။

လာမည့် ၂၀၂၁ ခုနှစ်တွင် Apple က စတင်ရွှေ့ပြောင်းမည်ဖြစ်ပြီး လန်ဒန်မြို့ဝန်းကျင်တွင် ပြန့်ကျဲနေသော ရုံးများမှ ၀န်ထမ်းပေါင်း ၁၄၀၀ ခန့်ကို ရုံးသစ်တွင် စုစည်းပေးမည် ဖြစ်သည်။

“Apple ကို ဘက်တာဆီး ဓာတ်အားပေးစခန်းရုံးသစ်ကနေ ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။
ဒီအဆောက်အအုံကို ပြန်လည်ပြုပြင်မှုဟာ လန်ဒန်ရဲ့အထင်ကရအဖြစ်ဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု Battersea Holding Co Ltd မှ ဥက္ကဌ ဂျိုဟန် အေရီဖင်က ပြောကြားသည်။

“ဒီလို နည်းပညာဘိုးအေကြီး ရွှေ့ပြောင်းလာမှုကြောင့် ကူးသန်းရောင်းဝယ်ရေး၊ လက်လီနဲ့ လူနေကဏ္ဍတွေဟာ ဘက်တာဆီးကို ပိုပြီး စိတ်ဝင်စားလာကြစေပါတယ်”ဟုလည်း ဂျိုဟန်က ပြောကြားသည်။

အဆိုပါစက်ရုံအဆောက်အအုံကို လူနေ၊ လက်လီနှင့် ရုံးခန်း ဘက်စုံသုံးအဖြစ် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်မည်ဖြစ်ပြီး စက်ရုံ၏ မြေအကျယ်အ၀န်းမှာ ၁၇ ဟက်တာ (၄၂ ဧက) ကျယ်ဝန်းသည်။

စက်ရုံကိုပိုင်ဆိုင်သည်မှာ ဗြိတိန်အခြေစိုက် ဘက်တာဆီး ဓာတ်အားပေးစက်ရုံဖွံ့ဖြိုးရေး ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီကို မလေးရှားအခြေစိုက် Sime Darby Bhd နှင့် S P Setia Bhd တို့မှ ပိုင်ဆိုင်သည်။

အဆိုပါစီမံကိန်းအတွက် ဆောက်လုပ်မှုများ စတင်လျက်ရှိပြီဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် လူနေတို့အတွက် ၅၀း ၅၀ နေရာသတ်မှတ်ဆောက်လုပ်မည် ဖြစ်သည်။

Apple ၏ ရွှေ့ပြောင်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်လာစေကာ လန်ဒန်သားတို့အတွက် စီးပွားရေးအခွင့်အလမ်းများ များပြားလာစေမည်ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်ရှိ မလေးရှားပိုင် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးရုံဟောင်းကြီးကို ပြန်လည်ပြုပြင်ကာ Apple က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိရာ မလေးရှား developer တို့အတွက် အခွင့်အလမ်းကောင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ မလေးရှားပိုင် ကျောက်မီးသွေးစွမ်းအင်သုံးဓာတ်အားပေးရုံဟောင်းကြီးကို ပြန်လည်ပြုပြင်ကာ Apple က လန်ဒန်ရုံးချုပ်အဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိရာ မလေးရှား developer တို့အတွက် အခွင့်အလမ်းကောင်းဖြစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service