ဟောလိဝုဒ်ဂန္ထ၀င်သရုပ်ဆောင် ဂျိမ်းစ်ဖွန်ဒါ၏ ဖခင် အော်စကာဆုရှင် မင်းသားကြီး ဟင်နရီဖွန်ဒါ၏နေအိမ်ကို အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ၀ယ်ယူ

ဟောလိဝုဒ်ဂန္ထ၀င်သရုပ်ဆောင် ဂျိမ်းစ်ဖွန်ဒါ၏ ဖခင် အော်စကာဆုရှင် မင်းသားကြီး ဟင်နရီဖွန်ဒါ၏နေအိမ်ကို အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
30 Sep 2016 11:13 am တွင် တင်ခဲ့သည်
1429 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်ဟောလိဝုဒ်ဂန္ထ၀င်သရုပ်ဆောင် ဂျိမ်းစ်ဖွန်ဒါ၏ ဖခင် အော်စကာဆုရှင် မင်းသားကြီး ဟင်နရီဖွန်ဒါ၏နေအိမ် ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ရောင်းချလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချလိုက်သည့်နေအိမ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ အရှေ့ ၇၄ လမ်း၊ အမှတ် ၁၅၁ တွင် တည်ရှိသည်။

၆ ထပ်အဆောက်အအုံဖြစ်ပြီး ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေအိမ်သည် အရောင်းဈေးကွက်သို့ ယခုနှစ် အစပိုင်းကတည်းကပင်ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၄၅ သန်းဖြစ်ကာ ယခုအရောင်းအ၀ယ်ဖြစ်သွားသည်မှာ ကန်ဒေါ်လာ ၉ ဒသမ ၉ သန်းဖြင့် ဖြစ်သည်။

ယခုအရောင်းအ၀ယ်တွင် အိမ်ခြံမြေအကျိုးဆောင်မှာ လက်စ်လီ ဂျေ ဂါးရ်ဖီး ဖြစ်သည်။

အဆိုပါနေအိမ်ကြီးကို ဟင်နရီဖွန်ဒါ မတိုင်မီက ပိုင်ရှင်မှာ အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့၏ သားဖြစ်သူ ဗိုလ်ကြီး ကာမစ် ရုစဗဲ့ ဖြစ်သည်။

ဟင်နရီဖောင်ဒါသည် ယခုနေအိမ်ကို ၁၉၄၉ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး အီတလီမင်းသမီးတစ်ပါးဖြစ်သူ အက်ဖ်ဒီရာ ဖရန်ချက်တီနှင့် အဆိုပါနေအိမ်တွင်၁၉၅၇ ခုနှစ်၌ လက်ထပ်ခဲ့သည်။

ကိုလိုနီရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် နေအိမ်ဖြစ်ပြီး အကျယ်အ၀န်းမှာ စတုရန်းပေ ၅၄၀၀ ခန့် ရှိသည်။

အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ပန်းဥယျာဉ်တစ်ခုနှင့် မီးလင်းဖိုများစွာ ပါဝင်သည်။

ဝယ်ယူလိုက်သည့် ၀ယ်လက်မှာ နယူးယောက်အခြေစိုက် အိမ်ခြံမြေ developer တစ်ဦးဖြစ်သည်ဟု ဆိုသည်။

ဟင်နရီဖွန်ဒါသည် အသက် ၇၇ နှစ်အရွယ် ၁၉၈၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ “On Golden Pond”ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့ပြီးနောက် လပိုင်းအနည်းငယ်တွင် ကွယ်လွန်သွားခဲ့ခြင်းလည်း ဖြစ်သည်။

ဟင်နရီဖွန်ဒါ၏ အမည်အပြည့်အစုံမှာ ဟင်နရီ ဂျိန်းစ်ဖောင်ဒါဖြစ်ပြီး On Golden Pond ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သူ ဖြစ်သည်။

ဟင်နရီဖောင်ဒါ၏ သားသမီးများမှာလည်းနာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင်များ ဖြစ်လာကြပြီး ဂျိမ်းစ်ဖွန်ဒါသည် အော်စကာ ၂ ဆုရရှိခဲ့သည်။

အမေရိကန်ရုပ်ရှင်သိပ္ပံက ဟင်နရီဖောင်ဒါကို သမိုင်းတစ်လျှောက် ဆဌမမြောက် အကြီးမြတ်ဆုံး အမျိုးသားသရုပ်ဆောင်အဖြစ် သတ်မှတ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ဂန္ထ၀င်သရုပ်ဆောင် ဂျိမ်းစ်ဖွန်ဒါ၏ ဖခင် အော်စကာဆုရှင် မင်းသားကြီး ဟင်နရီဖွန်ဒါ၏နေအိမ်ကို အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထ၀င်သရုပ်ဆောင် ဂျိမ်းစ်ဖွန်ဒါ၏ ဖခင် အော်စကာဆုရှင် မင်းသားကြီး ဟင်နရီဖွန်ဒါ၏နေအိမ်ကို အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက ကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် ၀ယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service