ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူသောပုံစံပြောင်းမည်ဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူသောပုံစံပြောင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
30 Sep 2016 10:09 am တွင် တင်ခဲ့သည်
1416 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် လုပ်ဆောင်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ပြီးမှ သာ ကုမ္ပဏီများအား တင်ဒါခေါ် ၍ ကန်ထရိုက်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စီးပွားရေးလုပ်ငန်းရှင်များ သည် ၎င်းတို့ကိုယ်တိုင် ဒီဇိုင်းရေး ဆွဲပြီး ၎င်းတို့၏အကျိုးအတွက် သာ လုပ်ဆောင်သောကြောင့် အစိုးရလက်ထက်တွင် မြို့သစ် စီမံကိန်းကို ပြည်သူလူထုအကျိုးဖြစ်စေရန် အစိုးရအဖွဲ့က ကြီးကြပ် ကွပ်ကဲခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်၍ အကောင်အထည်ဖော် မည်ဟု ပြောကြားထားကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွား ရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ပြောသည်။

‘‘မြို့သစ်စီမံကိန်းဆိုတာက အစိုးရက အကောင်အထည်ဖော် ရမယ်။ အစီအစဉ်တွေ ရေးဆွဲချ မှတ်ရမယ်။ ဒီဇိုင်းဆွဲမယ်။ ပြီးမှ ကိုယ်လိုချင်တဲ့နေရာတွေကို ကန်ထရိုက်ပေးပြီးတော့ အကောင် အထည်ဖော်ခိုင်းတယ်ဆိုတာ သဘာဝကျပါတယ်’’ဟု၎င်းက ပြောသည်။

အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက် ကမ်းမှစတင်၍ တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က စီစဉ်နေကြောင်း ဒေါ်စန္ဒာမင်းက စက်တင်ဘာ ၂၉ ရက်လွှတ်တော်အပြီးတွင်သတင်းထောက်များအား
ပြောကြားသည်။

‘‘တစ်နှစ်အတွင်းလောက် စတင်အကောင်အထည်ဖော်မယ်။ ၂၀၁၄-၃၀ ဆိုတာ တွက်ထားပြီး ဖြစ်တဲ့အတွက် ဒီတစ်နှစ်အတွင်း မှာ အကောင်အထည်ဖော်ဖို့ရှိ တယ်။ ရန်ကုန်တိုင်းအစိုးရဘက် က အားလုံးအစီအစဉ်ဆွဲပြီးပြီ။ ဒီဇိုင်းဆွဲပြီးပြီဆိုရင် ကျွန်မတို့ လွှတ်တော်ကို လာတင်ပြမယ်။ ပညာရှင်တွေနဲ့ ပြန်ပြီး လွှတ် တော်က မေးခွန်းတွေမေးမယ်။ လွှတ်တော်က အတည်ပြုလိုက် တာနဲ့ တင်ဒါခေါ်ယူလို့ရပြီ’’ဟု ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကုမ္ပဏီသုံးခုက လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့သော်လည်း အစိုးရ အပြောင်းအလဲဖြစ်ပေါ်ခဲ့၍ ယင်း စီမံကိန်းမှာ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပေ။ အစိုးရသစ်လက်ထက် ဖော်ဆောင်မည့် မြို့သစ်စီမံကိန်းအတွက် ယခင်တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီသုံးခုသာမက အခြားကုမ္ပဏီများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ပြန်လည်ရွေးချယ်မည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အကောင်အထည်ဖော် လုပ်ဆောင်မည့် စီမံကိန်း ၂၄ ခုရှိသည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကအသိပေးထားပြီး လက်ရှိ တွင် စီမံကိန်း ၁၁ ခုကို စတင် လုပ်ဆောင်နေကြောင်းနှင့် ယင်းစီမံကိန်း ၁၁ ခုတွင် ကျူးကျော်အရေး၊
မြို့သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်းစီမံကိန်း၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ဘတ်စ်ကားလမ်းအသစ် စီမံကိန်း၊ စက်မှုဇုန် ပြန်လည်လုပ် ဆောင်မည့်စီမံကိန်း၊ ဆိပ်ကမ်း ရွှေ့ပြောင်းမည့် စီမံကိန်း စသည်တို့ပါဝင်ကြောင်း သတင်းရရှိသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service