ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည့် သတ်မှတ်ချက် ပြင်ပေးရန် ၀န်ကြီးချုပ်ထံ တင်ပြ

ကန်ထရိုက်တိုက်များ ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရမည့် သတ်မှတ်ချက် ပြင်ပေးရန် ၀န်ကြီးချုပ်ထံ တင်ပြ - Property News in Myanmar from iMyanmarHouse.com
29 Sep 2016 10:36 am တွင် တင်ခဲ့သည်
1820 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်များတွင် လျှပ်စစ်သုံးစွဲမှု၃၀ ကီလိုဝပ်ကျော်လွန်ပါက ထရန်စဖော်မာတပ်ဆင်ရမည်ဆိုသည့် သတ်မှတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန်စက်တင်ဘာ ၂၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များက စုပေါင်း၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ တင်ပြလိုက်ကြောင်း သတင်းရရှိသည်။

‘‘ ဒီနေ့ပဲ စာတင်လိုက်ပါ တယ်။ ဒီကိစ္စက မြေပြင်အခြေအ နေနဲ့ဘယ်လိုမှ အဆင်မပြေဘူး ဖြစ်နေတယ်။ လုပ်ငန်းရှင်တွေ တော်တော်များများလည်း ဒီကိစ္စ ကြောင့် ဒုက္ခရောက်နေကြတယ်’’ ဟု လိုင်စင်ရကန်ထရိုက်တာအ သင်းမှ ကိုလားဆယ်က ပြော သည်။

ကန်ထရိုက်တိုက်ခန်းများ သည် သြဂုတ် ၁၂ ရက် နောက်ပိုင်း မှစ၍ လူနေထိုင်ခွင့်ကျပြီး လျှပ် စစ်မီးသုံးစွဲရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော် ပိုရေးရှင်းသို့ လျှောက်ထားပါက ကီလိုဝပ် ၃၀ ကျော်လျှင် ကိုယ်ပိုင်ထရန်စဖော်မာ တစ်ပါတည်း တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုက အဆိုပါသတ်မှတ် ချက်အစား ယခင်ကကဲ့သို့ အခန်း၁၈ ခန်း၊ ကီလိုဝပ် ၁၈၀ ကျော်လွန် ပါက ထရန်စဖော်မာတပ်ဆင်ရ မည်ဆိုသည့် မူလသတ်မှတ်ချက် ကို ပြန်လည်ပြင်ဆင်ပေးရန် လိုင် စင်ရကန်ထရိုက်တာလုပ်ငန်းရှင် စုစုပေါင်း ဦးရေ ၄၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး၍ တင်ပြခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တိုးပွားလာ သော လူဦးရေနှင့် အဆောက်အ အုံများကြောင့်လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုများပြားလာ၍ယခုအစီအမံကိုလုပ်ဆောင်ခြင်းဖြစ် ကြောင်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆိုသည်။

ထရန်စဖော်မာကြောင့် ကုန်ကျစရိတ်ပိုမိုလာနိုင်ကာ တိုက်ခန်းများရောင်းချပါက တစ်ခန်းချင်းစီ အလိုက် မူလတန်ဖိုးထက် ပို၍ ဈေးတင်ရောင်းချရမည့် သဘောဖြစ် သွားကြောင်း MKT ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ဆို သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ အ ဆောက်အအုံဆောက်လုပ်ပြီးစီး ကြောင်း ခွင့်ပြုချက်ရရှိသည်နှင့် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင် ရတော့မည်ဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ယခုအစီ အစဉ်ကိုအပြင်းအထန်ဝေဖန် ထားကြသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service