အိုဟောင်းနေသော အဆောက်အအုံများ မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့်

အိုဟောင်းနေသော အဆောက်အအုံများ မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့် - Property News in Myanmar from iMyanmarHouse.com
29 Sep 2016 10:35 am တွင် တင်ခဲ့သည်
892 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိအိုဟောင်းနေသောအဆောက်အအုံများတွင်နေသူများသည် အဆောက်အအုံ၏မြေငလျင်ဒဏ် ခံနိုင်ရည်အားကိုစစ်ဆေးထားသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီအတွင်းရေးမှူး ဦးစောထွေးဇော်က ပြောသည်။

"အဆောက်အအုံဆောက်တာချင်းတူရင် တောင် အောက်ကမြေသားပေါ် မူတည်ပြီး အဆောက်အအုံရဲ့ ခံနိုင်ရည်အား မတူလို့ ဘယ်အဆောက်အအုံက နှစ်ဘယ်လောက် ခံမယ်ဆိုတာမျိုးကိုအတိအကျပြောလို့ မရဘူး။ ရန်ကုန်မြို့ကလည်း ငလျင်အန္တရာယ် အတွက် စိုးရိမ်ရတဲ့
မြို့တစ်မြို့ဖြစ်နေတော့ကိုယ်နေတဲ့အဆောက်အအုံက မြေငလျင် အား ဘယ်လောက်ထိခံနိုင်ရည်ရှိမလဲဆိုတာကို စစ်ဆေးထားသင့်တယ်။စည်ပင်ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းအဆောက်အအုံ ဆောက်ရင် ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမှ ဖြစ်ပေမဲ့ ခွင့်ပြုချက်မဲ့ အဆောက်
အအုံတွေနဲ့ အဆောက်အအုံဟောင်းတွေက ငလျင်ဒဏ် ခံနိုင်ရည် အားနည်းတယ်"ဟု ၎င်းက ပြောသည်။

မိမိနေထိုင်နေသောအိမ်မှာငလျင်ဒဏ်ခံနိုင်သောအိမ် ဖြစ်သင့်သော်လည်း ထိုကဲ့သို့ အိမ်တစ်အိမ်
လုံးကို ပြုပြင်နိုင်စွမ်းမရှိပါက အိမ်အတွင်းမှ အခန်းတစ်ခန်းကို လုံခြုံစိတ်ချစွာ နေထိုင်ရန်
ငလျင်ဒဏ်ခံနိုင်ရည်အားရှိသောအခန်းအဖြစ် ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ နာယက ဒေါ်လှလှအောင်က ပြောသည်။

"နေထိုင်နေတဲ့အိမ်က ငလျင်ဒဏ်ခံနိုင်ရည်အားရှိတဲ့ အိမ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ်က
အဆောက်အအုံဟောင်းတစ်ခုခုမှာ နေထိုင်နေရတာပဲဖြစ်ဖြစ်၊ မြေ ငလျင်ဒဏ်ကို အပြည့်အ၀လုံခြုံမှု ပေးနိုင်တဲ့ အိမ်မှာ နေထိုင်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ်နေထိုင်တဲ့အိမ်ရဲ့ အခန်းတစ်ခန်းကို
ငလျင်ဒဏ်ခံနိုင်တဲ့ လုံခြုံစိတ်ချစွာနေနိုင်မယ့် အခန်းတစ်ခန်းအဖြစ် အသုံးပြုနိုင်ဖို့ ကြိုတင် ပြင်ဆင်
ထားသင့်ပါတယ်။ အခန်းထဲမှာ အသုံး ပြုမယ့် ပရိဘောဂပစ္စည်းတွေကအစ ငလျင် လှုပ်ရင် ပြိုလဲ
မသွားစေဖို့ ဒေါက်တိုင်တွေ သုံးပြီး အခန်းနဲ့ အသေတွဲစပ်ထားဖို့ လိုအပ်ပါတယ်။ ငလျင်ကြောင့်
အဆောက်အအုံ ပြိုကျခြင်းတွေရှိသလို အခန်းတွင်းက ပစ္စည်းတွေပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း
ဖြစ်ပေါ်တတ်လို့ အိမ်ခန်းတွေက ပရိဘောဂပစ္စည်းတွေ ထားသိုပုံကလည်း အရေးကြီးပါတယ်"ဟု
၎င်းကပြောသည်။

ရန်ကုန်မြို့သည်ငလျင်ပြတ်ရွေ့ကြောဘေးတွင်ရှိနေသည့်အတွက် ပြတ်ရွေ့တစ်ခုခု တွင်ငလျင်လှုပ်ခတ်ပါက ရန်ကုန်မြို့ပါထိခိုက်နိုင်ခြေများပြားကြောင်း ဒေါ်လှလှ အောင်က ပြောသည်။

"၁၉၂၇ ခုနှစ်မှာ ရန်ကုန်မှာ ရစ်ခ်ျစတာ စကေး ၇ ဒသမ ၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ဖူးတယ်။၁၉၃၀ ခုနှစ်မှာလှုပ်ခဲ့တဲ့ ပဲခူးငလျင် ကြောင့်လည်းရန်ကုန်မြို့မှာအပျက်အစီးတချို့ရှိခဲ့ပြီး လူ ၅၀ ဦးသေဆုံးခဲ့ရပါတယ်။ ဘယ်ပြတ်ရွေ့ကြောင်းမှာပဲ ငလျင်လှုပ်လှုပ် ပြတ်ရွေ့ဘေးက နေရာတွေက
ထိနိုင်ခြေရှိလို့ ပြတ်ရွေ့တွေမှာ ငလျင်လှုပ်ခဲ့ရင် ရန်ကုန်မြို့ က ထိနိုင်ခြေရှိပါတယ်"ဟု ၎င်းကပြောသည်။

ယခင်က ရန်ကုန်မြို့တွင် သစ်သားအိမ် များ များပြားသဖြင့် ငလျင်လှုပ်ခတ်ပါက ထိခိုက်နိုင်ခြေနည်းပါးသော်လည်း ယခုအချိန် တွင် ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံ များစွာ ရှိနေခြင်းကြောင့်အဆောက်အအုံ ပြိုလဲ ပျက်စီးနိုင်ခြေနှင့်ထိခိုက်နိုင်ခြေပိုများ ကြောင်း ဒေါ်လှလှအောင်က ပြောသည်။

"အရင်က ရန်ကုန်မြို့မှာ သစ်သားအိမ်တွေပဲရှိတော့ ငလျင်ကြောင့် အဆောက်အအုံ ပြိုတာတွေ၊
အပျက်အစီးဖြစ်တာတွေ သိပ်မရှိ ဘူး။ ဒါပေမဲ့ အခုချိန်မှာ ရန်ကုန်မှာ အထပ် မြင့်အဆောက်အအုံတွေရော၊
အရည်အသွေး နိမ့် အထပ်မြင့်အဆောက်အအုံတွေရော၊ ကန်ထရိုက်တိုက်တွေရော၊ အဆောက်အအုံ
ဟောင်းတွေရော ရောနှောနေလို့ငလျင်ပြင်း ပြင်းသာလှုပ်ခဲ့မယ်ဆိုရင်အဆောက်အအုံပြိုနိုင်ခြေနဲ့ထိခိုက်ပျက်စီးနိုင်ခြေများ ပါတယ်"ဟု၎င်းကပြောသည်။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကို မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိဗေဒပညာရှင်များအသင်းတို့ ပူးပေါင်း ကာ ၁၉၉၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီသည် ငလျင်ဒဏ်ခံနိုင်ရန် အဆောက်အအုံ တည်ဆောက်နည်း လမ်းညွှန်စာအုပ်ကိုထုတ်ဝေခဲ့ပြီး မြို့နယ်များတစ်လျှောက် မြေငလျင်ဆန်းစစ်ချက်များကိုလည်း ယခုလအတွင်း ပြုလုပ်ခဲ့သည်။

ငလျင်လှုပ်ခတ်မည့်အချိန်အတိအကျကို ခန့်မှန်းရန် မလွယ်ကူသော်လည်း ယခုနောက်ပိုင်း ငလျင်များ
ခပ်စိတ်စိတ်လှုပ်ခတ်လာသည်ကို ကြည့်ခြင်းဖြင့် ငလျင်အန္တရာယ်မှာ လည်း သတိထားရမည့်
အခြေအနေဖြစ်လာကြောင်း ဦးစောထွေးဇော်က ပြောသည်။

"မိမိနေထိုင်ရာမြို့နယ်က ဘယ်ငလျင်ဇုန် အတွင်း ကျရောက်နေလဲ၊ ငလျင်ပြင်းအား ဘယ်လောက်ဖြစ်နိုင်လဲ
ဆိုတာကို ငလျင်ဇုန် ပြမြေပုံမှာ ရှာဖွေကြည့်ရှုကာ ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း" ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ငလျင်ပြင်းအားပေါ် မူတည်ပြီး ငလျင်ဇုန်ငါးဇုန် ခွဲခြားထားကာ ငလျင်ဇုန်ပြမြေပုံအနက်
ရန်ကုန်မြို့သည် ပျက်စီးမှုအသင့်အတင့် ရှိနိုင်သော (ဇုန် ၂ ဘီ) တွင် ပါဝင်သည်။

မန္တလေး၊နေပြည်တော်၊ ပဲခူးမြို့များအပါ အ၀င် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြော ဖြစ်သောစစ်ကိုင်းပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများတွင် အင်အားပြင်း ငလျင်များ လှုပ်ခတ်ပါက
ဘေးအန္တရာယ်များ ကျရောက်မည် ဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြော၏ အနောက်ဘက် ၃၅ ကီလိုမီတာတွင်တည်ရှိသောရန်ကုန်မြို့တွင်လည်းငလျင်ကြောင့် အလား တူ အန္တရာယ်များ ကျရောက်နိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီက စက်တင်ဘာ ၂၄ ရက်က
သတင်းထုတ်ပြန် ထားသည်။


Credit: The Myanmar Times
အိုဟောင်းနေသော အဆောက်အအုံများ မြေငလျင်ဒဏ် ခံနိုင်ရည်အား စစ်ဆေးထားသင့် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service