ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းကျော်အထိ တက်ပြီးနောက် ပြန်လည်ကျဆင်း

ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းကျော်အထိ တက်ပြီးနောက် ပြန်လည်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
28 Sep 2016 10:11 am တွင် တင်ခဲ့သည်
2653 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရွှေဈေးသည်ဆက်တိုက်မြင့်တက်လာပြီး စက်တင်ဘာ ၂၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် အဖွင့်ဈေး ကျပ်ကိုးသိန်းကျော်အထိ ဈေး ပေါက်ခဲ့ပြီး ညနေပိုင်း၌ ဈေး ပြန် လည်ကျဆင်းခဲ့ကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သတင်းရရှိ သည်။

စံချိန်တင်ဈေးမြင့်တက်လာ ခြင်းကြောင့် လက်ဝတ်ရတနာရွှေ ထည်များ အဝယ်မရှိဘဲ အခေါက် ရွှေသာအရောင်းအဝယ်ဖြစ်နေ ကြောင်း ပြည်တွင်းရွှေဈေးကွက် မှ သိရသည်။

‘‘အခုက ဒေါ်လာဈေးတက် တယ်။ ဒါကြောင့် ရွှေဈေးတက် လာတာပါ။မနှစ်က ဒေါ်လာဈေး၁,၃၀၀ ကျော်တယ်။ ပြည်တွင်း ရွှေဈေးက ရှစ်သိန်းဝန်းကျင်ပဲရှိ တယ်။ ကမ္ဘာ့ရွှေဈေးက အဲဒီတုန်းကတစ်အောင်စ ဒေါ်လာ၁,၀၅၀ ကျော်ကျော်ပဲရှိသေးတယ်။ အခု က ကမ္ဘာ့ရွှေဈေးပါ အမြင့်ပိုင်း ရောက်နေလို့ အခုဈေးပေါက်နေ တာ’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် စက်တင်ဘာ ၂၆ ရက်တွင် တစ်ကျပ်သားလျှင် ၈၉၄,၀၀၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၂၇ နံနက်ပိုင်းအဖွင့်ဈေး၌ ကျပ် ၉၀၀,၀၀၀ ကျော်ရှိခဲ့ကာ ညနေပိုင်းတွင် ကျပ် ၈၉၀,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ သည်။

‘‘အခုလို ဈေးမြင့်တက်တာ က ရောင်းအားရော၊ ဝယ်လိုအား ရော ပုံမှန်ဖြစ်နေတော့ အသင်း က ဝင်ထိန်းစရာမလိုသေးပါဘူး။ အခုအချိန်မှာ ဝယ်ချင်သလောက်ဝယ်လို့ရတယ်။ ရောင်းချင်သ လောက် ရောင်းလို့ရတယ်’’ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးထုံရွှေ ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ပြော သည်။

လက်ရှိအချိန်တွင် ရွှေဈေး ကွက်အတွင်း အရောင်းအဝယ်နည်းပါးနေသော်လည်း နောက်ပိုင်း၌ ပုံမှန် အရောင်းအဝယ် ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရွှေဈေးမြင့်တက်လာခြင်း ကြောင့် နောက်ပိုင်းတွင် ရွှေဈေး အတက်၊ အကျခန့်မှန်းမှုများ ခက် ခဲနေပြီး ဈေးတက်ခြင်းမှာ ဝယ်လိုအားကြောင့်မဟုတ်ဘဲ ရွှေလုပ်ငန်းရှင်များက မြှင့်တင်နေခြင်း ကြောင့် ဖြစ်ကြောင်း ရွှေဝယ်ရောင်းလုပ်သူ ကိုမင်းမင်းက ပြောသည်။

၂၀၁၅ က အခေါက်ရွှေဈေး သည် ကျပ် ၈၀၀,၀၀၀ ရှိခဲ့သည်။ ယခုကျပ်၉၀၀,၀၀၀ ကျော်သည် ပြည်တွင်းရွှေဈေးသမိုင်းတွင် စံ ချိန်တင်ဈေးနှုန်းဖြစ်ခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service