ရန်ကုန်တိုင်းအတွင်း မြေယာ အငြင်းပွားမှု ၅ ထောင်ခန့်ရှိ

ရန်ကုန်တိုင်းအတွင်း မြေယာ အငြင်းပွားမှု ၅ ထောင်ခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Sep 2016 10:26 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေသိမ်းဆည်းခံရမှု၊ မြေယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားစာ ၅ ထောင်ခန့် ရောက်ရှိနေပြီး အဲဒီတိုင်ကြားစာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွှန်ကြားလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ရေးသားပြီး အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"၅၀၀၀ လောက်ရှိတယ် case က။ အဲဒီ ၅၀၀၀ လောက်ကို ဝန်ကြီးချုပ်က ပြန်ပြီးတော့ တိုင်းဒေသကြီး ကိုယ်စားလှယ်ရဲ့ မှတ်ချက်တွေပြန်ပေးမယ်ဆိုပြီး အဲဒီမှတ်ချက်နဲ့အရပဲ သူဆက်လုပ်မယ်ဆိုပြီး အဲဒါလေး ညှိနှိုင်းအစည်းဝေးလုပ်တယ်။ အမြန်ဆုံးပြန်လုပ်ပေးပါ ဆိုပြီး သူကချပေးလိုက်တဲ့သဘောပါ" လို့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံတွေရဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်အသီးသီးက မြေယာစိစစ်ရေးကော်မတီထံ ပေးပို့ထားပြီး ကော်မတီအဆင့်ဆင့်က စစ်ဆေးတွေ့ရှိ ချက်တွေကို အောက်တိုဘာလနောက်ဆုံးထား ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီတင်ပြချက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။
အဲဒီနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ဆေးရေး ဗဟိုကော်မတီထံ တင်ပြပြီး လယ်ယာမြေအမှုတွေကို ဖြေရှင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။

Credit: RFA Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service