ကမ္ဘာပေါ်တွင် အလှူဒါနအရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာသုံးနှစ်ဆက်တိုက် ရပ်တည်

ကမ္ဘာပေါ်တွင် အလှူဒါနအရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာသုံးနှစ်ဆက်တိုက် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
27 Sep 2016 9:56 am တွင် တင်ခဲ့သည်
727 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ၂၀၁၆ ခုနှစ်၏ အလှူ ဒါနအရက်ရောဆုံးတိုင်းပြည်အ ဖြစ် သုံးနှစ်ဆက်တိုက်သတ်မှတ် ခံရပြီး နိုင်ငံသားများသည် ပုံမှန် ကုသိုလ်ပြုလှူဒါန်းမှုများ ဆောင် ရွက်နေကြကြောင်း အမေရိကန် အခြေစိုက် Gallup သုတေသန ကုမ္ပဏီ၏ စစ်တမ်းတွင်ဖော်ပြ ထားသည်။

Gallup အင်တာဗျူးမေးမြန်း သော စစ်တမ်းအရ မြန်မာနိုင်ငံ သား ၉၁ ရာခိုင်နှုန်းသည် လွန်ခဲ့ သော ရက် ၃၀ အတွင်း အလှူ ဒါန ပေးကမ်းမှုရှိခဲ့သည်ဟု ဖြေ ကြားခဲ့ကြသောကြောင့် ကမ္ဘာ ပေါ်ရှိ အလှူဒါနအရက်ရောဆုံး တိုင်းပြည်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓဘာသာ ကျင့်သုံးသော မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများတွင် သံဃဒါနလှူဒါန်းမှုသည် အား ကောင်းကောင်းဖြင့် လွှမ်းမိုးလျက်ရှိပြီး နောင်ဘ၀၌ ပိုမိုကောင်းမွန်သောဘ၀ရရှိရန် အခွင့်အလမ်းအဖြစ် ယုံကြည်လှူဒါန်းသူများပြားနေကြောင်း Forbes မဂ္ဂဇင်းတွင်ရေးသားထားသည်။

ကမ္ဘာပေါ်ရှိအလှူဒါန အရက်ရောဆုံး တိုင်းပြည်စာရင်းတွင် အင်ဒိုနီးရှား နိုင်ငံသားများက ၇၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ ရောက်ရှိလာသည်။ ယခင်က ထိပ်တန်းနေရာ၌ ရပ်တည်ခဲ့သော အမေရိကန်နိုင်ငံသားများက ၆၃ ရာခိုင်နှုန်းဖြင့် ထိပ်တန်း ၁၀ နေရာမှ လွဲချော်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင်အလှူဒါန ပေးကမ်းမှု အရက်ရောဆုံးတိုင်းပြည်စာရင်း ၌ ၂၀၁၄ က အမေရိကန်နိုင်ငံနှင့် ပူးပွဲပထမ၊ ၂၀၁၅ တွင် ပထမရရှိပြီးယခုနှစ်တွင် ပထမနေရာကို သုံးနှစ်ဆက်တိုက်ရရှိခြင်းဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service