Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည်

Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
23 Sep 2016 11:01 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ ဒသမ ၇၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဂျွန်နီဒက်ဖ်ရောင်းချမည့် ကွန်ဒိုခန်းများမှာ လော့စ်အိန်ဂျလိမြို့လယ်တွင် တည်ရှိပြီး မူလကအာ့ထ်ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောအဆောက်အအုံကိုတန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်သည်။

ဂျွန်နီဒက်ပ်သည် အဆိုပါကွန်ဒိုခန်းများကို ၂၀၀၇၊ ၂၀၀၈ ခုနှစ်များတွင် ၀ယ်ယူခဲ့ရာ၌ ကန်ဒေါ်လာ ၇ ဒသမ ၂ သန်းခန့် သုံးစွဲခဲ့ရကြောင်း ခန့်မှန်းကြသည်။

ရောင်းချမည့် ၅ ခန်းအနက် ၄ ခန်းမှာ အိပ်ခန်း ၂ ခန်းပါအခန်းများဖြစ်ပြီး ကျန်တစ်ခန်းမှာ အိပ်ခန်းတစ်ခန်းပါ အခန်းဖြစ်သည်။

အခန်း ၅ ခန်းပေါင်း အကျယ်အ၀န်းမှာ စတုရန်းပေ ၁၁၅၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ဂျွန်နီဒက်ဖ်သည် အခန်း ၃ ခန်းကို နေထိုင်ရန်နှင့် ဖျော်ဖြေရေးအတွက် အသုံးပြုခဲ့ပြီး ကျန် ၂ ခန်းကိုမူ စတူဒီယိုနှင့် ဧည့်ဂေဟာခန်းအဖြစ် အသုံးပြုခဲ့သည်။

ယခုရောင်းချမည့် ၅ ခန်းကို တစ်ပေါင်းတည်း (သို့မဟုတ်) တစ်ခန်းစီ ၀ယ်ယူနိုင်သည်ဟု ဆိုသည်။

တစ်ခန်းချင်းရောင်းဈေးများကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိချေ။

ဂျွန်နီဒက်ဖ်ကို အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ အိုဝင်စ်ဘိုရိုမြို့တွင် ၁၉၆၃ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် မွေးဖွားသည်။

ဂျွန်နီဒက်ဖ်သည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၃ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Pirates of the Caribbean ဇာတ်ကားမှာ အနုပညာအရသာမက စီးပွားရေးအရလည်း အောင်မြင်မှုအရဆုံး ဇာတ်ကားဖြစ်သည်။

အဆိုပါဇာတ်ကားမှ ကန်ဒေါ်လာ ၃ ဘီလီယံကျော် ၀င်ငွေရခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ခဲ့သော Alice in Wonderland မှာလည်း များစွာအောင်မြင်မှုရခဲ့သော ဇာတ်ကားဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း၌ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်အဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
Pirates of the Caribbean ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျွန်နီဒက်ဖ်၏ penthouse ငါးခန်းကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service