နိုင်ငံတစ်ဝန်းရှိ မည်သည့်နေရာဒေသတွင်မဆို ဟိုတယ်သစ်ဆောက်လုပ်မှု ကန့်သတ်ပိတ်ပင်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

နိုင်ငံတစ်ဝန်းရှိ မည်သည့်နေရာဒေသတွင်မဆို ဟိုတယ်သစ်ဆောက်လုပ်မှု ကန့်သတ်ပိတ်ပင်မည်မဟုတ်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 10:51 am တွင် တင်ခဲ့သည်
1250 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာလှည့်ခရီးသွားဧည့်သည်အလာများသော မြို့ကြီးသုံး မြို့အပါအ၀င် နိုင်ငံတစ်ဝန်းရှိမည်သည့်နေရာဒေသတွင်မဆို ဟိုတယ်အသစ် ဆောက်လုပ်ခြင်းအားကန့်သတ်ပိတ်ပင်မည်မဟုတ် ကြောင်းဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန် ကြီးဦးအုန်းမောင်က ပြောသည်။

ရန်ကုန်၊ မန္တလေး၊ ညောင် ရွှေစသည့်မြို့ကြီးများတွင် ဟို တယ်အသစ်ဆောက်လုပ်ခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေမှုကို စက်တင်ဘာ ၂၀ရက် ညပိုင်းတွင် ပြည်ထောင်စု ၀န်ကြီးကမီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

‘‘ဟိုတယ်အသစ်ဆောက်ခွင့် တွေ ပိတ်တယ်ဆိုတာ လုံးဝမ ဟုတ်ဘူး။ ဆိုင်းငံ့တယ်ဆိုတာ တောင် နည်းနည်းလွန်နေပြီ။ ကျွန် တော်တို့က Supply နဲ့ Demand ကို မျှအောင်ညှိနှိုင်းပေးတာပဲ ရှိပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဟိုတယ်အသစ်ဆောက် လုပ်ခွင့်၊ ဟိုတယ်လိုင်စင်အသစ် လျှောက်ထားခြင်း စသည်တို့ကို ကန့်သတ်သည့် ကြေညာချက်တစ် စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိ ဘဲ လက်ရှိအထိ ဟိုတယ်အလုံး ပေါင်း ၁,၃၇၀ ကျော်ကို ဟိုတယ် လုပ်ငန်းလိုင်စင် ချထားပေးပြီးဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှိုင်ဝင်းက ပြော သည်။

ဟိုတယ်အသစ်များ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးအစိုးရများ၏ ခွင့်ပြုချက်ရရှိမှသာ ဆောက်လုပ် နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ခွင့်ပြုချက်မရပါက အသစ်ဆောက်လုပ်နိုင်မည်မဟုတ် ကြောင်း ဦးလှိုင်ဝင်းကပြောသည်။

‘‘ကျွန်တော်တို့ ပိတ်တာမဟုတ်ဘူး။ လောလောဆယ်မှာ ဧည့်သည်ဝင်ရောက်မှုအခြေအ နေနဲ့ ဟိုတယ်အရေအတွက်၊ ၀င် ရောက်တဲ့ ရာခိုင်နှုန်း ဒါတွေကို လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာအ စိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းနေတာပဲ ရှိ ပါတယ်။ ဟိုတယ်အရေအတွက် နဲ့ လာတည်းမယ့် ဧည့်သည်မျှ သွားအောင် လုပ်တဲ့သဘောပါပဲ’’ ဟု အဆိုပါ ၀န်ကြီးဌာနမှ ရန်ကုန် တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြား ရေးမှူး ဦးအုန်းမြင့်က ပြောသည်။

ခရီးသွားဧည့်သည်များ ၀င် ရောက်တည်းခိုမှု ရာခိုင်နှုန်းများ အရ ယခုနှစ် ဇူလိုင်လအထိ ရန်ကုန်မြို့တွင် ၅၂ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် ၅၄ ရာခိုင်နှုန်း၊ အင်းလေးတွင် ၂၈ ရာခိုင်နှုန်း၊ ကလောတွင် ၄၀ ရာခိုင်နှုန်းရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ပကတိအခြေ အနေ အရပ်ရပ်ကို အခြေခံရေး ဆွဲထားသော ပင်မစီမံကိန်းတွင် ၂၀၂၀ ၌ ခရီးသွားဧည့်သည် ၇ ဒသမ ၄၉ သန်း ရောက်ရှိနိုင်ကြောင်း သုံးသပ်ထားသော်လည်း လက်ရှိအနေအထားကြောင့် မကြာမီ နှစ် အနည်းငယ်အတွင်း အဆိုပါအ ရေအတွက် ပြည့်မီလာနိုင်သည်ဟု ဟိုတယ်/ခရီး ၀န်ကြီးဌာနက ခန့် မှန်းထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service