အိမ်ရာလိုအပ်ချက်မှာ ဦးစားပေးဖြေရှင်းရမည့် ပြဿနာဖြစ်ဟုဆို

အိမ်ရာလိုအပ်ချက်မှာ ဦးစားပေးဖြေရှင်းရမည့် ပြဿနာဖြစ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
22 Sep 2016 10:09 am တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး
လူနေထိုင်မှု တစ်နှစ်ထက်တစ်နှစ် များပြား လာနေသည့် ရန်ကုန်မြို့တွင် အိမ်ရာကဏ္ဍဖွံ့ဖြိုးမှုလိုအပ်ချက်နှင့် အိမ်ပိုင်ဆိုင်နိုင်ရန် အခက်အခဲမှာ ဦးစားပေး ရင်ဆိုင်ဖြေရှင်း သွားရမည့်ပြဿနာတစ်ခုဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။

"လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရန်ကုန်က လူဦးရေ ၁၀ သန်းခန့်ကိုရောက်ရှိဖို့အခြေအနေရှိပါတယ်။ ဒါ့ကြောင့် ရန်ကုန်မြို့ မှာ နေထိုင်ရေးက လက်ရှိနေထိုင်တဲ့ရန်ကုန်သူ၊ ရန်ကုန်သားတွေရဲ့ အခက်အခဲတစ်ခု မဟုတ်ဘဲ အနာဂတ်မှာလည်းအထူးတလည် ဦးစားပေး ဖြေရှင်းရမယ့်ကဏ္ဍတစ်ခုပါ" ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း အရ ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ၁၃ သန်းခန့်ရှိပြီး ယင်းအနက် အိမ်ရာပိုင်ဆိုင်မှု သည် လူဦးရေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းသာရှိသေးပြီး ကျန် ၃၅ ရာခိုင်နှုန်းမှာ အိမ် ငှားရမ်းနေထိုင်သူများသာ ဖြစ်သည်။

ထို့ပြင် အိမ်ပိုင်ဆိုင်မှု ခိုင်မာမှုမှာလည်း ရန်ကုန်မြို့ရှိ အိမ်ရာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်သာရှိပြီးကျန် ၂၅ ရာခိုင်နှုန်းမှာ ခိုင်မာ မှုမရှိသည့် တဲအိမ်၊ ကျူးကျော်အိမ်များသာဖြစ်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံသည်စီးပွားရေးနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့သည့်အတွက်လူနေထိုင်မှုအဆင့်အတန်းမှာလည်း အိမ်နီး ချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲဖြစ်သည်။

အထူးသဖြင့် စီးပွားရေးလုပ်ငန်း များ အများဆုံးရှိသော ရန်ကုန်မြို့တွင် လူနေထိုင်မှုမှာလည်းများပြားလျက်ရှိရာ မြို့နေလူတန်းစားများမှာ ကိုယ်ပိုင်အိမ်ဖြင့် နေရန် ယနေ့အချိန်အထိခက်ခဲနေဆဲ ဖြစ်နေ သေးသည်။

ယင်းအခြေအနေတွင်ရန်ကုန်မြို့အိမ်ရာလိုအပ်ချက်များအတွက်ဖော်ဆောင်လျက်ရှိသည့်စီမံကိန်းအများစုမှာလည်း ပုဂ္ဂလိက ကုမ္ပဏီများ ဖော်ဆောင်သော တန်းဖိုးမြင့်နှင့်ဇိမ်ခံကွန်ဒိုတိုက်ခန်းများသာ အများဆုံးဖြစ်သည်။

ဝင်ငွေနည်းပါးသည့် ပြည်သူများ အတွက် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်နိုင်မှုမှာပုဂ္ဂလိကအနေနှင့်ရော အစိုးရအနေ နှင့်ပါ နည်းပါးနေသေးလျက်ရှိသည်။

ရန်ကုန်မြို့၏ ၀င်ငွေရရှိမှုမှာလည်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ၀င်ငွေကျပ်သုံးသိန်းအောက်သာရရှိပြီး ကျန် ၁၀ရာခိုင်နှုန်းသာဝင်ငွေသုံးသိန်းအထက်ရရှိသည့်အတွက်နိုင်ငံ၏အနေအထားနှင့်နှိုင်းယှဉ်ပါကငွေကျပ်သုံးသိန်းအောက် ရရှိမှုသည့်ဝင်ငွေနည်းသူများသာဖြစ်သည်။

ထို့ကြောင့်ရန်ကုန်မြို့တွင်ဝင်ငွေနည်းပါးသူများမှာအိမ်ပိုင်ဆိုင်နိုင်ရန်ထက်အိမ်ငှားရန်ကိုပင်အခက်အခဲရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန ဒုဌာနမှူး ဦးတိုးအောင်က ပြောသည်။

"ကမ္ဘာ့ဘဏ်က သတ်မှတ်ထားချက်အရ ကြည့်မယ်ဆို လစာ တစ်သိန်းလောက်ကိုဝင်ငွေနည်းအုပ်စု လစာ လေးသိန်းလောက် ကို ၀င်ငွေအလယ်အလတ် သတ်မှတ်သော်လည်းလစာသုံးသိန်းဆိုတာ ၀င်ငွေ အလယ် အလတ်အဆင့်မှာရှိပေမဲ့ အိမ်ရာကို ၀ယ်ယူနိုင်တဲ့အဆင့်မှာ မရှိပါဘူး။ လစာသုံးသိန်း လောက်ရတဲ့ လူတွေက အိမ်ရာဝယ်ယူဖို့ကိုအခက်အခဲရှိပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့ဆီမှာအိမ်ရာတွေဆောက်ထားသော်ငြားလည်း
ဝယ်ယူနိုင်ခြင်းမရှိသလို အိမ်ပိုင်ရာပိုင် မရှိတဲ့သူက အများစုဖြစ်နေပါတယ်"ဟု ၎င်းကပြောသည်။

အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍအတွက်အစိုးရကအဓိကဖော်ရမည်ဖြစ်ပြီးပုဂ္ဂလိကကိုလည်းလုပ်ကိုင်ခွင့်များပေးသွားခြင်းဖြင့် အိမ်ရာ လိုအပ်ချက် အခက်အခဲကို ဖြေရှင်းသွားရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်မှုကို အစိုးရတစ်ဦးသာလုပ်ကိုင်နိုင်သေးပြီး ပြီးပြည့်စုံသည့် အတိုင်းအတာတစ်ခုသို့ မရောက်သေးပေ။တန်ဖိုးနည်းအိမ်ရာဖော်ဆောင်မှုတွင် အဓိကစိန်ခေါ်မှုမှာ တန်ဖိုးနည်း(ကျပ်သိန်း ၁၀၀ အောက်အထိလျော့နည်းသည့်အိမ်ခန်းများကိုထုတ်ဖော်ရောင်းချနိုင်ရေးအတွက်ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှုအင်အား လိုအပ် နေခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောသည်။

"ပြည်သူတွေရဲ့ ၀င်ငွေပေါ်မူတည်ပြီး တော့ သိန်း ၁၀၀ အောက် အိမ်ခန်းတွေဆောက်ပေးဖို့ဆိုတာ ဈေးကွက်အခြေအနေ အရ အိမ်ဆောက်ပစ္စည်းအများစုကပြည်ပ က တင်သွင်းတာဖြစ်တဲ့အတွက် ထုတ်လုပ် ဖြန့်ဖြူးမှုက ဈေးကွက်မှာ သိန်း ၁၀၀ အောက်ကိုကျဆင်းနိုင်ဖို့ အစီအစဉ်မရှိပါဘူး" ဟု ၎င်းက ပြောသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များတန်ဖိုးနည်း အိမ်ရာဖော်ဆောင်မှုတွင် ရင်းနှီးမြှုပ်နှံနိုင်မှု နည်းသည့်အတွက် အစိုးရက
သာလျှင် တန်ဖိုး နည်းအိမ်ရာများ ဖော်ဆောင်ပေးနိုင်သော် လည်း အဆင့်တန်းမြင့်သင့်လျော်ကောင်းမွန် သည့် အိမ်ရာ၊ အိမ်ခန်းမျိုး ဆောက်လုပ်ပေး နိုင်ရေးမှာအခက်အခဲရှိသေးကြောင်း ၎င်းက ပြောသည်။

"ဒီလိုမျိုး ဆောက်လုပ်ပေးနိုင်ဖို့ဆိုတာ နိုင်ငံတော်ပိုင်မြေတွေကို အခမဲ့ထည့်သွင်းပေးတာတွေ၊ အခြေခံအဆောက်အအုံဖြစ်တဲ့ ရေ၊ လမ်း၊ လျှပ်စစ်တွေနဲ့ အခြားလူမှုရေးအဆောက်အအုံတွေကို အခမဲ့ ထည့်သွင်း ဖြည့်ဆည်း ဆောက်လုပ်ပေးမှသာသိန်း ၁၀၀ အောက်ကို ကျရောက်သွားမှာပါ။ ဒါပေမဲ့ နိုင်ငံ တော်ရဲ့ ဘဏ္ဍာအခြေအနေနဲ့တခြားအကန့် အသတ်တွေကြောင့် ပြည်သူလူထု အားလုံးအတွက် သင့်လျော်ကောင်းမွန်တဲ့
အိမ်ရာ တွေကို ဖြည့်ဆည်းပေးဖို့က အခက်အခဲရှိမှာ ဖြစ်ပါတယ်"ဟု ဦးမြင့်နိုင်ကပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ၀င်ငွေနည်း ပြည်သူ များ၏ နေထိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ကာ အိမ်ပိုင်ဆိုင် နိုင်ရန်ရေး ဖြေရှင်းမှုထက် အငှားအိမ်ရာများကို တည်ဆောက်ကာ ငှားရမ်းပေးသွား ခြင်းက ပိုမိုထိရောက်သည့်ဖြေရှင်းနည်းဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။

"တန်ဖိုးနည်းအိမ်ခန်းတွေကို ရောင်းချ တာက ဆင်းရဲသားပြည်သူအတွက်ကိုဖော်ဆောင်တာဆိုပေမဲ့ လစာနည်းဝန်ထမ်းက တော့ ခက်ခက်ခဲခဲဖြစ်နေမယ်။ဘယ်လိုမှဝယ်နိုင်မှာ မဟုတ်ဘူး။ ဆင်းရဲသားပြည်သူ အတွက် ဖြေရှင်းနိုင်တဲ့ဟာကအငှားအိမ်ရာ ပဲဖြစ်နိုင်တာ။ အငှားစနစ်က ဖော်နိုင်ရင် ကောင်းတယ်။ လက်ရှိပြည်သူတွေရဲ့ဝင်ငွေ အနေအထားနဲ့ဆို အငှားအိမ်ရာစနစ်ကပဲ အကောင်းဆုံးပဲ ဖြစ်နေတယ်"ဟု
၎င်းက ပြောသည်။

သို့သော် အငှားအိမ်ရာများ ဖော်ဆောင် ရန်အတွက်လည်း အစိုးရမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုအခက်အခဲများ ရှိနေသးသည့် အတွက် အကောင်အထည် ဖော်နိုင်ဦးမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

"အငှားအိမ်ရာက အဲလောက်များများ မထုတ်နိုင်ဘူး။ များများ မတည်ဆောက်နိုင် ဘူး။ မတည်ဆောက်နိုင်ဘူးဆိုတာ အစိုးရက ရင်းနှီးမြှုပ်နှံရမှာ။ ပုဂ္ဂလိကလည်း မလုပ်နိုင် ဘူး။ အစိုးရက ရင်းနှီးမြှုပ်နှံရမှာ။ အငှားအိမ်ရာက အစိုးရက နှစ်ရှည်မြှုပ်နှံပြီးတော့ လုပ် ရမှာ။ အဲဒါကြောင့် များများဖော်ဆောင်ပြီး လုပ်နိုင်ဦးမှာ မဟုတ်သေးဘူး"ဟု ဦးတိုးအောင်က ပြောသည်။

တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျဝယ် ယူနိုင်ရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်၍ စီမံဆောင်ရွက်ထား သော်လည်း ဘဏ်ချေးငွေရယူကာ အိမ်ခန်း ၀ယ်ယူမှုအပေါ် ပြည်သူများ၏ အသိနှင့် လက်တွေ့လုပ်ဆောင်မှု အားနည်းနေသေး သည့်အတွက် ပြီးပြည့်စုံသည့် အောင်မြင်မှုသို့ မရောက်ရှိသေးကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဌာနက မြို့ပြဆင်းရဲပြည်သူများ၏ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း တန်ဖိုးနည်းတိုက်ခန်း ၁,၀၀၀ ကျော်ကို ရောင်းချရန်စီမံထားသည်။ ထို့အတူ လာမည့် နှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း ပေါင်း ၈,၀၀၀ ကျော်ကိုလည်း တည်ဆောက် ရောင်းချသွားနိုင်ရန် စီစဉ်ထားကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှုး ဦးမြင့်နိုင်က တန်ဖိုးနည်း အိမ်ရာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။


Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service