တရုတ် developer တို့ ဗြိတိန်နှင့် ဥရောပရှိ ဘောလုံးအသင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းပြုလုပ်လာလျက်ရှိ

တရုတ် developer တို့ ဗြိတိန်နှင့် ဥရောပရှိ ဘောလုံးအသင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းပြုလုပ်လာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Sep 2016 10:39 am တွင် တင်ခဲ့သည်
1216 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံမှ developer တို့သည် ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ သုံးစွဲကာ ဗြိတိန်အပါအ၀င် ဥရောပရှိ ဘောလုံးကလပ်များတွင် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ပြုလုပ်လာလျက်ရှိကြောင်း တရုတ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဗြိတိန်သည် သတင်းများတွင် ဘရက်ဇစ်သတင်းများသာ ကြီးစိုးခဲ့ဖူးရာမှယခုအခါရီယိုအိုလံပစ်တွင် ဗြိတိန်အသင်း၏ အောင်မြင်မှုများ ပြန်လည်လွှမ်းမိုးလာခဲ့သည်။

ထို့အပြင်လီဗာပူးအသင်းကိုတရုတ်အိမ်ခြံမြေကုမ္ပဏီဖြစ်သည့် Everbright မှ ပေါင်သန်းပေါင်းများစွာ သုံးစွဲကာ ၀ယ်ယူမည့်သတင်းမှာလည်းထိပ်တန်းသတင်းတစ်ရပ် ဖြစ်လာခဲ့သည်။

လီဗာပူးအသင်းအရောင်းအ၀ယ်နှင့်စပ်လျဉ်း၍ နှစ်ဘက်လုံးမှအတည်ပြုခြင်းမရှိသော်လည်းမကြာသေးမီကာလများအတွင်း ဥရောပကစားသမားများ၊ ဘောလုံးကလပ်များတွင် တရုတ်အခြေစိုက်ကုမ္ပဏီများက အလုံးအရင်း ရင်းနှီးမြှုပ်နှံလာမှုများနှင့် ပတ်သက်၍ ကမ္ဘာက အာရုံစိုက်လာလျက်ရှိသည်။

ဥရောပဘောလုံးလောကတွင် တရုတ်က ခြေချလာသည်မှာ ၂၀၁၄ ခုနှစ်မှ စတင်ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၂၀၅၀ ပြည့်နှစ်အရောက်တွင်ကမ္ဘာ့ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်လာစေရန် မဟာဗျူဟာချမှတ်ကြောင်း ကြေညာခဲ့သည်။

သမ္မတရှီကျင့်ဖျင်သည် မန်ချက်စတာယူနိုက်တက်၏ ပရိသတ်တစ်ဦး ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်၏ အခြားရည်မှန်းချက်တစ်ခုမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်တရုတ်ဘောလုံးအသင်း အောင်မြင်မှုရရန်၊ကမ္ဘာ့ဖလားဘောလုံးပွဲကိုလက်ခံကျင်းပခွင့်ရရန်နှင့် နောင်တစ်ချိန်တွင် ကမ္ဘာ့ဖလားရရှိရန်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ဗြိတိန်ဘောလုံးအသင်းများဖြစ်သော အက်စ်တန်ဗီလာ၊ ၀ူဗာဟမ်တန်နှင့် မန်စီးတီးအသင်းတို့တွင် တရုတ်လုပ်ငန်းရှင်တို့၏ အစုရှယ်ယာများစွာ ပါဝင်ထားသည်။

ဥရောပတွင်လည်း အေစီမီလန်၊ အက်သလက်တီကို မက်ဒရစ်၊ အင်တာမီလန် အစရှိသော အသင်းများနှင့် အမေရိကန်တွင် နယူးယောက်စီးတီး အသင်းတို့၌ ရင်းနှီးမြှုပ်နှံမှု များစွာပြုလုပ်ထားသည်။

လွန်ခဲ့သော၂ နှစ်တာကာလအတွင်းဥရောပဘောလုံးလောကတွင် တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်တို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံခန့်အထိ ရှိခဲ့သည်။

အထင်ရှားဆုံးရင်းနှီးမြှုပ်နှံမှုမှာ ကမ္ဘာ့အကြီးဆုံးအိမ်ခြံမြေ developer ဖြစ်သော Dalian Wanda Group ၏ ပိုင်ရှင် တရုတ်ဘီလျံနာ ၀မ်ကျန်းလင်က စပိန်ဘောလုံးအသင်း အက်သလက်တီကို မက်ဒရစ်အသင်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ကန်ဒေါ်လာ ၅၂ သန်းဖြင့် ၂၀၁၅ ခုနှစ်အတွင်း ၀ယ်ယူခဲ့ခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံရှိစာသင်ကျောင်းအားလုံးတွင်လည်း ဘောလုံးကစားခြင်းကို သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် ထည့်သွင်းရန် ကြေညာထားပြီ ဖြစ်သည်။

ထို့အပြင် လာမည့် ၂၀၁၇ ခုနှစ်တွင် ဘောလုံးဦးစားပေး စာသင်ကျောင်းပေါင်း ၂၀၀၀၀ ခန့် ဖွင့်လှစ်ရန် ရည်မှန်းထားပြီး အဆိုပါကျောင်းများမှ ဘောလုံးသမားပေါင်း ၁၀၀၀၀၀ ထွက်ရှိရန် မျှော်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service