အိမ်ခြံမြေဈေးကြီးမြင့်မှုတွေကို ထိန်းချုပ်နိုင်ဖို့က လူတစ်ဦးချင်းရဲ့ပိုင်ဆိုင်မှုအပေါ်အခွန်ကောက်ခံသင့်တယ်လို့ သိရပါတယ်။
လူအများစုက ရင်းနှီးမြုပ်နှံကြတဲ့ အခါပုံသေပိုင်ဆိုင်မှုတွေ ကိုပဲ ရင်းနှီးမြုပ်နှံမှု လုပ်ကြတယ်။မြေတွေခြံတွေကို ၀ယ်ပြီးရင်းနှီးမြုပ်နှံထားကြတာကြောင့်ဈေးကွက်အတွင်းဈေးကစားတာတွေနဲ့မြေဈေးတွေကြီးလာတာဖြစ်တယ်။
ဒေါက်တာမြင့်ဆန်း (ဥက္ကဌ မေခဆောင်ဖောင်ဒေးရှင်း) ကပိုင်ဆိုင်မှုအပေါ်အခွန်ကောက်သင့်တယ်၊အိမ်တစ်လုံးထက်ပိုင်ရင် ရာခိုင်နှုန်းဘယ်လောက်၊ပိုင်ဆိုင်မှုများလေ အခွန်တိုးကောက်သင့်တယ်လို့ပြောပါတယ်။
စက်မှုဇုန်တွေရဲ့မြေကွက်ပိုင်ဆိုင်မှုတွေကြည့်ရင်မြေကွက်တိုင်းမှာပိုင်ရှင်ရှိပေမယ့်လုပ်ငန်းလုပ်ကိုင်ကြတာတွေက ၄၀ ရာခိုင်နှုန်းကျော်ပဲရှိပြီးလုပ်ငန်းမလုပ်ပဲဝယ်ယူထားကြတာတွေက ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။
ကျွမ်းကျင်သူအများစုကတော့စက်မှုဇုန်မြေဈေးတွေ ဈေးကစားတာကြောင့် စက်မှုဇုန်တွေမဖွံ့ဖြိုးတဲ့ အပိုင်းတစ်ခုအဖြစ် ပါဝင်နေတယ်။လုပ်ငန်းမလုပ်ပဲ ယူထားတဲ့ နေရာတွေမှာ လုပ်ငန်းတွေဖော်ဆောင်ပြီးလုပ်ဆောင်ရင်အလုပ်အကိုင်အခွင့်အလမ်းတွေပါအများကြီး ဖော်ဆောင်ပေးနိုင်တယ်လို့ ပြောပါတယ်။
တချို့နိုင်ငံတွေမှာပထမဆုံးနေအိမ်ပိုင်ဆိုင်သူတွေကို မြေယာနဲ့အဆောက်အအုံအခွန်ကင်းလွတ်ခွင့်ပေးတယ်။နေအိမ်တစ်လုံးထက် ပိုပိုင်ဆိုင်ပြီး ကူးသန်းရောင်းဝယ်ရေးပြုလုပ်တဲ့ သူတွေကိုအခွန်ကောက်ခံတာမျိုးတွေ ပြုလုပ်ကြတယ်။နေအိမ်တစ်လုံးထက်ပိုပြီးပိုင်ဆိုင်တဲ့သူတွေကို တော့ကူးသန်းရောင်းဝယ်ေ၇းအတွက် သူတို့ပိုင်ဆိုင်တဲ့ တခြားအခန်းတွေ အတွက်လည်းအခွန်ကောက်ခံကြတယ်လို့ သိရပါတယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က တချို့နိုင်ငံတွေမှာ ပထမဆုံးဝယ်ယူတာတောင် တန်ဖိုးကြီးနေအိမ်ဖြစ်နေရင် ၀ယ်နိုင်တဲ့ပမာဏမြင့်မားမှုရှိတာကြောင့်အကောက်ခွန်ကင်းလွတ်ခွင့်မပေးတာတွေရှိတယ်၊ဒီမှာကတော့အခုကြားနေတာက၀င်ငွေခွန်ကို လျော့နိုင်တယ် မြေကွက်စံနှုန်းတွေများနိုင်တယ်လို့ ပြောနေကြတယ်လို့ပြောပါတယ်။
ပိုင်ဆိုင်မှုအရေအတွက်အပေါ် အခွန်ကောက်ခံတဲ့ အပြင် အိမ်တန်ဖိုးပေါ်ကန့်သက်ပြီးတော့အခွန်ဆောင်နေရတာမျိုးတွေလည်း ပြုလုပ်သင့်တယ်လို့ သိရပါတယ်။
Credit: Kumudra Journal