ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ

ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
20 Sep 2016 11:11 am တွင် တင်ခဲ့သည်
6035 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်အနောက်ဘက်တွင်လုံးချင်းနှင့်တိုက်ခန်းတွဲများစွာပါဝင်သည့်အိမ်ရာစီမံကိန်းကြီးတစ်ခုမှ လူနေခန်းများစွာအပြီးသတ်ခဲ့သည်မှာ သုံးနှစ်သုံးမိုးကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ပြောင်းရွှေ့အခြေချ နေထိုင်သူတစ်ဦးမျှ မရှိဘဲ တေ စ္ဆမြို့တော်ကြီးသာဖြစ်လျက်ရှိကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းစီမံကိန်းရှိ လူနေခန်းများနှင့်လုံးချင်းများမှာ ဆောက်လုပ်ထားသည့် အရည်အသွေးညံ့ဖျင်းလှသည့်အပြင် ခေါ်ဈေးမှာလည်း ပုံမှန်ထက် အလွန်များပြားလျက်ရှိသည်ဟု ဆိုသည်။

လီဒီကိုဟူသောအရပ်တွင် တည်ရှိပြီး ဟနွိုင်းမြို့လယ်မှ ၁၀ ကီလိုမီတာ (၆ ဒသမ ၂ မိုင်) ကွာဝေးသည့်အရပ်တွင် တည်ရှိသော အဆိုပါစီမံကိန်းကို တူလီယမ်မြို့ပြဖွံ့ဖြိုးရေးမှ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် တိုက်ခန်းနှင့်လုံးချင်း ၆၀၀ ပါဝင်ကာ မြေအကျယ်အ၀န်း ၃၈ ဟက်တာ ( ၉၃ ဧက) ကျယ်ဝန်းကာ ပြင်သစ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ယင်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း ကုန်ကျခဲ့ပြီဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

အပြီးသတ်ခဲ့သည်ဟုဆိုရာတွင် ရာနှုန်းပြည့်အပြီးသတ်ခြင်းမဟုတ်ဘဲ ရာခိုင်နှုန်း ၉၀ ခန့်သာ ဖြစ်သည်။
လမ်းများ၊ အားကစားနှင့်ဖျော်ဖြေရေးဆိုင်ရာနေရာများနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့မှာမူ အပြီးသတ်လုဆဲ အခြေအနေတွင် ရှိသည်။

ရင်းနှီးမြှုပ်နှံထားသူတို့မှာ ယင်းနေအိမ်များကို ပြန်လည်ရောင်းချနိုင်ရေးတွင် များစွာအခက်ကြုံရလျက်ရှိသည်။

ဝယ်ယူထားခဲ့သူများမှာလည်း အဆိုပါအိမ်ရာစီမံကိန်းသို့ ပြောင်းရွှေ့နေထိုင်လိုကြခြင်းမရှိဟု ဆိုသည်။

ယခုအခါတွင် လူသူကင်းမဲ့နေသော မြိ့သစ်ကြီးတွင် ခြုံနွယ်ပိတ်ပေါင်းများထူထပ်စွာ လွှမ်းမိုးလျှက်ရှိရာ လမ်းမများအနီးထိပင် ချဉ်းနင်းလျက်ရှိပြီး နံရံများတွင်လည်း ရေညှိများလွှမ်းလျက်ရှိနေပြီဖြစ်လေသည်။

ထို့ကြောင့် ဆက်လက်မပျက်စီးစေရန်အတွက် လူအင်အားများစွာငှားရမ်းကာ လမ်းမများနှင့် အိမ်နံရံများကို ရှင်းလင်းမှုများ ပြုလုပ်ရလျက်ရှိသည်။

ထို့အပြင် ဟာဒေါင်အရပ်ရှိ တန်ဖိုးကြီးဇိမ်ခံလူနေအိမ်များစွာမှာလည်း ဖုန်းဆိုးတောဖြစ်ကာ တေ စ္ဆမြို့တော်ဖြစ်လျက်ရှိသည်။

အဆိုပါနေရာမှာ ၂၂ ဒသမ ၈၆ ဟက်တာ အကျယ်အ၀န်းရှိပြီး လွန်ခဲ့သော ၄ နှစ်ခန့်ကပင် အပြီးသတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်အထိ နေထိုင်သူ အနည်းငယ်သာရှိလေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တော်ရှိ အလွန်ကြီးမားလှသော အိမ်ရာစီမံကိန်းကြီးမှာ နေထိုင်သူမရှိဘဲ တေ စ္ဆမြို့တော်ကြီးဖြစ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service