ရန်ကုန်တွင် ကျပ်သိန်း (၁၀၀) အောက် အိမ်ရာ (၈၀၀၀) ဆောက်လုပ်မည်

ရန်ကုန်တွင် ကျပ်သိန်း (၁၀၀) အောက် အိမ်ရာ (၈၀၀၀) ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
20 Sep 2016 10:57 am တွင် တင်ခဲ့သည်
3911 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော် ဦးဆောင်မှုဖြင့် ဆောက်လုပ်ပေးမည့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ အလုံး ၈၀၀၀ ကို နေရေး အခက်အခဲရှိသော ၀င်ငွေနည်း ပြည်သူများအတွက် ၂ နှစ်အတွင်းရန်ကုန်တိုင်းတွင် ဆောက်လုပ်သွား
မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

“ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဝင်ငွေနည်း ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ယာများ ထောက်ပံ့ပေးဖို့ကို ဦးတည် ဆောင်ရွက်နေပါတယ်။ ၂ နှစ်အတွင်းမှာ တန်ဖိုးနည်းအိမ်ယာ ၈၀၀၀ ကို ဆောက်လုပ်ပြီး၊ တန်ဖိုးသိန်း ၁၀၀ အောက်နဲ့ နေရေး အခက်အခဲရှိသော ၀င်ငွေနည်း ပြည်သူများ ကို ဖြည့်ဆည်းပေးသွားပါမယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က် ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဈေးကွက်အရ အမှန်တကယ် ကုန်ကျစရိတ်သည် သိန်း ၁၀၀ အထက်တွင် ရှိသော်လည်း မြေကို အခမဲ့ ထည့်သွင်းပေးခြင်း၊ အခြေခံ အဆောက်အအုံဖြစ်သော ရေ၊ လျှပ်စစ်၊ လမ်းနှင့် အခြားသော လူမှုရေး အဆောက်အအုံများကို အခမဲ့ ဆောင်ရွက် စီမံပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

သို့သော် ရေအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ်၊ နိုင်ငံတော်၏ ဓနအင်အားနှင့် တခြားသော အကန့်အသတ်များ ရှိနေခြင်းကြောင့် သင့်တော်ကောင်း မွန်သော အိမ်ရာများကို အလုံအလောက် ဖြည့်ပေးနိုင်ရန်မှာ အခက်အခဲများ ရှိကြောင်း ၎င်းက ပြောသည်။

ဝင်ငွေနည်း ပြည်သူများအနေဖြင့် ရောင်းချပေးမည့် တန်ဖိုးနည်းအိမ်ရာကို တလုံးတခဲတည်း ၀ယ်ယူနိုင်ခြင်း မရှိသော ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ရှိသော ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည် အရစ်ကျစနစ်ဖြင့် အိမ်ရာချေးငွေများကို ထောက်ပံ့သွားမည်ဟု သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းဇော်က “၀င်ငွေနည်း လူတန်းစားတွေရဲ့ မိသားစု တစုဟာ သူတို့မိသားစုဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်း စုဆောင်းနိုင်ဖို့တောင် ရုန်းကန်နေရတာကို တွေ့ရတယ်။ ဒါကြောင့် အိမ်ရာ ပိုင်ဆိုင်မှုအပြင် အငှားချ အိမ်ရာ ချထားပေးတာတွေလည်း လိုအပ်ပါတယ်” ဟု ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် အိမ်ရာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် အခိုင်အမာ အိမ်များဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းသည် ခိုင်ခံမှုမရှိသော တဲအိမ်များဖြစ်ကြောင်း တွေ့ရှိရကြောင်း၊ အိမ်ရာပိုင်ဆိုင်မှု အနေဖြင့်လည်း ၆၅ ရာခိုင်နှုန်းသည် အိမ်ပိုင်များဖြစ်ပြီး ၃၅ ရာခိုင်နှုန်း သည် အိမ်ငှားများဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့ပြစီမံကိန်းရေးဆွဲရေး ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင်က “ကျတော်တို့ဆီက လစာတွေက တခြား ကမ္ဘာဘဏ်ရဲ့ စံနဲ့ သတ်မှတ်မယ်ဆိုရင်တော့ အလယ်အလတ် အဆင့်ရှိတဲ့ သူတွေက တန်ဖိုးသင့်တဲ့ အိမ်ယာတွေကို ၀ယ်နိုင်မယ်။ သူတို့ သတ်မှတ်တဲ့ အလယ်အလတ် အဆင့်ဆိုတာက ဒီမှာက ကုန်ဈေးနှုန်းတွေနဲ့က မကိုက်ပါဘူး။ အဲဒီအတွက် အိမ်ရာဝယ်ဖို့ အခက်အခဲရှိတယ်။ ဒါကြောင့် အိမ်ရာ ၀ယ်တာထက် အငှားအိမ်ရာ စနစ်နဲ့လည်း သွားသင့်တယ်” ဟု ပြောသည်။

ပုဂ္ဂလိက ကဏ္ဍမှ တန်ဖိုးမြင့်အိမ်ရာများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရဘက်က ၀င်ငွေနည်း ပြည်သူများနှင့် မြို့ပြဆင်းရဲနွမ်းပါးသူများ အတွက် ယာယီကွန်းခို အိမ်ရာများ စီမံပေးသည့်အချိန်တွင် ၀င်ငွေ အလယ်အလတ်ရှိ သူများအတွက် အိမ်ယာဈေးကွက်သည် ကွက်လပ်တခု ဖြစ်နေကြောင်း ဆောက်လုပ်ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

ရန်ကုန်မြို့တွင် အစိုးရမြေ၊ ပုဂ္ဂလိကမြေပေါ်တွင် ကျူးကျော်နေသည့် နေရေးအခက်အခဲ ရှိနေသူ အရေအတွက်မှာ ခန့်မှန်းခြေ ၄ သိန်းနှင့် ၆ သိန်းကြားတွင် ရှိနေကြောင်း သိရသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service