ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူရာတွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက် သွားမည်ဟုဆို

ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူရာတွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက် သွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
20 Sep 2016 10:23 am တွင် တင်ခဲ့သည်
1305 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ဖော်ဆောင်ရန် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကို တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလတွင် လှိုင်သာယာမြို့နယ်နှင့် သန်လျင်-ကျောက်တန်းမြို့နယ်တွင် ဆောက်လုပ်မည့် တန်ဖိုးသင့်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများအတွက် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို တင်ဒါ ခေါ်ယူနေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။

“၂ နှစ်အတွင်းမှာ တန်ဖိုးသင့်၊ တန်ဖိုးနည်း တိုက်ခန်း စီမံကိန်း ဖော်ဆောင်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တင်ဒါစနစ်နဲ့ခေါ်ယူပြီး ပူးပေါင်းဆောင်ရွက် သွားပါမယ်။ တင်ဒါ ရွေးချယ်တဲ့အခါမှာ လာရောက် လျှောက်ထားတဲ့ ကုမ္ပဏီတွေကို အများ ပြည်သူရှေ့မှာ ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

အိမ်ပိုင်မရှိသူ အစိုးရ ဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်း အိမ်ရာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းကာ တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။

“ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို တင်ဒါ ခေါ်ယူတာ
က ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးဖို့ လိုပါတယ်။ အများပြည်သူအတွက် တန်ဖိုးနည်းအိမ်ရာတွေကို အမှန်တကယ် ဖော်ဆောင်ပေးမယ့် လုပ်ငန်းရှင်လက်ထဲ ရောက်မယ်ဆို ပိုကောင်းပါတယ်”ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းထွန်းလင်းက ဆိုသည်။

၂ နှစ်အတွင်း တန်ဖိုးနည်းတိုက် ခန်းပေါင်း ၈ဝဝဝ ကျော် ဖော်ဆောင်ရန် မြေနေရာ ရရှိထားပြီး စီမံကိန်း ဆောင်ရွက်မည့် နေရာများမှာ သန်လျင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖြစ်သည်။

Credit: The Voice Weekly

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service