သြစတေးလျနိုင်ငံ၊ဆစ်ဒနီကမ်းခြေရှိ နေအိမ်ကြီးတစ်လုံးကို နိုင်ငံသမိုင်းတွင်အများဆုံး စံချိန်တင်ခေါ်ဈေးဖြင့် တရုတ်သန်းကြွယ်သူဌေးများထံ ဆက်သွယ်ရောင်းချလျက်ရှိ

သြစတေးလျနိုင်ငံ၊ဆစ်ဒနီကမ်းခြေရှိ နေအိမ်ကြီးတစ်လုံးကို နိုင်ငံသမိုင်းတွင်အများဆုံး စံချိန်တင်ခေါ်ဈေးဖြင့် တရုတ်သန်းကြွယ်သူဌေးများထံ ဆက်သွယ်ရောင်းချလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
19 Sep 2016 10:19 am တွင် တင်ခဲ့သည်
1033 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးသည် သြစတေးလျတွင် ဈေးအကြီးဆုံးဖြစ်သော နေအိမ်ကြီးတစ်လုံးကိုတရုတ်သန်းကြွယ်သူဌေးများထံဆက်သွယ်ကာ
ရောင်းချလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက်သတင်း
ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကြီးသည် ဆစ်ဒနီမြို့၊ ပင်လယ်ကမ်းခြေတွင်တည်ရှိပြီး သြစတေးလျဒေါ်လာ
သန်း ၈၀ (ကန်ဒေါ်လာ ၆၁ ဒသမ ၇ သန်း) ဖြင့် ဈေးခေါ်ရောင်းချလျက်ရှိခြင်း ဖြစ်သည်။

ခြံဝန်းအကျယ်အ၀န်းမှာ ၁ ဒသမ ၇၅ ဧကရှိပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
မိသားစုတစ်ခုမှ မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး
၁၈၉၁ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ကြခြင်းဖြစ်ကာ အရောင်းဈေးကွက်တင်ကာ ရောင်းထုတ်နေသည်မှာ နှစ်ကာလအတန်ကြာခဲ့ပြီဖြစ်၍ယနေ့တိုင်ရောင်းမထွက်သေးခြင်း
လည်း ဖြစ်သည်။

ယင်းနေအိမ်ကြီးကို ၁၈၆၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၀ိတိုရိယဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကာ ဆစ်ဒနီဆိပ်ကမ်းကို ရှုမျှော်ခံစားနိုင်မည့် လသာဆောင်များစွာ ပါဝင်သည်။
ပိုင်ဆိုင်သည့်မိသားစုမှာ သြစတေးလျတွင် အကြီးမားဆုံးမီဒီယာလုပ်ငန်းပိုင်ရှင်များဖြစ်ပြီး မျိုးဆက် ၄ ဆက် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အဆိုပါနေအိမ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံရန်အတွက်
လျှောက်ထားခဲ့ရာ သြစတေးလျ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သုံးသပ်ရေးဘုတ်အဖွဲ့ (FIRB) က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့မွမ်းမံခြင်းအားဖြင့် နိုင်ငံခြားဝယ်လက်များသို့ ရောင်းချနိုင်မည့်အလားအလာများရှိကြောင်းသုံးသပ်ကာ FIRB က အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

FIRB ၏ ထုတ်ပြန်ချက်အရ တရုတ်ရင်းနှီးမြှုပ်နှံသူတို့သည် သြစတေးလျ အိမ်ခြံမြေကဏ္ဍတွင် ၂၀၁၄ ခုနှစ်၊ ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လအကြား ကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်မည်ဆိုပါက သြစတေးလျတွင် ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်မည် ဖြစ်သည်။

လက်ရှိစံချိန်တင်ထားသည်မှာ ၂၀၁၅ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းရှင် ရှိုချက်ခ်ဝင်းက ဆစ်ဒနီရှိနေအိမ်ကြီးတစ်လုံးကို သြစတေးလျဒေါ်လာ
သန်း ၇၀ (ကန်ဒေါ်လာ ၅၄ သန်း) ဖြင့် ၀ယ်ယူထားမှုပင် ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service