သီလ၀ါဆိပ်ကမ်းတွင် ဆိပ်ခံတံတားနှင့် သိုလှောင်ကန် စခန်းတည်ဆောက်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ ၁၄ခုသို့ လုပ်ကိုင်ခွင့်ချပေးခဲ့သည်မှာ သုံးနှစ်ခန့်ကြာပြီဖြစ်သော်လည်း ကုမ္ပဏီသုံးခုသာ တည်ဆောက်ပြီးစီးခဲ့ ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနက သတင်းထုတ်ပြန် သည်။
ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့်လေ ယာဉ်ဆီများ သိုလှောင်ထိန်းသိမ်း ရေးအတွက် ဆိပ်ခံတံတားနှင့် သို လှောင်ကန်စခန်းများ တည် ဆောက်ရန် ပို့ဆောင်ရေးဝန်ကြီး ဌာနနှင့် လျှစ်စစ်စွမ်းအင်ဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ၂၀၀၃က စတင်၍ တင်ဒါများခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အခြားကုမ္ပဏီများမှာ အ ကြောင်းအမျိုးမျိုးကြောင့် တည် ဆောက်ဆဲနှင့် တည်ဆောက်နိုင် ခြင်းမရှိသည်ကို တွေ့ရသည်။ လက်ရှိအနေအထားကို ၀န်ကြီး ဌာနက ထုတ်ပြန်ထားသော်လည်း လုပ်ငန်းစတင်နိုင်ခြင်းမရှိသည့် ကုမ္ပဏီများကိုအရေးယူခြင်းနှင့်ပတ်သက်၍ ပြောကြားထားခြင်းမရှိပေ။
၂၀၁၃ကစတင်၍ တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများ တွင် ပိတောက်ရွှေဝါ၊ သူရိယစွမ်းအင်၊ ရွှေတောင်၊ International Group of Entrepreneur ၊ Green Asia ၊ New Day စွမ်းအင်ဝန်ဆောင်မှု၊ Apex Gas and Oil Public ၊ မက်စ်မြန်မာ၊ElitePetrochemical၊ မြတ်မေတ္တာမွန်
ဝန်ဆောင်မှု၊ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ၊ Denko၊ Puma Energy(Myanmar) Ltd နှင့် Petrochina International စင်ကာပူကုမ္ပဏီတို့ဖြစ်သည်ဟု အစိုးရ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါကုမ္ပဏီများထဲတွင် Puma စွမ်းအင်ကုမ္ပဏီသည်ဆိပ် ခံတံတားနှင့် သိုလှောင်ဆီကန် တည်ဆောက်ပြီးစီးသဖြင့် ၂၀၁၅တွင် မြန်မာတစ်နိုင်ငံလုံးရှိ လေဆိပ်များ၌ လေယာဉ်ဆီ ဖြန့်ဖြူးတင်သွင်းရောင်းချခွင့်ကို အစိုးရကလုပ်ကိုင်ခွင့်ပေးခဲ့သည်။
သီလ၀ါဆိပ်ကမ်းတွင် ဆိပ် ခံတံတားနှင့် စက်သုံးဆီသိုလှောင် ကန်တည်ဆောက်ရန်တင်ဒါပုံစံတစ်ခုကို အမေရိကန်ဒေါ်လာ ငါးရာဖြင့်ရောင်းခဲ့ရာ ကုမ္ပဏီ ၁၈ခုတင်ဒါဝယ်ယူရာ ၁၄ ခု လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com