အိမ်နီးချင်းတို့နှင့် ပတ်သက်သောဒုက္ခကို လူတိုင်းတွေ့ကြုံဖူးကြသည်။
အောက်ပါတို့မှာ နိုင်ငံခြားတိုင်းပြည်များတွင် အိမ်နီးချင်းတို့နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ရသူတို့၏ ရယ်မောဖွယ် ဖြစ်ရပ်လေးများ ဖြစ်ပါသည်။
တစ်ခါက နေအိမ်တစ်ခုရှေ့ သစ်ပင်တွင် စာတစ်စောင်ရေးကပ်သွားရာ စာတွင် ရေးသားထားသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
“ငါ့အိမ်ရှေ့ မြက်ခင်းပေါ်မှာ မင်းခွေးမစင်လာစွန့်လို့ကတော့ ဒီမှာ မင်းနေနေသမျှကာလပတ်လုံး မင်းအိမ်ရှေ့ ဆင်ဝင်အောက်မှာ ငါတစ်ပတ်တစ်ခါ အီးလာပါမယ်” ဟူသတည်း။
အခြားဖြစ်ရပ်တစ်ခုမှာ နေအိမ်ရှေ့တွင် ရပ်ထားသော ကားမှန်တွင် စာတစ်စောင်နှင့်အတူ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာတန်တစ်ရွက်ကို တိပ်နှင့်လာကပ်ထားသည်ကို တွေ့ရ၏။
စာတွင် ရေးထားသည်မှာ ..
“ဒီမနက် ၃ နာရီလောက်မှာ ခင်ဗျားရဲ့ကားထဲက ဓာတ်ငွေ့တွေကို ကျွန်တော်ထုတ်ယူသွားပါတယ်။ ဓာတ်ငွေ့ဆိုင်တွေပိတ်ထားလို့ပါ။ စိတ်အနှောင့်အယှက်ဖြစ်သွားစေတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ။ ဒီမှာ ပိုက်ဆံတစ်ချို့ ထားခဲ့ပါတယ်။ ..ကျေးဇူးတင်ပါတယ်” ဟူ၍ ရေးသားထားလေသည်။
တစ်ခါက လမ်းမတစ်ခုထိပ်တွင် အိမ်ရောင်းရန်အတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခု ထောင်ထားသည်ကို တွေ့ရလေသည်။
အဆိုပါဆိုင်းဘုတ်ထောင်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ယင်းနေအိမ်ရောင်းမထွက်ခဲ့ဟုဆိုသည်။
ဆိုင်းဘုတ်တွင် ရေးထားသည့် ကြော်ငြာစာသားများကြောင့် ဖြစ်နိုင်ချေရှိသည်ဟု အချို့က ခန့်မှန်းကြသည်။
ဆိုင်းဘုတ်တွင် ရေးထားသည်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
“ပိုင်ရှင်ကိုယ်တိုင် အိမ်ရောင်းမည်။ ရောင်းရသည့်အကြောင်းရင်းကား ကျွန်ုပ်၏ အိမ်နီးချင်းမှာ သောက်ရူးတစ်ယောက် ဖြစ်သောကြောင့်ပင်တည်း”ဟု ဖြစ်လေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)