အစိုးရသစ်သက်တမ်းတမ်းငါးလကျော်အတွင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာ
နှစ်ဘီလီယံကျော်ဝင် ရောက်ကြောင်း
မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှ သတင်း ရရှိသည်။
အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသို့နိုင်ငံခြား
ရင်းနှီးမြှုပ် နှံမှုအ၀င် နည်းပါးလာသည်ဟု
စီး ပွားရေးလုပ်ငန်းရှင်အချို့က ဝေ ဖန်ထားပြီး တည်ငြိမ်သည့် ငွေ ကြေးဈေးကွက် မရှိခြင်း၊ငွေကြေး ဖောင်းပွမှု မြင့်တက်လာခြင်း၊
အစိုးရ၏စီးပွားရေးမူဝါဒတိကျစွာပြဋ္ဌာန်းနိုင်မှုမရှိခြင်း
တို့ကြောင့်ဟုစီးပွားရေးလုပ်ငန်းရှင်အချို့က ထောက်ပြသည်။
ဝန်ကြီးဌာန၊ တိုင်းနှင့်ပြည် နယ် အစိုးရများက စိစစ်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြု လွှာများမှာ အမေရိကန်ဒေါ်လာ သန်း ၁,၈၀၀ ခန့်ရှိပြီး ခွင့်ပြုချက် ချပေးထားသည့်လုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည်
ဒေါ် လာသန်း ၅၀၀ ကျော်ရှိနေ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာန တာဝန် ရှိသူက ပြောကြားသည်။
‘‘ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု က မနှစ်ကနဲ့မကွာဘူး။ အများဆုံး ၀င်နေတာက လုပ်သားအခြေပြု လုပ်ငန်းတွေပါ’’ဟု အထက်ပါ ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြား သည်။
အစိုးရ အပြောင်းအလဲနှစ် ဖြစ်သောကြောင့် ယခုဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မူလ ခန့်မှန်းထားသည့်အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ
ပြည့်မီရန် အခက်အခဲ ရှိနိုင်ကြောင်း လည်း ၎င်းကပြောသည်။
အစိုးရသစ်၏ စီးပွားရေးမူ ၀ါဒနှင့်စီမံခန့်ခွဲမှု အခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် ရေနံ ရှာဖွေတူးဖော်ရေးကဲ့သို့ တန်ဖိုး ကြီးရင်းနှီးမြှုပ်နှံမှုကြီး
များဝင် ရောက်နိုင်ခြေ နည်းပါးကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြောကြားသည်။
အစိုးရသစ်၏ စီးပွားရေး မူဝါဒတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သည့် ယေဘုယျ ဆန်သော ဖော်ပြချက်များသာ
ပါဝင်ခြင်းကြောင့်ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေခြင်းဖြစ်နိုင် ကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက် တာ မောင်မောင်လေးက ပြော ကြားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com